ရန်ကုန်တိုင်း PDF က တွံ့တေး၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊ တိုက်ကြီး၊ မင်္ဂလာဒုံတို့တွင် စစ်သားများ၊ ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးများကို ပစ်ခတ်တိုက်ခိုက်၊ ရဲနှင့်ပျူစောထီးများသေဆုံးပြီး စစ်အရာရှိတချို့ ဒဏ်ရာရ

ရန်ကုန်တိုင်း PDF က တွံ့တေး၊ တောင်ဥက္ကလာ၊ မရမ်းကုန်း၊ တိုက်ကြီး၊ မင်္ဂလာဒုံတို့တွင် စစ်သားများ၊ ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးများကို ပစ် ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ကြောင်း ယနေ့ တရားဝင် ကြေညာချက် ထုတ်ပြန်သည်။ တွံတေးမြို့နယ် ဂတ်ကုန်းကျေးရွာတွင် အ ကြမ်းဖက် စစ်ကောင်စီဘက်မှ စစ်သား ၂၅ ဦးခန့် ပါဝင်သည့် ကင်းလှည့်နေသော စစ်ကားအတွင်းသို့ ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်း တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ ရာ အရာရှိအဆင့် ၁ ဦး နှင့် ရန်သူစစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်ရှိ ရန်သူအကြမ်းဖက်စစ်တပ်၏ ခါးပိုက်ဆောင်တပ် ဖြစ်သော ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးအား ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့် တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီဆေးမှူးဟောင်း၊ ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးအား ဒီဇင်ဘာ ၉ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

မင်္ဂလာဒုံမြို့နယ်၊ ပု လဲမြို့သစ်၊ ပေါင်းကူးဉာဏရပ်ကွက်ရုံးအား ဒီဇင်ဘာ ၉ ရက်နေ့ ၁၂ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်စေတီအနီးရှိ ရဲစခန်းတစ်ခုအား ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲတိုက်ခဲ့ကြောင်း၊ တောင်ဥက္ကလာမြို့နယ် ရဲစခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီအချိန်တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ ရဲ တပ်သား ၁ ဦး သေ၊ ၁ ဦး ပေါင်ပြတ်ပြီး အချို့ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် PDF က ပြောသည်။

အလားတူ မြောက်ဥက္ကလာမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များတွင်လည်း အကြမ်းဖက် စစ် ကောင်စီတပ်များ တပ်စွဲထားရာ နေရာများကို ယနေ့ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် ပြည်သူ့ တော် လှန်ရေးအင်အားစုများ၏ ဆောင် ရွက်ချက်များကိုလည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အလေးအနက် ဂုဏ်ပြုအပ်ကြောင်းရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s