ဒီပဲယင်းတွင် GALON PDF ရဲဘော် ၃ဦးကျဆုံး

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒီဇင်ဘာလ ၅ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာများ လာရောက်နိုင်သည့် လမ်းကြောင်းများတွင် တိုက်မိုင်းများ ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး GALON PDF ဂဠုန်တပ်တော် (ဒီပဲယင်း) တပ်ဖွဲ့ ရဲဘော် ၃ဦးကျဆုံးခဲ့ကြောင်း GALON PDF တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ကျဆုံးသူ ၃ဦးမှာ ရဲဘော်အေးဇော်ဝင်း ကိုယ်ပိုင်အမှတ်-D00051၊ ရဲဘော်ဇော်ဇော်နိုင် ကိုယ်ပိုင်အမှတ် -D00114နှင့် ရဲဘော်မျိုးမင်းထက် ကိုယ်ပိုင်အမှတ် -D00151တို့ဖြစ်ကြောင်း သိရသည်။

“မနေ့က ညနေ ၅ နာရီ၄၇ မိနစ်လောက်မှာ တပ်မှူးအမိန့်မပါဘဲ ရွာအပြင်ထွက်ပြီး မိုင်းထောင်ကြတာပါ။ တိုက်မိုင်းမလုပ်ဖို့ တားမြစ်ထားပေမယ့် လူငယ်တွေက ထိန်းရခက်ပါတယ်။ ဖြစ်ပျက်သွားပြီဆိုတော့ အပြစ်မဆိုသာပါဘူးခင်ဗျာ။ ကာကွယ်ဖို့ ကြိုးစားရင်း အသက်တွေပေးသွားရတာပါ” ဟု GALON PDF တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s