Monthly Archives: Dec 2021

အိမ်မွေးတိရိစ္ဆာန်များအား အစာကျွေးရန် ရွာသို့ပြန်လာသည့် စစ်ဘေးရှောင်များကို စစ်တပ်ကပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာ ဒေသခံစစ်ဘေးရှောင်များသည် နွား၊ ဝက်နှင့် ကြက်စသည့် အိမ်မွေး တိရိစ္ဆာန်များအား အစာကျွေးရန် ရွာသို့ပြန်စဉ် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နေ့လယ် ၁ နာရီခန့်တွင် တိမ်းရှောင်ရာ နေရာမှ ရွာသို့အပြန်တွင် ယင်းသို့ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

“အိမ်မွေး တိရိစ္ဆာန်အစာမစားရတာ ငါးရက်လောက်ရှိပြီ။ အရင်ကတော့ ရွာမှာကျန်နေသေးတဲ့ လူကြီးအချို့က အစာလိုက်ကျွေးထားပေးတယ်။ ခုနောက်ပိုင်း ရွာမှာလူကြီးတွေလည်း သိပ်မရှိတော့တဲ့အခါ နွားတွေနဲ့ ဝက်တွေ၊ ကြက်တွေကို အစာကျွေးမယ့်လူမရှိဘူး။ ဒါကြောင့် အစာပြန်ကျွေးတာ ရွာနားကပ်ရုံရှိသေးတယ် အပစ်ခံရတော့တာပဲ”ဟု ဒုန်းတောရွာသားတစ်ဦးကပြောသည်။

ဆားလင်းကြီးမြို့မြောက်ဘက်ရှိ ဒုန်းတောကျေးရွာတွင် စစ်ကောင်စီတပ်သားများက ဒေသခံပြည်သူ ၁၁ ဦးအား မီးရှို့သတ်ဖြတ်မှု ဒီဇင်ဘာ ၇ ရက်တွင် ဖြစ်ပွားခဲ့သည်။ ထို့နောက် အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ထိုရွာမှ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြပြီး အိမ်မွေး တိရိစ္ဆာန်များအား ရွာတွင်ချန်ထားခဲ့ရခြင်းဖြစ်သည်။

“စစ်သားတွေဘက်က ကင်းပုန်းချထားခဲ့တဲ့ သဘောမျိုးဖြစ်မယ်။ ရွာအနားရောက်တာနဲ့ အပစ်ခံရတာ သူတို့မျက်စိတစ်ဆုံး မြင်တဲ့အထိကို ပစ်ကြတာ ဖရိုဖရဲနဲ့ အကုန်ပြေးကြရတာ”“ဟု ဒုန်းတောကျေးရွာသားတစ်ဦးက ပြောသည်။ထိုပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိ၊မရှိကို မသိရသေးကြောင်း ဒေသခံရွာသားများထံက သိရသည်။ mizzima

ကနီတွင် စစ်ကောင်စီ တပ်ဖွဲ့များ မိုင်းခွဲ တိုက် ခိုက်ခံရကာ ၁၀ ဦးထက် မနည်း သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချမ်းသာစုရွာနှင့် တအုံရွာများကို ဝင်ရောက်မွှေ နှောက်ရန် ခြေလျင်တက်လာသော အင်အား ၄၀ ပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃၀ မိနစ်တွင် KLG PDF (Kani)တပ်ဖွဲ့က မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း KLG PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသညိ ကျောက်စိမ်းများ သယ် ဆောင်လာသည့် စကစရေယာဉ်အုပ်စုတွင် လိုက်ပါလာသူများဖြစ်ပြီး ချမ်းသာစုရွာနှင့် တအုံရွာကြားတွင် ရေယာဉ် ဆိုက်ကပ်စဉ် ကုန်းပေါ်သို့ ခြေလျင် တက်လာသူများ ဖြစ်ကြောင်း သိရသည်။ khit thit

