Monthly Archives: Dec 2021

ရေကြည်မြို့နယ် ကုန်းပြင်နယ်မြေရဲစခန်း မီးလောင်

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာရှိ နယ်မြေရဲစခန်းတွင် ယနေ့ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အပြင်ကနေ မီးတုတ်ပစ်ခံရလို့လောင်သလိုလို ၊သူတို့ဖာသာ ဖုန်းအားသွင်းရင်းကနေ ရှော့ဖြစ်ပြီးလောင်သလိုလို တော့ သတင်းတွေမျိုးစုံထွက်နေတယ်။ အပြင်လူတွေကိုတော့ လုံးဝ ဝင်ခွင့်မပေးဘူး။ စကြားကြားခြင်းတော့ သေနတ်သံ ထင်နေတာ၊ နောက်မှ ရဲစခန်းမီးလောင်နေမှန်း သိတာ။ ဝန်ထမ်းတန်းလျားတွေ ပါသွားတယ်လို့ ကြားရတယ်”ဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။

မီးလောင်ပြီးနောက် တစ်နာရီခန့်အကြာတွင် ကုန်းပြင်ကျေးရွာရှိ မီးသတ်များ၏ မီးဝိုင်းဝန် ငြိမ်းသတ်မှုကြောင့် မီးငြိမ်းသွားပြီဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။လက်ရှိအချိန်တွင် ကုန်းပြင်ကျေးရွာရှိ နယ်မြေရဲစခန်းတွင် စစ်ကောင်စီတပ်များရောက်ရှိနေပြီး စစ် ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။ mizzima

လေးကေ့ကော်တွင် စစ်ကြောင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်သား ၂၀ နီး ပါး သေဆုံး၊ စစ်သား ၂၃ ဦး အရှင်ဖမ်းမိထား၊ ဒုဗိုလ်မှူးကြီးထင်လင်းဇော် အပါအဝင် စစ်သားများ ဒဏ်ရာရသူများပြား

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်၊ ယနေ့တိုက်ပွဲတွင် စစ်တပ်တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ် တပ်ဘက်မှ ၂၀ နီးပါးသေဆုံးပြီး ၂၃ ဦးအရှင်ဖမ်းမိကြောင်း လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“တိုက်ပွဲကတော့ ပစ်ခတ်မှုတွေကတော့ ရပ်သွားပါပြီ။ ဒီနေ့တစ်နေ့လုံး စစ်ခွေးတွေဘက်က သေတာ ၂၀နီးပါးရှိပါတယ်။ ဘယ်အဆင့်တွေဆိုတာတော့ အတည်ပြုဖို့ခက်ပါတယ်။ အရာရှိတွေလည်းပါတယ်။ အရှင် ၂၃ယောက်မိပါတယ်။ အဲဒါကတော့ သေချာပါတယ်” ဟု လေးကေ့ကော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လေးကေ့ကော်တိုက်ပွဲထဲတွင် ရှိနေသည့် ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ကလည်း စစ်တပ်စစ်ကြောင်းမှူး၊ တပ်ရင်းမှူး စနိုက်ပါမိ၍ သေ ဆုံးသွားကြောင်း အတည်ပြုပြောဆိုသည်။ “ဒုဗိုလ်မှုးကြီး ထင်လင်းဇော် ပေါင်ဒဏ်ရာရတယ်။ စစ်တပ် စစ်ကြောင်းမှုးသေပါတယ်။ စစ် ကြောင်း မှုး နာမည်မသိသေးဘူး” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာလမ်းခွ၊ ထီးမင်္ဂလာကျောင်းအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် KNLA တပ်မဟာ ၁ တပ် ရင်း ၂ တပ်ဖွဲ့နှင့် သထုံပြည်သူ့ပြောက်ကျားများ TPG၊ သထုံကာကွယ်ရေးတပ်ဖွဲ့ TDO၊ မွန်သထုံအထူးကာကွယ်ရေးတပ်ဖွဲဲ့ MTHSF၊ သထုံမြို့ ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာပြင်းထန်ကြောင်း သထုံပြည်သူ့ပြောက်ကျားများတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ KNLA နှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။ khit thit

လေးကေကော်တွင် KNU နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ BGF များ စစ်ကူရန် ထွက်ခွ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်သည့် လေးကေကော်မြို့သစ်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး မြဝတီမြို့ပေါ်ရှိ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ကို စစ်ကူရန် ထွက်ခွာသွားသည်ကို တွေ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

