ရန်ကုန်တွင် PDF က အနီးကပ် လျှပ်တပြက် တိုက်ခိုက်မှုများ ပြန်လည်စတင်ပြီ၊ မြန်မာ နိုင် ငံတစ်ဝန်း စစ်သား ၅၃ ဦးသေဆုံး

မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်တွင် PDF က အနီးကပ် လျှပ်တပြက် တိုက် ခိုက် မှုများ ပြန်လည်စတင်နေပြီဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက် စစ်သား ၅၃ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်က စာရင်းကောက်ယူရရှိသည်။

ကော့မှူးနှင့်ခရမ်းတွင် ရဲ ၆ ဦးသေဆုံး၊ မြောက်ဥက္ကလာပတွင် ပေါက်ကွဲမှုဖြစ်

========================================================

ရန်ကုန်တိုင်းတွင် ယနေ့ ည ကော့မှူးရဲစခန်းနှင့်ခရမ်းမြို့နယ် သစ်တောဂိတ်ကို တိုက်ခိုက်ခဲ့ပြီး ရဲ ၃ ဦးသေဆုံးကြောင်း ရန်ကုန်တိုင်း PDF ကြေညာချက် ထုတ် ပြန်သည်။ ယနေ့ညပိုင်းတွင် ကော့မှူးမြို့နယ်ရှိ ဝါးဘလောက်သောက် ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် ရဲသားနှင့် စစ်သားများကို ဒီဇင်ဘာ ၆ ရက် ယနေ့ညပိုင်းတွင် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ကနဦးစုံစမ်းသိရှိရသည့်အခြေအ နေအရ ရဲသား ၃ ဦး သေဆုံးကာ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အလားတူ ခရမ်းမြို့နယ်၊ သက္ကလဘက်အထွက်ရှိ အကြမ်းဖက် ရဲသားနှင့် စစ်သားများ ပူးပေါင်း တပ်စွဲထားသည့် သစ်တောဂိတ်အား ဒီဇင်ဘာလ ၆ ရက် ယနေ့ ည ၈ နာရီအချိန်ခန့်တွင် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက် သေဆုံးမှုများ ရှိသော်လည်း အသေးစိတ်ဆက်လက်စုံစမ်းဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့တွင်း မြို့နယ် ၄ မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်များ တပ်စွဲရာ နေရာ ၆ ခုကို စစ်ရေးအရ အရေးယူဆောင် ရွက်ခဲ့ရာ လက်ရှိအချိန်အထိ ခရမ်းမြို့နယ်တွင် ရန်သူတပ်သား ၃ ဦး သေဆုံးကာ ၇ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပြီး ကျန်ဖြစ်စဉ်များ၏ ထိခိုက်သေဆုံးမှုများကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံ နှင့် သုနန္ဒာလမ်းဆုံတို့တွင် ယနေ့ ဒီဇင်ဘာလ ၆ရက် ညနေပိုင်းက ဗုံး ၃ လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ညနေ ၄ နာရီဝန်းကျင်တွင် မြောက်ဥက္ကလာပ ကန်သာယာလမ်းဆုံတွင် ဗုံး ၂ လုံးပေါက်ကွဲပြီး ညနေ ၄ နာရီ ၂၀ မိနစ်အချိန်တွင် သုနန္ဒာလမ်းဆုံတွင် ဗုံး ၁ လုံးပေါက်ကွဲကြောင်း သိရှိရသည်။”ဗုံးပေါက်သံတွေက အတော်ကိုကျယ်တယ်။ စစ်ခွေးတွေ ရဲခွေးတွေ အကုန်လုံးလာပြီး ပိတ်ဆို့စစ်ကြတယ်။ စစ်ခွေးရှိတဲ့နေရာကို တည့်တည့်ပေါက်တာ ပထမပေါက်တာက။ ထိခိုက်ဒဏ်ရာရသူရှိလမ့်မယ်” ဟုဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ ဖောက်ခွဲမှုကို Baahubali Ranger အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

မန္တလေးတွင် မိုင်းကွဲ၊ ရဲစခန်းကို ဗုံးဖြင့်ပစ်

===============================

ယနေ့ မွန်းလွဲ ၁ နာရီအချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၆၄)အနီး တံတားတစ်စင်းအောက်ရှိ ရထားသံလမ်းတွင် မိုင်းကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ် MFP က သတင်းဖော် ပြ သည်။ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်ရဲကင်းကိုလည်း ယနေ့ နံနက်၆ နာရီတွင် ဗုံးဖြင့်ပစ်၍ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဘားအံတွင် ဗုံး ၃ လုံးကွဲ

=================

ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်အချိန် ကရင်ပြည်နယ်၊ဘားအံမြို့တွင် ဗုံး ၃ လုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထီးချိုင့်တွင် စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေ၊ PDF တစ်ဦးကျ