ငြိမ်နေသည့် ရွှေစျေး ကောလာဟလသတင်းများကြောင့် ပြန်တက်

ရန်ကုန်လေဆိပ်ကို ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆိုတဲ့ သတင်းကြောင့် အခေါက်ရွှေတစ်ကျပ်သားကို  ကျပ် ၁၇ သိန်း ၇ သောင်း ၀န်းကျင်မှာ ရက်အတန်ကြာ ငြိမ်နေခဲ့တဲ့ မြန်မာရွှေစျေးဟာ ဒီဇင်ဘာ ဒုတိယအပတ်မှာ ကျပ် ၁၈ သိန်း အထက်ကို ပြန်လည်မြင့်တက်လာပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့  ဒီဇင်ဘာလ ၁၁ ရက် ဒီနေ့ မနက်ပိုင်း စျေးအရ  အကယ်ဒမီ မီးလင်းရွှေအဖွင့်စျေးက တစ်ကျပ်သားကို ၁၈ သိန်း တစ်သောင်းကျပ် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ နေ့လည်ပိုင်းမှာပဲ ကျပ် ၁၇ သိန်း ၉ သောင်း၀န်းကျင်ကို ပြန်ကျဆင်းသွားခဲ့တယ်လို့ ရွေးစျေးကွက်အတွင်းက သိရပါတယ်။

အောက်တိုဘာလနှောင်းပိုင်းကစတင်ပြီး တစ်ကျပ်သားကို ကျပ် ၁၈ သိန်းအောက် ပြန်လည် ကျဆင်းခဲ့တဲ့ မြန်မာ့ရွှေစျေးက ပြီးခဲ့တဲ့ နို၀င်ဘာ လဆန်းပိုင်းမှာ ကျပ် ၁၈ သိန်းအထက်ကို တစ်ကြိမ်ပြန်လည်မြင့်တက်ခဲ့ပေမဲ့ အကြမ်းမျဥ်းအားဖြင့် တစ်ကျပ်သားကို ကျပ် ၁၇သိန်း ၇သောင်း နဲ့ ကျပ် ၁၈ သိန်း အကြားမှာပဲ အတက်စျေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တာပါ။

ရန်ကုန်လေဆိပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ၇က်နေ့က ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆို တဲ့အတည်မပြုနိုင်သေးတဲ့ သတင်းတွေကြောင့် အခုလို ရွှေစျေးရုတ်တရုတ်ပြန်လည်မြင့် တက်ခဲ့တာဖြစ်တယ်လို့ ရွှေကုန်သည် တစ်ဦးက ဆိုပါတယ်။

“ဟုတ်ပါတယ်။ အဲဒီ ကောလဟာလသတင်းတွေကြောင့် တက်လာတာပါ။အခုပြန်ကျသွားပါပြီ” လို့ ရွှေကုန်သည် တစ်ဦးကဆိုပါတယ်။

ပြည်တွင်းမှာငွေစက္ကူသစ်တွေ ရိုက်ထုတ်လာရင် မြန်မာငွေကြေးဖောင်းပွလာမှာဖြစ်ပြီး ကျပ် ငွေတန်ဖိုး ပိုကျဆင်းလာမယ့်စိုးရိမ်စိတ်တွေနဲ့ ရွှေ၊ဒေါ်လာဝယ်လိုအားများလာပြီး ဈေးအတက်ဘက် ရောက်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်  မြန်မာကျပ်ငွေတန်ဖိုး ထိန်းမရအောင် ကျဆင်းခဲ့ပြီး  ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာ ရွှေစျေး ကျပ် ၂၂သိန်းကျော် ထိစံချိန်တင်အမြင့်ဆုံးကို ရောက်ရှိခဲ့ ပါတယ်။  ငွေကြေးစျေးကွက်မှာလည်း ဒေါ်လာစျေး တစ်ဒေါ်လာကို ကျပ် ၂၇၀၀၀န်းကျင်ထိ မြင့်တက်ခဲ့ ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် ဇန်န၀ါရီလက တစ်ဒေါ်လာတန်ဖိုး  ကျပ် ၁၃၅၀ ၀န်းကျင်သာရှိခဲ့ပြီး၊ ရွှေစျေးက တစ်ကျပ်သားကို ကျပ် ၁၃သိန်းသိန်း၀န်ကျင်ပဲ ရှိခဲ့ပါတယ်။

ရန်ကုန်လေဆိပ်ကို ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆိုတဲ့ သတင်းကိုတော့ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက ငွေစက္ကူ ကျပ် ၂ သောင်းတန်နဲ့ ၅ သောင်းတန် အသစ်တွေ ထုတ်ဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။  DVB

