စစ်အာဏာသိမ်းခေါင်းဆောင်၏ သားကိုအောင်ပြည့်စုံက ကြံ့ခိုင်ရေးပါတီကို ငွေလှူ

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သားဖြစ်သူ ကိုအောင်ပြည့်စုံက သေဆုံးထိခိုက်ဒဏ်ရာရရှိသော ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များအတွက် ထောက်ပံ့ငွေလှူဒါန်းကြောင်း ပါတီ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။ကိုအောင်ပြည့်စုံနှင့် ဇနီးဖြစ်သူ မမျိုးရတနာထိုက်တို့က ဒီဇင်ဘာ ၃ ရက်တွင် ကျပ်သိန်း ၅၀ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ပါတီ၏လူမှုကွန်ရက်မှတဆင့်ထုတ်ပြန်ချက်အရသိရသည်။

Mytel ကုမ္ပဏီ၏အစုရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်ပြီး အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီ၊ စကိုင်းဝမ်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ကာ ကန်သာယာဟိုတယ်၊ အဇူရဟိုတယ်နှင့်အခြားသောစီးပွားရေးလုပ်ငန်းများလုပ်ကိုင်လျှက်ရှိသော ကိုအောင်ပြည့်စုံကို အမေရိကန်အစိုးရက မတ် လကတည်းက စီးပွားရေးပိတ်ဆို့ရန်သတ်မှတ်ထားခဲ့သည်။ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း Mytel တာဝါတိုင်များ၏ ၈၈ ရာခိုင်နှုန်းဖြစ်သော တာဝါတိုင်ပေါင်း ၄၀၉ ခုကို စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကဖျက်ဆီးခဲ့ကြောင်း ဒီဇင်ဘာ ၃ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။

အသက် ၃၇ နှစ်အရွယ် ကိုအောင်ပြည့်စုံသည် အာဏာသိမ်းပြီးနောက်ပိုင်း ဖခင်ဖြစ်သူ စစ်ခေါင်းဆောင်၏ နိုင်ငံရေးအကြံပေးအဖြစ်လည်း အ လွတ်သဘောလုပ်ကိုင်နေသည်ဟု ယုံကြည်စိတ်ချရသောသတင်းရင်းမြစ်များအရသိရသည်။အာဏာသိမ်းခေါင်းဆောင်ကိုပြောင်ပြောင် တင်း တင်းထောက်ခံထားသော အငြိမ်းစားစစ်ဘက်အရာရှိများထူထောင်ထားသော ကြံ့ခိုင်ရေးပါတီ၏ ပါတီဝင်များအနက် စစ်တပ်ကိုသ တင်းပေး သည်ဟုစွပ်စွဲခံရကာ သတ်ဖြတ်ခံရမှု အချို့ရှိနေခဲ့ရာက ​သေဆုံးထိခိုက်ဒဏ်ရာရရှိသူများကို ငွေကြေးထောက်ပံ့မှုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ယခင်သမ္မတဟောင်းနှင့် ပြည်ခိုင်ဖြိုးပါတီအကြီးအကဲဟောင်း ဦးသိန်းစိန်ကလည်း ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ကို ဒီဇင်ဘာ ၄ ရက်နေ့တွင် လှူဒါန်းခဲ့သည်ကိုတွေ့ရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s