​​​​​​မွန်းလွဲ ၁ နာရီခန့်က ထွက်ခွာသွားသူများထဲတွင် ကာစီနိုရုံတွင် လုံခြုံရေးယူထားသူများပါဝင်ကြောင်း ထိုသူက ပြောသည်။ 

“ဘယ်ဂိတ်မှာ လူစုမလဲတော့မသိဘူး။ မြဝတီ UK (ကာစီနိုရုံ) ဂိတ်ကတော့ ၈ ယောက်လောက် ထွက်သွားတာ တွေ့တယ်။ ၆၆၉ ဂိတ်က ဗိုလ်သုံးလေးယောက်ပါမယ်၊ ငယ်သားတော့ အတိအကျမသိဘူး” ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်အတွင်း ဒေသခံလက်နက်ကိုင်အဖွဲ့များအချင်းချင်း ယခင်က ညှိနှိုင်းသဘောတူညီမှုများ ရှိခဲ့လင့်ကစား အဆိုပါ BGF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီဘက်က တိုက်ခိုက်မည်ဟု ယူဆရကြောင်း ၎င်းက ဆက်ပြောသည်။

မြဝတီမြို့နယ်ရှိ လေးကေကော်မြို့သစ်ဧရိယာအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)  အဖွဲ့ဝင်များ ခိုလှုံနေထိုင်သည်ဟု စစ်ကောင်စီတပ်က ယူဆပြီး ယမန်နေ့ (ဒီဇင်ဘာ ၁၄) တွင် အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေခဲ့ပြီး ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် လွှတ်တော်အမတ် ဒေါက်တာဝေလင်းအောင် အပါအဝင် လူအချို့ကို ထိုနေရာမှ ဖမ်းဆီးသွားသည်။

ထို့နောက် ယနေ့ (ဒီဇင်ဘာ ၁၅) နံနက် ၁၁ နာရီဝန်းကျင်မှစ၍ စစ်ကောင်စီတပ်နှင့် KNU တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်နေသည်ဟု ထိုနေရာရှိ နေထိုင်သူများထံမှ သိရသည်။ 

“တိုက်ပွဲက ကျွန်တော်တို့နားတင် ဖြစ်နေတာဗျ။ လက်နက်ကြီးတွေကလည်း ကျွန်တော်တို့ဆီပဲ ကျနေတာ၊ တော်တော် ပြင်းပြင်းထန်ထန်ဖြစ်နေကြတာ။ မနက် ၁၀ ခွဲ၊ ၁၁ နာရီလောက်မှာ စဖြစ်ကြတာပဲ၊ နောက်ပိုင်းကျတော့ လက်နက်ကြီးတွေပါ ပါလာကြတာ” ဟု CDM တွင် ပါဝင်ထားပြီး လေးကေကော်မြို့သစ်၌ လာရောက်တိမ်းရှောင်နေထိုင်သည့် ကိုမျိုးကိုခန့်က ဆိုသည်။ 

လေးကေကော်မြို့သစ်တွင် ရှိနေသူများထဲမှ အများအပြားသည် အနီးရှိ KNU စခန်းတွင် သွားရောက်ခိုလှုံနေရပြီး လုံခြုံရေးစိတ်ချရသည့် အနေအထားတွင်ရှိမနေကြောင်း သူက ဆက်ပြောသည်။ 

“တိုက်ပွဲက ဖြစ်နေတုန်းပဲ၊ ကျွန်တော်တို့နားကို လက်နက်ကြီးတွေက ကျနေတယ်။ အခုပုန်းနေတဲ့နေရာမှာ ကျွန်တော်တို့လို လူ ၂၀၀ ကျော်၊ ၃၀၀လောက်တော့ ရှိတယ်ခင်ဗျ”ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် မွန်းတည့် ၁၂ နာရီတွင် ကိုမျိုးကိုခန့်က ပြောသည်။

ယမန်နေ့က လေးကေကော်တွင် ဖမ်းဆီးခံရသူအရေအတွက်မှာ လူ ၃၀ ကျော်၊ ၄၀ နီးပါးရှိကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်များ KNU နယ်မြေ လေးကေကော်မြို့သစ်ကို ဝင်ရောက်ခြင်းမှာ လက်ခံနိုင်ဖွယ်ရာမရှိဟု KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက မှတ်ချက်ပေးသည်။

“စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာပါ။ လူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ကူညီပေးနေတာ ဒီဟာတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် ဒီဥပေဒတွေကို လိုက်နာဖို့လိုပါတယ်” ဟု ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။

ဆက်လက်၍ “ကရင်အမျိုးသားအစည်းအရုံးရဲ့ ရပ်တည်ချက်က ရှင်းရှင်းလင်းလင်းရှိပြီးသားပါ။ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့သူတွေနဲ့ ရပ် တည်မယ်။ ပြီးတော့ ဒုက္ခရောက်လာတဲ့သူကို လူသားချင်းစာနာထောက်ထားမှု ရှုထောင့်ကနေ အကူအညီပေးမယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီကြေညာထားတဲ့အတိုင်း လုပ်ဆောင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။ 

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော လေးကေကော်မြို့သစ်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ တွင် စတင်တည်ဆောက်ခဲ့ပြီး ဒေသလုံခြုံရေးနှင့် အုပ်ချုပ်‌ရေးကို KNU က တာဝန်ယူထားသည်။

လေးကေကော်မြို့သစ်သည် ခုခံကာကွယ်နိုင်သည့် လုံခြုံရေးအရ တည်ဆောက်ထားသည့် ဒေသမဟုတ်သည့်အတွက် စိတ်ချရသည့်ဒေသမဟုတ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) မှ ပြောခွင့်ရ ပဒိုမန်းမန်းက ပြောသည်။

“အမှန်ဆို မနေ့က စဝင်လာကတည်းက ပစ်ရမှာ၊ တိုက်ပွဲကဖြစ်ရမှာဗျ။ ဒီလိုမျိုး ကျူးကျော်စော်ကား မတရားဖမ်းဆီး ခေါ်ဆောင်တာမျိုး လုပ်လာရင်တော့  ပြန်တုံ့ပြန်ရမှာပဲလို့ ပြောချင်တယ်” ဟု ပဒိုမန်းမန်းက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသော KNU နယ်မြေများတွင် စစ်ကောင်စီတပ်၏ နယ်မြေစိုးမိုးရန် ကျော်လွန်ဝင်ရောက်လာမှုများကြောင့် တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အထူးသဖြင့် ဖာပွန်ခရိုင် တပ်မဟာ (၅) နယ်မြေသည် အပြင်းထန်ဆုံးဖြစ်သည်။ 

​​အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်က ၎င်းတို့လက်အောက်ခံဖြစ်သော၊ နယ်မြေနှင့် ဒေသဘာသာစကား ကျွမ်းကျင်သော BGF များကို အသုံးပြုနေသည်။ 

ဩဂုတ်လအတွင်းကလည်း KNU တပ်မဟာ (၆) နယ်မြေတွင် စစ်တပ်က BGF နှင့်အတူ စစ်ရေးလှုပ်ရှားလာ၍ KNLA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်မများသည် KNU တပ်မဟာ (၆) ထိန်းချုပ်ရာနယ်မြေတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆောင်ရွက်နေသော လူငယ်များကို ဝင်ရောက်ရှင်းလင်းရန်ဆိုသော အကြောင်းပြချက်ဖြင့် စစ်အင်အားဖြည့်တင်းရာ ဩဂုတ် ၂၃ နှင့် ၂၄ တွင် တိုက်ပွဲဖြစ်ခဲ့ပြီး ထိုစဉ်ကလည်း စစ်ရေးအခြေအနေတင်းမာခဲ့သည်။

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ KNU/KNLA PC ငြိမ်းချမ်းရေးကောင်စီ၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့သည် ပြီးခဲ့သည့် အနှစ် ၂၀ ကျော်အတွင်း KNU မှ ခွဲထွက်သွားသော အဖွဲ့များဖြစ်သည်။ 

စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်နေသည့် ကရင်လက်နက်ကိုင်များနှင့် ပတ်သက်၍ ” ကျွန်တော်တို့က မူဝါဒအပေါ် မူတည်ပြီးတော့ အ လုပ်လုပ်တဲ့အဖွဲ့အစည်းဖြစ်တော့ အဲဒီမူဝါဒအပေါ် လွန်ဆန်လို့ မရပါဘူး။ ကိုယ့်အမျိုးသားအချင်းချင်းပဲဖြစ်ဖြစ် မူဝါဒအပေါ် ဆန့်ကျင်လာတဲ့အခါမှာ တစ်မျိုးတစ်ဖုံနဲ့ လုပ်ရမဲ့အနေအထားမှာ ရှိပါတယ်။ ဘယ်လိုနည်းဘယ်လိုဟန်နဲ့ လုပ်မယ်ဆိုတာ ကျွန်တော်တို့ စဉ်းစားထားပြီးသားပါ” ဟု ပဒိုစောတောနီးက ပြောသည်။ 