ပုလောတွင် စစ်ကောင်စီက ရွာသားများကို လူ သားဒိုင်းအဖြစ် အသုံးချဟုဆို

မြိတ်ခရိုင် ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ဒူရင်းပင်ရှောင်ရွာအတွင်းနှင့် မြို့ဟောင်းရွာ ကျေးရွာအနီးသို့ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ကျူးကျော် ဝင်ရောက်လာရာတွင် ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးချနေသည်ဟု ပုလော ပြည်သူ့ ကာကွယ်ရေးတပ်မတော် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ် အင်အား ၁၀၀ နီးပါးဖြင့် ရွာအတွင်း ဝင်ရောက်လာ၍ ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော)၊ KNUနှင့် PRDF တို့ အဖွဲ့နှင့် ယနေ့နံနက် ၇ နာရီခွဲမှစတင်ကာ ၉ နာရီခွဲအထိ နှစ်နာရီကြာ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ကြောင်း တိုက်ပွဲတွင် လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီ ဘက်မှ သုံးဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ကြောင်း သိရသည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်က ဒေသခံရွာသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် စုစုပေါင်း လူ ၃၀ ဦးခန့်ကို ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး KNU နယ်မြေအတွင်း ဝင်ရောက်လာကြောင်း သိရသည်။”မနက်ပိုင်းကတော့ တိုက်ပွဲပြင်းထန်တယ်၊ သူတို့ဖက်က သုံးဦး ကျသွားတယ်။ အခု နေ့လယ်ပိုင်း တိုက်ပွဲပြန်စဖြစ်တော့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀ ဦးကို လူသားဒိုင်းကာ အနေနဲ့ ပြုလုပ်ထားတော့ ကျွန်တော်တို့အဖွဲ့ ပြန်ပစ်ခတ်ဖို့ ခက်ခဲနေတယ်” ဟု ပုလော ပြည်သူ့ကာကွယ်ရေး တပ်မတော် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့် ရွာသားအချို့ကို ရိုက်နှက်မှုများလည်းရှိကြောင်း အဆိုပါ တာဝန်ခံက ပြောသည်။ ယနေ့ နေ့ လယ် ၃ နာရီခွဲခန့်ကရရှိသည့် သတင်းအရ ဒူးရင်းပင်ရှောင်ရွာတွင် စစ်ကောင်စီမှ တပ်စွဲထားပြီး လက်နက်ကြီး သယ်ဆောင်လာသည့် ယာဉ်များလည်း ရောက်နေသည်ဟု သိရသည်။ mizzima

တနင်္သာရီတိုင်း၊ သရက်ချောင်းနှင့် စစ်ကိုင်း တိုင်း၊ ဝက်လက်တွင် ကျေးရွာများကို စစ်တပ်က မီးရှို့

တနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပေါင်းပြီးနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီနေ့မွန်းလွဲ နှစ်နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်တွေ Vigo ကား လေးစီး နဲ့ အင်အား ၄၀ ဝန်းကျင် ရွာကို ရောက်လာပြီး နေအိမ်တွေကို ရိုက်ဖျက်ပြီးမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နေအိမ် သုံးဆောင်မီးရှို့ခံထားရပြီး လက်ရှိအချိန်ထိမီးလောင်နေဆဲပဲလို့ ဒေသခံတွေကပြောပါတယ်။

“ရွာသူရွာသားတွေ ကြောက်လန့်ပြီး အကုန်ထွက်ပြေးနေရတယ်” လို့ အနီးအနားကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။ နေအိမ်တွေကို မီး ရှို့ဖျက်ဆီးနေတဲ့အချိန်မှာ သေနတ်ပစ်ဖောက်သံတွေလည်းကြားရတယ်လို့ ဆိုပါတယ်။ အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက် ကုန်းကျေးရွာရှိ ကျောက်ကုန်းရွာရှိ NLD ထောက်ခံသူ ဦးသောင်းနိုင်၊ ဦးကျော်လင်းနှင့် ဦးမြင့်သိန်းတို့၏ နေအိမ်များကို ဒီနေ့ မီးရှို့သွားတယ်လို့ ဒေသ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

