မင်းအောင်လှိုင်သမီးပိုင် ရုပ်ရှင်ကုမ္ပဏီ၊ စစ် တပ်ပိုင်Mytelနှင့် မြန်မာဘီယာအပါအဝင် စစ်တပ် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၏ Page များ Facebook က စတင်ဖယ်ရှားပိတ်ပင်

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ပိုင် 7 th Sense Creation ၊ စစ်တပ်ပိုင် မြန်မာဘီယာ၊ စစ်တပ်ပိုင် Mytel ကုမ္ပဏီတို့၏ လူမှုကွန်ရက်စာမျက်နှာများကို ယနေ့မှစတင်၍ Facebook @ Meta က စတင်ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

မင်းအောင်လှိုင်သမီး ၏ ရုပ်ရှင်ကုမ္ပဏီ ၏ လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/7thSenseCreation

စစ်တပ်ပိုင် Mytel ၏ လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/mytelmyanmar

စစ်တပ် ဖက်စပ်မြန်မာဘီယာ https://www.facebook.com/MyanmarBreweryLtd ၏ စာမျက်နှာများ လူမှုကွန်ရက်တွင် လုံး၀ ဖယ်ရှားခံလိုက်ရပြီဖြစ်ပြီး အခြားသော စစ်တပ်နှင့်ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများ၏ လူမှုကွန်ရက် စာမျက်နှာလည်း ဖယ်ရှားနေပြီဖြစ်‌ ကြောင်း သိရှိရသည်။

စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ နှင့် ဆက်နွယ်နေသော လူမှုကွန်ရက် စာမျက်နှာများ၊ အုပ်စုများနှင့် အကောင့်များအားလုံးကို ထပ်မံ ဖယ် ရှား ပိတ်ပင်အရေးယူမည်ဖြစ်ကြောင်း Facebook (ခ) Meta က ယနေ့ထုတ်ပြန် ကြေညာသည်။

စစ်တပ်နှင့် ပတ်သတ်သည့် တားမြစ်ပိတ်ပင်မှုများကို ထပ်မံတိုးမြှင့်သည့်အနေဖြင့် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်း ကိုယ်စားပြု စာမျက်နှာ(Pages)၊ အဖွဲ့(Groups) များနှင့် အကောင့် (Accounts) များကို ယနေ့မှစ ဖယ်ရှားသွားမည်ဖြစ်ကြောင်း Meta က တရားဝင် ကြေ ညာသည်။

ယခုနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့သည့် တပ်မတော်ပိုင်လုပ်ငန်းတွေကို ကြော်ငြာခွင့်တားမြစ်ခဲ့ပြီး နောက်ဆက်တွဲ ပိတ်ပင်အရေးယူမှုဖြစ် ကြောင်း၊ စစ်တပ်က ဆက်တိုက်ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်အကြမ်းဖက်မှုလုပ်ရပ်များအတွက် အဆိုပါ စီးပွားရေးလုပ်ငန်းတွေမှ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုမှာ တိုက်ရိုက်ပါဝင်လျက်ရှိသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းတင်ပြထားသည့် အချက်အလက်များအပေါ် အခြေခံကာ ယခုအရေးယူဆောင်ရွက်မှုကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း Meta က ဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s