ဒုန်းတောတွင် စိတ်မမှန်သူ အသက် ၆၅ နှစ်အရွယ်ဒေါ်ဝင်းရီကို စစ်တပ်က သတ်ဖြတ်သွားပြီး အလောင်းပြန်တွေ့၊ စစ်တပ်၏ သတ်ဖြတ်ခံရသူ စုစုပေါင်း ပြည်သူ ၁၂ ဦးအထိရှိလာ

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာတွင် စိတ်မမှန်သူ အသက် ၆၅ နှစ်အရွယ် ဒေါ်ဝင်းရီကို စစ်တပ်က သတ်ဖြတ်သွားပြီး အလောင်းကို ယနေ့ နံနက်ပိုင်း ယမား တံတားအနီးတွန် ပြန်လည် တွေ့ရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်များက ယမားတံတားနားတွင် ဗုံးပေါက်ကွဲပြီးနောက် ဒုန်းတောကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ကျေးရွာသား ၁၁ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ အလားတူ စိတ်မမှန်သူ အသက် ၆၅ နှစ်အရွယ် ဒေါ်ဝင်းရီကို သတ်ဖြတ်သွားပြီး ယနေ့နံနက်ပိုင်းတွင် အလောင်းတွေ့ရရှိကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“အလောင်းတော့ ပြန်တွေ့တယ်။ ယမားတံတားနားမှာ ။ ဒေါ်ဝင်းရီ သူက စိတ်မမှန်ဘူး။ မနေ့ကတည်းက ပျောက်နေတာ။ ဒီနေ့မှ အလောင်းပြန်တွေ့တာ။ စုစုပေါင်း ပျောက်တာ ၄ ယောက်မှာ ၃ ဦးက အသက်ရှင်လျက် ပြန်တွေ့တယ်။ ဒေါ်ဝင်းကြည်ကတော့ အလောင်းပဲ ပြန်ရတယ်” ဟု အဆိုပါ ဒေသခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း ဒုန်းတောကျေးရွာတွင် စစ်ကောင်စီတပ်များက ကျေးရွာသား ၁၁ ဦးကို ကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားခဲ့သည်။ khit thit