“ရွာထဲကို ခွေးတွေ ဝင်လာကတည်းက တစ်ရွာလုံးထွက်ပြေးရတယ်။ ခဏနေတော့ ရွာထဲက မီးခိုးလုံးတွေတက်လာတာကို ရွာအပြင်ကနေပဲ မြင်လိုက်ရတာ။ မီးရှို့ပြီး တော်တော်ကြာတဲ့ထိ ဒီကောင်တွေ ရှိသေးလို့ ဘယ်သူမှလည်း ရွာထဲပြန်ဝင်ပြီး မငြှိမ်းနိုင်လိုက်ဘူး။”လို့ ရွာခံတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသသတင်းရင်းမြစ် အရာတော်သတင်းမှန်ပြန်ကြားရေးက သတင်းဖော်ပြပါတယ်။ khit thit

ရေးချောင်းဖျားဒေသရှိ PDF များကို စစ်ကောင်စီတပ်က တောနင်းရှာမည်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု ရေးချောင်းဖျားဒေသ ကေအန်ယူထိန်းချုပ် နယ်မြေမှာ စစ်ကောင်စီတပ်တွေ အခုရက်ပိုင်း PDF တွေကို တောနင်းရှာဖွေမယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက PDF တွေကို တောနင်းရှာဖွေဖို့ရှိတာကြောင့်  ဘယ်သူ့မှ အသွားအလာ မပေးလုပ်ဘူးလို့လည်း ဒေသခံက ပြောပါတယ်။ 

“ခြံတွေမှာလည်း မနေရဲကြဘူး။ ခြံအလုပ်လည်း မလုပ်ရဲကြဘူးဆိုတော့ တချို့  တပိုင်တနိုင် လုပ်သူတွေလည်း ရှိတယ်ဆိုတော့ ဝမ်းစာအတွက် အဆင်မပြေကြဘူး”လို့  ဒေသခံတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်က ကျောင်းရွာရဲကင်းစခန်းနဲ့  ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို PDF တွေ ဝင် ရောက်တိုက်ခိုက်ပြီးနောက် ကျောင်းရွာရဲ့ လုံခြုံရေးကို ပိုမိုတင်းကျပ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒေသခံတဦးက  “ဥယျာဉ်ခြံလုပ်ကိုင်ကြသူတွေ ဖြစ်တော့ သွားလာရေးတွေမှာ အခက်ခဲတွေ ရှိကြတယ်။ အဓိကတော့ ရေးချောင်းဖျားဘက်ရွာက လူတွေ စားနပ်ရိက္ခာတွေ ပြတ်လပ်မှာကို လည်း စိုးရိမ်ရတယ်” ဆိုပြန်ပါတယ်။ 

ရေးမြို့နယ် မြို့အဝင်အထွက်အားလုံး လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်တွေက  ဆိုင်ကယ်နဲ့ ကားတွေကို   ယာဉ်လိုင်စင်နဲ့အတူ  စစ်ဆေးခဲ့တဲ့အပြင် ဒဏ်ရိုက်အရေးယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ DVB

NUG ငွေတိုက်စာချုပ်များကို နိုင်ငံအသီးသီးတွင် ကိုယ်စားလှယ်ထားပြီး ရောင်းချမည်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တော်လှန်ရေး ရန်ပုံငွေအတွက် ရောင်းချနေသော ငွေတိုက်စာချုပ်များကို နိုင်ငံအသီးသီးတွင် အရောင်းကိုယ်စားလှယ်ထားပြီး မကြာမီ စတင်ရောင်းချပေးသွားမည်ဟု NUG ၏ ပြည်တွင်းအခွန်များ ဦးစီးဌာနက ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် ငွေတိုက်စာချုပ်များကို NUG အစိုးရထံမှ တိုက်ရိုက်ဝယ်ယူစရာမလိုဘဲ မိမိရောက်ရှိနေသည့် နိုင်ငံအတွင်းရှိ NUG အစိုးရ ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ်ထံကတစ်ဆင့် ချိတ်ဆက်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

