ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့သည့် တောင်သူ ၁ ဉီး၏ ရုပ်အ လောင်း ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် သံဖိုကျေးရွာနေ လားရိုမော အား စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ထားသည့် ရုပ်အလောင်းကို တွေ့ရှိကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF (Kalay – Kabaw – Gangaw) က ယနေ့ ဒီဇင်ဘာလ ၇ ရက်တွင် ထုတ်ပြန်သည်။ပြီးခဲ့သည့် ဒီဇင် ဘာလ ၄ ရက်နေ့က အသက် (၂၄) နှစ်အရွယ် လားရိုမောအား မြစ်သာမြစ် အရှေ့ဖက်ကမ်းရှိ ၎င်း၏ ပဲနီခင်းတွင် ပေါင်းထိုးနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ အိုးမြေထူးရွာသို့ ခေါ်ဆောင်၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ကလေးမြို့နယ် ချောင်းခွရွာသား အသက် (၅၅) နှစ်အရွယ် ငွန်နေထန်း ကို တောင်ဖာဒေသရှိ ၎င်းအ လုပ်လုပ်ကိုင်နေသော ပဲစိုက်ခင်းမှ အိုးမြေထူးရွာသို့ ခေါ်ဆောင်ပြီး မီးရှို့သတ်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) မှ ထုတ်ပြန်ထား သည်။
ယခု မီးရှို့သတ်ဖြတ်ခံခဲ့ရပြီး ကျန်ရစ်သည့် လားရိုမော၏ ရုပ်အလောင်းအား CDF (KKG) မှ သွားရောက် သယ်ဆောင်ကာ ခရစ်ယာန်ထုံးတမ်း အစဉ်အလာနှင့်အညီ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှ ကျေးရွာသား ၁၁ ဦးကို ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က လက်ပြန် ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောဆိုထားသည်။ mizzima