“ဒီကာလဟာ တော်လှန်ရေးကာလ ဖြစ်တာနဲ့အညီ တော်လှန်ရေးဆန်ဆန်၊ နေတတ်၊ သွားတတ်ဖို့ပဲ အလေးအနက်ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကာလဟာ အမြဲ သတိချပ်ရမဲ့ကာလဖြစ်တယ်။ တော်လှန်ရေးသမားတွေဟာ ဘယ်သွားသွားလာလာ သတိရှိဖို့ လိုပါတယ်” ဟု ပဒိုစောတောနီးက ဆက်ပြောသည်။ myanmar now

ဆရာဝန်အရေအတွက်တိုးလိုသည့် စစ်ကောင် စီဥက္ကဋ္ဌ အစီအမံ ပြက်ရယ်ပြုခံရ

အင်္ဂလိပ်၊ ဓာတုဗေဒ၊ ရူပဗေဒ အမှတ်ကောင်းသည့် ဆယ်တန်းအောင် ကျောင်းသားများကို ဆေးတက္ကသိုလ်တက်ရောက်ခွင့်ပြုခြင်းဖြင့် ဆရာဝန်အရေအတွက် တိုးမြှင့်ရန် အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌအစီအမံမှာ စိတ်ကူးယဉ်ဆန်သည်ဟု ဆရာဝန်အသိုင်းအဝိုင်းက ဝေဖန်သည်။

ဆေးတက္ကသိုလ်ကျောင်းဆင်း ဆရာဝန်ဘွဲ့ရသူများ နိုင်ငံ့တာဝန်ထမ်းဆောင်ခြင်းမရှိသဖြင့် နစ်နာနေသည်ဆိုကာ ထိုသို့စီမံမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။​

၁၉၉၅ မှ ၂၀၂၀ အထိ မြန်မာနိုင်ငံဆေးတက္ကသိုလ်အသီးသီးမှ ဆရာဝန်ပေါင်း သုံးသောင်းကျော် ကျောင်းဆင်းခဲ့သော်လည်း တစ်သောင်းဝန်းကျင်သာ တာဝန်ထမ်းဆောင်နေသည်ဟု စစ်ကောင်စီဥက္ကဋ္ဌက ဆိုသော်လည်း စစ်အာဏာသိမ်းမှုကြောင့် အစိုးရဝန်ထမ်းအဖြစ်မှ နုတ်ထွက်သည့်အရေအတွက် ပါမပါကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံအစည်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သုံးဘာသာအမှတ်ကောင်းရုံမျှဖြင့် ဝင်ခွင့်ဖြေဆိုခိုင်းကာ ထောက်ပံ့ကြေးဖြင့် ဆေးတက္ကသိုလ်တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဆရာဝန်ဖြစ်ပါက ၁၀ နှစ်တာဝန်ထမ်းဆောင်ရန်နှင့် နုတ်ထွက်ပါက လျော်ကြေးပေးရမည် ဖြစ်သည်။​

လုံခြုံရေးအရ အမည်မဖော်လိုသူ မန္တလေးဆေးတက္ကသိုလ်ဆင်း အမျိုးသမီးဆရာဝန်တစ်ဦးက အာဏာသိမ်းခေါင်းဆောင်၏ အကြံအစည်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ ဆေးလောကကို အဆင့်နှိမ့်ရန် အငြိုးထားလုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဝေဖန်သည်။​

“သူတို့ (စစ်ကောင်စီ) ပြောတဲ့ပုံစံက ဆရာဝန်တွေများများမွေးထုတ်မယ်၊ နယ်တွေကို အများကြီးလွှတ်နိုင်မယ်ဆိုတာမျိုးပေါ့။ သူတို့ရည်ရွယ်ချက်က အရည်အချင်းမရှိတဲ့ ဆရာဝန်တွေ မွေးထုတ်ပြီးတော့ ဆရာဝန်ဆိုတဲ့ လူတန်းစားတစ်ရပ်ကို ပုံဖျက်ဖို့လို့ပဲ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ဆေးတက္ကသိုလ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊​ တိုင်းနှင့် ပြည်နယ်အလိုက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျန်းမာရေးစနစ် မြှင့်တင်ခွင့်ပေးကာ နိုင်ငံ၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းခဲ့မှုများ အားလုံးရေစုန်မျောသွားလိမ့်မည်ဟုလည်း အထက်ပါ ဆရာဝန်က သုံးသပ်သည်။