“နိုင်ငံအသီးသီးမှာ ကိုယ်စားလှယ်ထားရှိမည်ဖြစ်ပြီး လွယ်ကူလျှင်မြန်စွာ ဝယ်ယူရရှိနိုင်မည်” ဟု NUG အစိုးရ၏ ပြည်တွင်းအခွန်များ ဦးစီး ဌာနက ကြေညာထားသည်။ ယင်းအပြင် NUG အစိုးရ၏ ငွေတိုက်စာချုပ်များကို မြန်မာပြည်တွင်း၌လည်း မကြာမီ ဝယ်ယူရရှိနိုင်တော့မည်ဖြစ်ပြီး ကေအိုင်အို (KIO) ၏ ငွေကြေးပို့ဆောင်သောစနစ်၊ အုပ်ချုပ်ရေးနှင့် ဘဏ်စနစ်များအတိုင်း Kachin Political Interim Coordination Team (KPICT)နှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ငွေတိုက်စာချုပ် ဝယ်ယူနိုင်မည့်နည်းလမ်းများနှင့် ရောင်းချသွားမည့် အစီအစဉ် အသေးစိတ်၊ စတင်ရောင်းချသွားမည့် နေ့ရက်အား ပြန်လည်ထုတ်ပြန်ပေးသွားမည်ဟု NUG ပြည်တွင်းအခွန်များ ဦးစီးဌာနက ဆိုသည်။ NUG ၏ အထူးငွေတိုက်စာချုပ် ကန်ဒေါ်လာ သန်း ၁,၀၀၀ ဖိုးအ နက် R စီးရီး ပထမအသုတ်အနေဖြင့် ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးကို နိုဝင်ဘာလ ၂၂ ရက်နေ့က စတင်ရောင်းချပေးခဲ့ပြီး ယင်းနေ့တွင်ပင် နာရီပိုင်းအတွင်း အမေရိကန်ဒေါ်လာ ကိုးသန်းဖိုးခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ နှစ်နှစ်သက်တမ်းရှိသော အထူး ငွေတိုက်စာချုပ်များကို ကန်ဒေါ်လာ စုစုပေါင်း သန်း ၁,၀၀၀ ဖိုး ရောင်းချရန် စီစဉ်ထားပြီး ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁,၀၀၀၊ ၅,၀၀၀ တန် စသည့် စာချုပ်ပုံစံ လေးမျိုးဖြင့် ရောင်းချပေးနေခြင်း ဖြစ်သည်။ mizzima

မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီတပ် သားများက အိမ်ဖောက်တွင်းကာ ပစ္စည်းများကို ခိုးယူတင်ဆောင်မှု ဖြစ်ပွား

မန္တလေးတိုင်း၊ မန္တလေးမြို့ ၇၁ လမ်း၊ ၁၀၇ x ၁၀၈ လမ်းကြားတွင် တည်ရှိသည့် နေအိမ်တစ်အိမ်ကို ယနေ့ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အိမ်သော့ဖျက်ကာ အိမ်ရှိပစ္စည်းများကို ယူဆောင်ခိုးယူသွားကြောင်း ရပ်ကွက်အတွင်းရှိ ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ အဆိုပါ နေအိမ်မှာ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဖမ်းဆီးခံလိုက်ရသည့် မောင်အောင်မြင့်မြတ်၏ နေအိမ်လည်း ဖြစ် သည်။

“နေ့လယ် ၁၂ ခွဲကနေ ၁ နာရီခွဲကြားမှာ ကား နှစ်စီး၊ ဆိုင်ကယ် ၆ စီးနဲ့ ကားက လူ ၂ ယောက်စီပါတယ်၊ ဆိုင်ကယ်က ၂ ယောက်စီ ။ အရပ်ဝတ်နဲ့ချည်းပဲ သေနတ်တွေ ပါတယ်။ လမ်းထိပ်ကို ဘယ်သူမှ မဝင်အောင် ပိတ်ရပ်ပြီး အိမ်က ရှိသမျှ အကုန်ယူသွားကြတာ” ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောဆိုသည်။

လက်ရှိအချိန်တွင် မောင်အောင်မြင့်မြတ်၏ မိသားစုမှာ တိမ်းရှောင်နေဆဲဖြစ်ပြီး မောင်အောင်မြင့်မြတ် ဖမ်းဆီးခံရချိန်တွင် လက်နက်များမှ အ ပ စာရင်းထဲရှိ ပစ္စည်းများကို ပြန်ပေးသည် ဆိုသော်လည်း ယနေ့နံနက်တွင် ဝင်ရောက် ဖောက်ထွင်းကာ ခိုးယူသွားခြင်းဖြစ်သည်ဟု မောင်အောင်မြင့်မြတ်၏ အစ်မ ဖြစ်သူက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ “ရပ်ကွက်လူကြီးကို တိုင်တော့ သူက လာကြည့်ပြီး တန်းပြန်သွားတယ်။ ဘေးက လူတွေကို နင်တို့ အသက်မသေချင်ရင် ကိုယ့်ဘာသာနေလို့ ပြောတယ်တဲ့။ ဘာမှ လုပ်မပေးနိုင်ဘူး သူနဲ့ ဘာမှ မဆိုင်ဘူးပြောတယ်။