=============================================

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် တုံလုံရွာအနီး၌ စစ်ကောင်စီတပ်ယာဉ်ကို မိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် ထိခိုက်ဒဏ်ရာရနိုင်ကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒီပဲယင်းတွင် GALON PDF ရဲဘော် ၃ဦးကျဆုံး

=================================

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒီဇင်ဘာလ ၅ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာများ လာရောက်နိုင်သည့် လမ်းကြောင်းများတွင် တိုက်မိုင်းများ ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး GALON PDF ဂဠုန်တပ်တော် (ဒီပဲယင်း) တပ်ဖွဲ့ ရဲဘော် ၃ဦးကျဆုံးခဲ့ကြောင်း GALON PDF တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

KNU တပ်မဟာ ၆ နယ်မြေတွင် စစ်သား ၃ ဦးသေဆုံး

=======================================

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် (ရေးမြို့နယ်)၊ တောင်အနောက်ခြမ်းရှိ ဘေးလမိုင်းကျေးရွာထိပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၁၀၆ နှင့် KNLA တပ်ရင်း ၁၆၊ တပ်ခွဲ ၄ တပ်ဖွဲ့တို့ကြား ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက် ၉ နာရီကျော်တွင် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးကြောင်း၊ KNLA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

နွားထိုးကြီးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး စစ်သား၂၃ ဦးသေဆုံး

========================================================

မန္တလေး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းသို့ နယ်မြေရှင်းလင်းရန်လာရောက်သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် 27 Revolution Forces နှင့် Natogyi People Defence Force တို့က ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၃ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရကြောင်း 27 Revolution Forces က သတင်းထုတ်ပြန်သည်။

ဒိုက်ဦးတွင် ရဲကားကို ဗုံးဖြင့်ပစ်

===========================

ယနေ့ မွန်းလွဲ ၁၂နာရီကျော်အချိန် ပဲခူးတိုင် ဒိုက်ဦးမြို့ အိမ်ခြေလေးဆယ်ရွာ အမြန်လမ်းဟောင်းပေါ် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးပါ ကားကို ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှု မဖြစ်ဘဲ စစ်သားများ အလုအယက် ခုန်ချကြသဖြင့် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ပခုက္ကူမြို့တွင် လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးတို့ ဗုံးပစ်တိုက်ခိုက်ခံရ

=============================================

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် လျှပ်စစ်မီတာနှင့် ရေမီတာခများကို အတင်းအကျပ် ကောက်ခံနေသဖြင့် မြို့ နယ် လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးတို့အား ဒီဇင်ဘာလ ၅ ရက်၊ နေ့လယ် ၁ နာရီဝန်းက တပြိုင်နက်တည်း ဗုံးဖောက်သတိပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

အရာတော်၊ သလဲဘာကျေးရွာတွင် လက်နက်ကိုင် ပျူစောထီး ၆ ဦးသေဆုံး

=======================================================

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ဘက်ရှိ၊ သလဲဘာကျေးရွာအတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် လက်ပါးစေ ပျူစောထီးတပ်ဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက် ၄ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၆ ဦးသေဆုံးကာ မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။နံနက် ၄ နာရီမှ ၆ နာရီခန့်အထိ ရွာအတွင်း၌ နှစ်ဖက်ပစ်ခတ် တိုက်ပွဲဖြစ်ပွားကြောင်း၊ လက်နက်ကိုင် ပျူစောထီး ၆ ဦးသေဆုံးကြောင်း၊ သလဲဘာရွာခံ ပျူစောထီးအဖွဲ့ခေါင်း ဆောင် တောင်ကြီး၏ နေအိမ်အပါအဝင် ပျူစောထီးပိုင်အိမ်များကို ပြည်သူပိုင်အဖြစ်သိမ်းခဲ့ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင် အားစုက သတင်းထုတ်ပြန်သည်။သလဲဘာကျေးရွာတွင် တပ်စွဲထားသော အင်အား ၅၀ ခန့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို အရာတော်မြို့နယ်တော်လှန်ရေးအင်အားစု ARA မှ ဗိုလ်တိုက်မောင်းတပ်ဖွဲ့၊ ဗိုလ်တင်မောင်တပ်ဖွဲ့၊ MMUPDF၊ GTR (မြင်းမူ)၊ LRG တပ်ဖွဲ့တို့က ဦး ဆောင်တိုက်ခိုက်ခဲ့ပြီး MRA (မြောင်)၊ K.O.R.L တပ်ဖွဲ့၊ M.R.T.F တပ်ဖွဲ့၊ စစ်ကိုင်း ပကဖ တပ်ရင်း ၁ နှင့် အရာတော်တောင်ပိုင်း မဟာမိတ် ၈ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s