“အခု သူတို့လုပ်မဲ့ပုံစံက ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးစနစ် ကောင်းလာစေမှာ မဟုတ်ဘူး။ သူတို့က စစ်တက္ကသိုလ် (DSA) လိုမျိုး ဝင်ခွင့်ဖြေခိုင်းပြီး အရည်အချင်းထက်၊ အရေအတွက်ကို ပိုဦးစားပေးမဲ့ပုံစံ၊ အဲဒါက မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို Failure ဖြစ် (ပျက်သုဉ်း) သွားစေပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ကိုဗစ်တတိယလှိုင်း ကြုံရချိန်တွင်ပင် ၎င်းတို့ကို ဆန့်ကျင်ပြီး CDM တွင်ပါဝင်ကြသည့် ဆရာဝန်အများအပြားကို စစ်ကောင်စီက ဖမ်းဆီး၊ ထောင်ချ၊ ဆေးကုသခွင့်မပြု၍ လူဦးရေထူထပ်သည့် ရန်ကုန်မြို့တွင် ဇူလိုင်လအတွင်း ကပ်ရောဂါဘေးကို ဆိုးရွားစွာရင်ဆိုင်ခဲ့ရပြီး အသေအပျောက်များခဲ့ရသည်။

“ဒီလိုကြုံရတဲ့အခြေအနေမှာတောင် ​ဪ ငါတို့ မတော်မတရားရယူထားတဲ့ အာဏာကို စွန့်လွှတ်လိုက်ရင်ဆိုတဲ့ စိတ်မျိုးမပြောနဲ့။ ပြည်သူတွေ သေနေပြီ ဆရာဝန်တွေကိုတော့ ချော့ပေါင်းမှ ဆိုတာမျိုးတောင် (စစ်ကောင်စီက) မတွေးခဲ့ဘူး။ ဆရာဝန်တွေအပေါ် ငါတို့နဲ့ မပူးပေါင်းရကောင်းလား အစာမကြေတာနဲ့ နိုင်ငံ့ရဲ့ ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ဖျက်ဆီးဖို့ လုပ်တဲ့သဘောပဲ” ဟု လူငယ် အမျိုးသမီးဆရာဝန်တစ်ဦးကလည်း မှတ်ချက်ပြုသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော်လည်း မိသားစုအရေး ငဲ့ကွက်စရာကိစ္စတစ်ခုဖြင့် အစိုးရဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေရဆဲဖြစ်သည်ဟု အဆိုပါအမျိုးသမီးဆရာဝန်က ပြောသည်။ 

ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဆေးမှူးအဆင့်ရှိ အရာရှိတစ်ဦးကမူ စစ်ကောင်စီ၏ အစီအမံမှာ ဆယ်တန်းအောင်လူငယ်များ ဝါသနာပါရာ ဘာသာရပ်ကို ပိုမိုလိုက်စားနိုင်မည့်အခွင့်အလမ်း ပိုရမည်ဟု ဆိုသည်။ 

ဆယ်တန်းတွင် အမှတ်ကောင်းကောင်းရရန် မိမိတို့သားသမီးများကို မိဘတို့က မောင်းနှင်၍ ဆေးတက္ကသိုလ် အတင်းအကျပ်တက်ရောက်စေသည့် ရှေးရိုးစွဲအစဉ်အလာတစ်ရပ် ပပျောက်သွားမည်ဟုလည်း ထိုစစ်ဆေးဆရာဝန်က သုံးသပ်သည်။

“ဝန်ထမ်းသားသမီးတွေ၊ လက်လုပ်လက်စားတွေ၊ အခြေခံလူတန်းစားတွေကတော့ အဲဒီစနစ်ကို လက်ခံမယ်လို့ ထင်တယ်။ (စိတ်မပါဘဲ ဆေးတက္ကသိုလ်တက်ခဲ့ရသည့်) ကျောင်းသားတွေ အသက် ၂၀ကျော်၊ ၂၂ လောက်‌ရောက်ရင် စိတ်ညစ်ကြမယ်။ ကျွန်တော်တို့လိုဖြစ်လာမှာပေါ့။ ဘယ်တော့ထွက်ခွင့်ရမလဲ စောင့်နေပြီး ချောင်းနေရတဲ့ အခြေအနေတွေဖြစ်လာမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည့် ဆရာဝန်အရေအတွက် လျော့နည်းရခြင်းမှာ စစ်အာဏာသိမ်းသည့် ကိစ္စကြောင့် အဓိကဖြစ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ဆရာဝန်များက ဆိုသည်။​

