ရွှေဘိုတွင် လူ ၈ ဦး သတ်ဖြတ်ခံရ ၊ပျူစောထီးလက်ချက်ဟု ဒေသခံများပြော


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာကျေးရွာတွင် လူ ၈ ဦး သတ်ဖြတ်ခံရပြီး ပျူစောထီး လက်ချက်ဟု ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ ရွှေဘိုမြို့နယ်၊ ကျားရွာကျေးရွာတွင် လူ ၈ ဦးကို အမည်မသိ လူတစ်စုက လာရောက် သတ်ဖြတ်သွားကြောင်း ဒေ သခံများထံမှ သိရှိရသည်။”အဲဒီဘက်က ကျေးရွာတွေက NLD ပါတီဝန်းရံထောက်ခံတဲ့ ရွာတွေဗျ။ အဲဒီကျားကျေးရွာကလည်း NLD ပါတီ ထောက် ခံတဲ့ရွာ။ အသတ်ခံရတာတွေကလည်း အရပ်သားတွေပဲ။
PDF ထင်လို့ သတ်သွားတာလားမသိဘူးဗျ။ ပျူစောထီးလက်ချက်လို့ ထင်တာပဲဗျ။ ဒီရက်ပိုင်း ပျူစောထီးတွေ ဆိုင်ကယ်တွေ လက်နက်တွေနဲ့ လှည့်တာများတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အသတ်ခံရမှုကြောင့် သေဆုံးသူ ပြည်သူ ၈ ဦးမှာ ဦးမြင့် အသက် ၆၇ နှစ်၊ ကိုအောင်ခိုင် ၂၇ နှစ်၊ ကိုကျော်ထက်အောင် ၁၆ နှစ်၊ ကိုအောင်မျိုးနိုင် ၂၇ နှစ်၊ ကိုဇင်မင်းထက် ၁၇ နှစ်၊ ကိုမျိုးမြင့် ၂၀ နှစ်၊ကိုဇော်ထက်အောင် ၁၉ နှစ်၊ကို ပြည့် ဖြိုးသူ ၁၇ နှစ်တို့ဖြစ်ကြောင်း သိရသည်။ khit thit