တန့်ဆည်တွင် မိုင်းခွဲခံရမှုကြောင့် သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုရဲအုပ် စိုးကျော်သူနှင့် ရဲတပ်သား ဇင်ကိုလင်း တို့ကို သဂြိုလ်ပြီးစီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် တန့်ဆည် ပြည်သူ့ရဲဘော်တပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း တန့်တည်ပြည်သူ့ရဲဘော်တပ်ဖွဲ့ TPC က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် ရွာသာယာရွာမှ ပြန် လာသော စစ်ကောင်စီယာဉ်တန်း ကားတစ်စီးနှင့် ဆိုင်ကယ် ၅ စီးကို မှန်ကြိုင်၊ မှန်ရင်း မူးဘောင်အနီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကာ ၁ ဦးမှာ အရေးပေါ် အခြေ အနေဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဖြစ်သည့် တန့်တည်မြို့မရဲစခန်းမှ ဒုရဲအုပ် စိုးကျော်သူနှင့် ရဲတပ်သား ဇင်ကိုလင်း တို့ သေဆုံးသွားကြပြီး ယနေ့ သဂြိုလ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ khit thit