အာဏာမသိမ်းမီက လုပ်ငန်းခွင်၌ ဆရာဝန်အရေအတွက် လျော့ပါးမှုရှိသည်မှာ မှန်သည်ဆိုသော်လည်း ထိုကာလအတွင်း အဓိကပြဿနာမှာ အစိုးရဆေးရုံများ၌ လစာဝင်ငွေ နည်းပါးခြင်းသာဖြစ်သည်ဟု ၎င်းတို့က ထောက်ပြသည်။

ပုဂ္ဂလိကဆေးရုံများတွင် အလုပ်လုပ်နေသူ ဆရာဝန်များ တစ်လလျှင် ကျပ်သိန်းဆယ်ချီ ဝင်ငွေရချိန်တွင် အစိုးရဆရာဝန်များ၏ လစာမှာ ကျပ်နှစ်သိန်းခွဲမှ လေးသိန်းကြားသာရှိသည်ဟု CDM ဆရာဝန်တစ်ဦးက ဆိုသည်။ 

မြန်မာနိုင်ငံ၏ ကျန်းမာ‌ရေးကဏ္ဍအတွက် အသုံးပြုသည့် ဘတ်ဂျက်မှာ နိုင်ငံဘတ်ဂျက်တစ်ခုလုံး၏ ၅ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်၏ အသုံးစရိတ်ကို ကိုးကားပြီး ၂၀၁၇ တွင် ရေးသားထားသည့် ဧရာဝတီသတင်းတစ်ရပ်က ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က လူတစ်ထောင်လျှင် ကျန်းမာရေးဝန်ထမ်း ၂ ဒသမ ၃ ဦး အနည်းဆုံးရှိသင့်ကြောင်း ညွှန်းဆိုထားချိန်တွင် မြန်မာနိုင်ငံ၌ ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ခန့်ထားနိုင်ပြီး အများစုမှာ ရန်ကုန်၊ မန္တလေးနှင့် မြို့ပြဧရိယာများတွင်သာဖြစ်သည်ဟု ဆိုသည်။​

လက်ရှိတွင် ရန်ကုန်၌ ဆေးတက္ကသိုလ် ၂ ခု၊ တောင်ကြီး၊ မန္တလေး၊ မကွေးတို့တွင် တစ်ခုစီရှိပြီး နှစ်စဉ် ဆရာဝန် ၁၅၀၀ ခန့် မွေးထုတ်နေကြောင်း၊ ဆရာဝန့်ဘွဲရပြီး ကျန်းမာရေးကဏ္ဍတွင် လုပ်ကိုင်ခြင်းမရှိသူ ၂၇ ရာခိုင်နှုန်းအထိ ရှိသည်ဟု ဧရာဝတီသတင်းက ဆိုသည်။ 

CDM လှုပ်ရှားမှုတွင် ပါဝင်သဖြင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခံထား၍ တိမ်းရှောင်နေရသူ ဆေးရုံအုပ်အဆင့် ဆရာဝန်ကြီးတစ်ဦးကမူ အာဏာသိမ်းစစ်ခေါင်းဆောင်၏ စိတ်ကူးစိတ်သန်းမှာ အတော်ပင် စိတ်ကူးယဉ်ဆန်သည်ဟု မှတ်ချက်ပြုသည်။

“ဒီကောင်က (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) သူ့အာဏာကို အဲဒီလောက် (ဆေးတက္ကသိုလ်အပတ်စဉ်တစ်ခု ဆင်းတဲ့အထိ) ခံမယ်ထင်နေလို့လား။ စိတ်ကူးယဉ်နေသလိုပဲ။ အဲဒီလောက် အာဏာတည်မယ်ဆိုရင်လည်း တို့နိုင်ငံမှာ သူတို့လက်ချက်နဲ့ ပြည်သူလည်း အကုန်(သေ) ကုန်ပြီ” ဟု ၎င်းက ပြက်ရယ်ပြုသည်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ အရှိန်အဟုန်မြင့်တက်နေချိန်တွင် ရရာလက်နက်ဖြင့် ခုခံနေသူများကို စစ်တပ်က ရေတပ်၊ လေတပ်များပါ အသုံးပြုလျက် အင်အားသုံးတိုက်ခိုက်နေရသည်။ myanmar now

