တောင်တွင်းကြီးမြို့မဈေးတွင် စစ်ကောင်စီတပ် ကပစ ၁၈ မှ တပ်ကြပ်ကြီးတစ်ဦးကို ဗိဿနိုးနယ်မြေ PDF က သေနတ်ဖြင့် ပစ်သတ်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ မြို့မဈေးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အတွက် ဈေးလာဝယ်သော ကပစ ၁၈ မှ တပ်ကြပ်ကြီး တစ်ဦးကို ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။မြို့မဈေးတောင်ဘက်နားတွင် သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရပြီး အဆိုပါတပ်ကြပ်ကြီးသည် နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။ khit thit