အိမ် သော့ကို ဖျက်ပြီး အိမ်က ရှိသမျှ အကုန်ခိုးသွားတယ်။ သော့အသစ်ပြန်ခတ်သွားတယ် ပြောတယ်။ ခိုးလို့မရတာတွေ အကုန်ရိုက်ခွဲခဲ့လို့လည်း ပြောသံတွေ ကြားရတယ်” ဟု ၎င်းက ပြောပြသည်။

နေအိမ်ကို သော့ခတ်သွားခဲ့ပြီး သော့လိုချင်ပါက နန်းတွင်းထဲသို့ လာယူရန် ဘေးအိမ်သို့ ပြောသွားကြောင်း၊ နေအိမ်ရှိကားကို မောင်အောင်မြင့် မြတ်ဆက်စပ်အမှုနှင့် လာသိမ်းသည်ဟု ဆိုသော်လည်း အိမ်တွင်းရှိ ပစ္စည်းများ အားလုံးကိုပါ ဖောက်ထွင်းခိုးယူသွားခြင်းဖြစ်ကြောင်း မောင်အောင်မြင့်မြတ်၏ အစ်မ ဖြစ်သူက ပြောကြားသည်။

“ပထမနေ့က မောင်လေးတို့ကို လာဖမ်းတုန်းက မိသားစုတွေ အကုန်ရှိပါတယ်။ အဲတုန်းက အမေ့ရှေ့တင် ပိုက်ဆံ သိန်း ၅၀ ကျော် ၊ Tablet ၊ ဖုန်း၊ ရွှေတွေ အကုန်ခိုးသွားတာ စာရင်းထဲ မထည့်ဘဲ။ သူတို့ ဗိုလ်ကြီး မမြင်အောင် ထိုးထည့်သွားတယ်။ သူတို့ဗိုလ်ကြီး မြင်တဲ့ဟာတွေတော့ ပြန်ပေးတယ် ။ အခုက ထပ်ပြီး အိမ်ကို ဝင်ဖောက်ပြီး ထပ်လာယူသွားတာ ” ဟု ၎င်းက ပြောပြသည်။

မောင်အောင်မြင့်မြတ် အပါအဝင် ကိုခင်မောင်ထွေး၊ ကိုလင်းလင်း၊ ကိုရဲဝင့်ကျော်တို့ လေးဦးကို လက်နက်မှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး လက် ရှိအချိန်တွင် စစ်ကြောရေးသို့ ပို့ဆောင်ထားသည်ဟု သိရှိရသော်လည်း မည်သည့်‌ စစ်ကြောရေးတွင် ဖမ်းဆီးထားသည်ကိုမူ မိသားစုဝင်များ မသိရှိရသေးပေ။ khit thit

နတ္တလင်းမြို့ Silent Strike ကို ဒရုန်းဖြင့်မှတ် တမ်းတင်သူကို စစ်တပ်က ဖမ်းဆီးပြီး သေ နတ်ဖြင့် ပစ်ခတ်

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် Silent Strike မြင်ကွင်းကို ကောင်းကင်ကနေ ဒရုန်းနဲ့ ရိုက်ကူးတဲ့  လူငယ်တယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာ  သေနတ်နဲ့ ပစ်ခဲ့တယ်လို့ နယ်မြေရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ 

ဒရုန်းရိုက်ကူးသူ ကိုဖိုးစိုင်းကို စစ်ကောင်စီတပ်သားတွေက မနေ့ညက သူနေထိုင်ရာအိမ်ကို သွားရောက်ဖမ်းဆီးတာဖြစ်ပြီး ရဲစခန်း စစ်ကြောရေးမှာ အရာရှိ စစ်ဗိုလ်တယောက်က ပစ္စတိုသေနတ်နဲ့ ပစ်ခဲ့တာလို့ ဆိုပါတယ်။