တရုတ် – မြန်မာ ကန်ပိုက်တီ နယ်စပ်ဂိတ် ပြန် ဖွင့်မည်

ကချင်ပြည်နယ်၊ တရုတ် – မြန်မာ နယ်စပ် ကုန်သွယ်ရေးဂိတ် တစ်ခုဖြစ်သည့် ကန်ပိုင်တီဂိတ်ကို မနက်ဖြန် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြန် လည်ဖွင့်လှစ်တော့မည်ဟု ကုန်သည်များထံမှ ကနဦး စုံစမ်းသိရှိရသည်။

အာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင် ကန်ပိုက်တီ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ကျော်ကတည်းက ပြင်ဆင်နေခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်ရန် တရုတ်အစိုးရအဖွဲ့နှင့် ကနဦး ညှိနှိုင်းခဲ့ကြောင်း သိရသည်။

သို့သော် နယ်စပ်ဂိတ် စတင်ဖွင့်လှစ်မည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် တရုတ်အစိုးရဘက်မှ COVID – 19 ကူးစက်ရောဂါကြောင့် နယ်စပ်ဂိတ်ဖွင့်လှစ်ရေးကို ခေတ္တဆိုင်းငံ့ခဲ့သည်။ နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ရေးအတွက် တရုတ်နှင့် မြန်မာနိုင်ငံတို့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပြီးနောက် ဒီဇင်ဘာ လ ၁၆ ရက်တွင် ကန်ပိုက်တီဂိတ်က တစ်ဆင့် မြန်မာပြည်ဘက်မှ ကုန်စည်သယ်ယာဉ်များကို တရုတ်သို့ စတင် စေလွှတ်တော့မည်ဟု ကချင် ပြည်နယ် သီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ကုန်သည်တစ်ဦးက ပြောသည်။

“နယ်စပ် ကုန်သွယ်ရေးဂိတ် ဖွင့်မှာက သေချာပါတယ်။ ကုန်စည်ယာဉ်တွေတောင် ဒီညနေထွက်သွားပြီ၊ နှစ်နိုင်ငံ ညှိနှိုင်းပြီးပါပြီ” ဟု အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက ပြောပြသည်။ ကန်ပိုက်တီ နယ်စပ်ဂိတ်မှ ပထမဆုံး စေလွှတ်မည့် ကုန်စည်သယ် မော်တော်ယာဉ် ၃၀ စီးခန့်ရှိပြီး၊ ယင်းမော်တော်ယာဉ်များတွင် တစ်ရှူးဌက်ပျောကား အများဆုံးဖြစ်ကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။ mizzima

လေးကေ့ကော်မြို့သစ်တွင် ယခုညနေမှစ တင် ၍ တိုက်ပွဲပြန်ဖြစ်၊ စစ်တပ်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA၊ တော်လှန်ရေးတပ်ဖွဲ့များကြား ယနေ့ ဒီဇင်ဘာလ ၁၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

လေးကေ့ကော်မြို့သစ်ကို အကြမ်းဖက် လူသတ် စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ယနေ့ နံနက်ပိုင်းမှစတင်ပြီး မွန်းလွဲပိုင်းတွင် နှစ်ဖက်ပစ် ခတ်မှုများ ငြိမ်သက်သွားခဲ့ကာ အဆိုပါ နေ့လယ်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိ ၁ ဦးအပါအဝင် အနည်းဆုံး ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျနော်တို့သိသလောက်တော့ စစ်တပ်ဘက်က ၆ ဦးသေတယ်။ အဲဒီအထဲမှာ ၂ ဦးက စနိုက်ပါမိတာ။ တချို့ကို အရှင်ဖမ်းမိထားတယ်။ KNU ဘက်က တရား ဝင်ထုတ်ပြန်ချက်တော့ မတွေ့သေးဘူး။ မြေပြင်အနေအထားသိရသလောက်ပါ” ဟု လေးကေ့ကော်သတင်းရင်းမြစ်က ပြော သည်။

လက်ရှိတွင် KNU ဘက်က တရားဝင် ထုတ်ပြန်ချက်မရှိသေးဘဲ KNU တပ်မဟာ ၆ ဘက်ကလည်း တစ်စုံတစ်ရာ အတည်ပြုခြင်းမရှိသေးပေ။khit thit

