အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတနှင့်ဇနီးတို့ အိမ်ထောင်သက် နှစ် ၄၀ ပြည့် မင်္ဂလာအထိမ်းအမှတ် AA က မင်္ဂလာဆုတောင်းသဝဏ်လွှာပို့


အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး ဒူဝါလရှီးလနှင့် ယာယီသမ္မတကြီးကတော် လထော်နန်တောင်တို့၏ (၁၂-၁၂-၂၀၂၁) ရက်နေ့တွင် ကျရောက် သည့် အိမ်ထောင်သက် နှစ် (၄၀) ပြည့်မြောက်သည့် ပတ္တမြားရတု မင်္ဂလာအထိမ်းအမှတ် နေ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ဗဟိုကော်မတီ ပေးပို့လာသည့် မင်္ဂလာဆုမွန် သဝဏ်လွှာအား ဝမ်းမြောက်စွာ လက်ခံရရှိကြောင်းယာယီသမ္မတက သဝဏ်လွှာ ပြန် လည်ပေးပို့သည်။
မင်္ဂလာဆုမွန်သဝဏ်လွှာတွင် ဆုတောင်းထားသကဲ့သို့ ပြည်ထောင်စုမြန်မာတစ်နိုင်ငံလုံး၏ အမျိုးသားလွတ်မြောက်ရေး အောင်ပွဲရယူသွားနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားမဟာမိတ် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ သက်ရှည်ကျန်းမာစွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတွင် အမျိုးသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရေးနှင့် လွတ်လပ်သည့် လူ့အဖွဲ့အစည်းတစ် ရပ် ပေါ်ထွန်းလာရေးအတွက် အာဏာရှင်စနစ် ပြုတ်ကျရေးတော်လှန်ရေးခရီးတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) နှင့်ပါ အတူလက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း အလေးအနက် ကတိပြုရင်း မင်္ဂလာဆုမွန်သဝဏ်လွှာကို ပေးပို့လာသည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (UL A /AA) အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဝမ်းမြောက်စွာဖြင့် ပြန်ကြားအပ်ကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ပြန်ကြားထား သည်။ khit thit