“ညက ဖြစ်တာ နတ္တလင်းရဲစခန်းထဲမှာ သူ့အဖေပါ လိုက်သွားတာ။ သေနတ်နဲ့ ခြေထောက်ကို ပစ်တာ။ တဖက်ကနေ ဖောက်ပြီး နောက်တဖက်ကိုပါ ထိသွားတာ။ ခြေထောက်နှစ်ဖက်လုံး သေနတ်ဒဏ်ရာရသွားတာပေါ့။ ဘယ်ခြေထောက်ကို စထိတာလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူး၊ အခုတော့ ပြည်မြို့က ခုတင် ၁၀၀ စစ်ဆေးရုံကို ပို့ထားတယ်။ အခြေအနေတော့ မသိရသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒရုန်းရိုက်ကူးသူ ကိုဖိုးစိုင်းဟာ အသက် ၂၅ နဲ့ ၃၀ ကြားခန့်ရှိပြီး နတ္တလင်းပန်းခြံကို ဒီဇိုင်း ရေးဆွဲပေးခဲ့သူ ဖြစ်ပြီး နတ္တလင်းမြို့ သာယာလှပရေးအတွက် We Love Nattalin အမည်နဲ့ ပန်းခြံနဲ့ ပရဟိတတွေကို ဦးဆောင်ပြုလုပ်ခဲ့သူတယောက်လည်း ဖြစ်တယ်လို့ သိပါတယ်။ DVB

မြန်မာသည် လူသားချင်း စာနာထောက် ထားမှု အကူအညီများရရှိရေး အခက်အခဲများစွာ ကြုံနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

မြန်မာနိုင်ငံသည် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရရှိနိုင်ရေးတွင် ဆိုးရွားသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကုလ သမဂ္ဂ မြန်မာကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်သည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (၅၀) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် ၎င်းက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အကူအညီများ ပေးအပ်မှုတွင် စစ်တပ်က ပြင်းထန်သည့် ကန့်သတ်မှုများ ချမှတ်ထားသည် ဟု သံအမတ်ကြီးက ဆိုသည်။ စစ်တပ်က အာဏာ သိမ်းထားသ ရွေ့ လုံခြုံစိတ်ချရသည့် မည်သည့် စာနာထောက်ထားမှု အကူအညီကိုမျှ ပေးအပ်နိုင်မည် မဟုတ်ကြောင်းနှင့် လူသားချင်း စာနာထောက်ထားမှု ကူညီ ကယ်ဆယ်ရေးများ အမြန်ဆုံး ရောက်ရှိနိုင်ရန် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အပါအဝင် တခြားနည်းလမ်းများကို ရှာဖွေရမည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ်၌ စစ်တပ်က ပြည်သူ ၁၁ ဦးကို လက်နောက်ပြန် ကြိုးတုပ်ပြီး မီးရှို့ သတ်ဖြတ်ခဲ့ကြောင်းနှင့် ကြည့်မြင်တိုင်မြို့နယ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြ နေသူများကို စစ်တပ်က ကားဖြင့် တိုက်သတ်မှုများကိုလည်း ကုလမျက်နှာစုံညီ အ စည်းအဝေးတွင် ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

စစ်တပ် အာဏာသိမ်းချိန်မှ စ၍ ယခု ဒီဇင်ဘာလ ၆ ရက်အထိ ခန့်မှန်းခြေပြည်သူ ၂၈၄,၇၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသူ ဦးရေ ၁‚၀၀၀‚၀၀၀ မှ ၃‚၀၀၀‚၀၀၀ (ဦးရေ တစ်သန်းမှ သုံးသန်း)အထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မှတ်တမ်းများအရ သိရသည်။

ယင်းအပြင် စစ်အာဏာသိမ်းမှုနှင့် COVID-19 ကပ်ရောဂါကြောင့် မြန်မာပြည်သူဦးရေ ထက်ဝက် နီးပါးသည် လာမည့်နှစ်အတွင်း ဆင်းရဲနွမ်း ပါးမည့် အခြေအနေနှင့် ရင်ဆိုင်ရမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) က ခန့်မှန်းထားသည်။လာမည့် ခြောက်လတာ ကာလအတွင်း မြန်မာပြည်သူ ၂ ဒသမ ၆ သန်းသည် အစားအစာ လိုအပ်ချက် ရှိမည်ဟုလည်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ခန့်မှန်းထားသည်။ mizzima

« Older Entries