ဒီပဲယင်း ၊ နဂါးတွင်းကျေးရွာတွင် စစ်တပ်က တပ်စွဲပြီးနောက် ပြည်သူ ၃ ဦးကို လက်နောက် ပြန် ကြိုးတုပ်၍ သတ်ဖြတ်သွား



စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ နဂါးတွင်းကျေးရွာတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီးနောက် ယနေ့ ပြန်လည် ထွက်ခွာသွားရာတွင် ပြည်သူ ၃ ဦး၏ သတ်ဖြတ်ခံထားရသော အလောင်းများကို တွေ့ရှိရကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောသည်။
စစ်ကိုင်းတိုင်းဒီပဲယင်းမြို့နယ် နဂါးတွင်းရွာမှ တပ်စွဲထားသော စစ်တပ်များ ယနေ့ ထွက်သွားအပြီးရက်ရက်စက်စက်သတ်ဖြတ်ခံထားရသည့် ပြည်သူများ အလောင်းများကို တွေ့ရှိရကြောင်း သိရှိရသည်။
“ကျနော်တို့ရွာတွေမှာတော့ စစ်တပ်လာရင် ပြေးကြရတာပဲ။ တချို့ အိမ်ကို စိတ်မချလို့ နေခဲ့တာ။ ကျန်းမာရေးမကောင်းတဲ့သူတွေကတော့ မပြေးနိုင်ကြဘူး။ မပြေးရင်တော့ စစ်တပ်လက်ထဲ ရောက် အသတ်ခံရတာတွေ ရှိတော့ စစ်တပ်လာရင် ပြေးဖို့ အားလုံးကို ရွာလူကြီးတွေက မှာထားတာရှိပါတယ်” ဟု ဒီပဲယင်း၊ကျေးရွာသားတစ်ဦးက ပြောဆိုသည်။ khit thit