ချင်း-မကွေးနယ်စပ်တွင် တိုက်ပွဲဖြစ်၍ စစ်ဘေးရှောင် ဦးရေ ၈၀၀ ၀န်းကျင် ထပ်မံ တိမ်း ရှောင်နေရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် မကွေးတိုင်း၊ ကျောက်ထုမြို့နယ် အစပ်တွင် တိုက်ပွဲများ ပြန်ဖြစ်နေ၍ ဒေသခံဦးရေ ၈၀၀ခန့် စစ်ဘေး တိမ်း ရှောင်နေရကြောင်း CDF-မင်းတပ်၏ ပြန်ကြားရေးတာ၀န်ခံ ကိုယောမာန်က မဇ္ဈိမကို ပြောသည်။ ကြည်းရွာ၊ လယ်ဆောရွာနှင့်မယ်လယ်ကုန်းရွာတို့မှ ဒေသခံ စစ်ဘေးရှောင်များက နေထိုင်ရာအနီး ထိတွေ့ တိုက်ပွဲဖြစ်ပွားနေ၍ ထပ်မံ တိမ်းရှောင်နေရကြောင်း ၎င်းကပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နေ့လယ် ၁ နာရီတွင်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသည့် အခြေအနေကို မသိရသေးကြောင်း ၎င်းကပြောသည်။ တိုက်ပွဲများမှာ ဒီဇင်ဘာလ ၁၂ ရက် နေ့လယ် ၃ နာရီတွင် တစ်ကြိမ်၊ ၁၃ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ တွင် တစ်ကြိမ်ဖြစ်ပွားခဲ့ရာ နှစ်ရက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ ဦးခန့် သေဆုံးကြောင်း ၎င်းကဆိုသည် ။

“တိုက်ပွဲမှာ ခန့်မှန်းသေဆုံး ၁၀ ဦးဆိုတာက စစ်ကောင်စီတပ်သား ခန္ဓာကိုယ်တွေ၊ အလောင်းတွေသယ်သွားတာ ကျွန်တော်တို့ မြင်လိုက်သ လောက်ပြောတာပါ။ အဲ့ဒီထဲသေဆုံးတွေရှိသလို မသေသေးဘဲ ဒဏ်ရာရရှိတာလည်း ဖြစ်နိုင်တာမို့ ခန့်မှန်းဆိုပြီးပြောတာပါ။ သူတို့ကို ကျွန် တော်တို့ဘက်က ချုံခိုတိုက်ခိုက်ခဲ့တာ မိုင်းတော့မဆွဲဘူး။ တူမီး၊ခါးချိူးတို့နဲ့ပဲ ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်ကတော့ ၄၀ မမ၊ ၆၀ မမ လက် နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။

ဒီဘက်ကအထိအခိုက် သေဆုံး မရှိပါဘူး ” ဟု ကိုယောမာန်က ပြောသည်။ အဆိုပါ တိုက်ပွဲများတွင် CDF-မင်းတပ်၊ ကျောက်ထု PDFနှင့် ယေ ာမြို့နယ်မှ YPDF တို့ မဟာမိတ်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက‌ ဆိုသည်။ ယခင်တိုက်ပွဲများတွင် စစ်ကောင်စီအင်အား ၇၂ ဦးခြေကျင်ဖြင့် ကျောက်ထုမြို့ဘက်သို့ ဆင်းလာကာ အင်အား ဖြည့်တင်းခဲ့ပြီး ယနေ့တွင် ‌ကျောက်ထုဘက်မှ မယ်လယ်ကုန်းရွာဘက်သို့ စစ်အင်အား ၁၀၀ ကျော် ထပ်မံ ဖြည့်တင်းကာ စစ်ကူရောက်လာကြောင်း၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၁၂ ရက်က လယ်‌ဆောရွာရှိ နေအိမ် ၁၀ အိမ်မှ ရွှေနှင့် ငွေသားများကို စစ်ကောင်စီတပ်က ဖောက်ထွင်းခိုးယူသွားရာ နောက်နေ့ ဒီဇင် ဘာလ ၁၃ ရက် တိုက်ပွဲတွင် သေဆုံးသည့် စစ်ကောင်စီတပ်သားတချို့ထံမှ ပစ္စည်းအချို့ပြန်လည်ရရှိ ကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီတပ်သားများသည် ယနေ့ နံနက်ပိုင်းကလည်း ကျောက်ထု တစ်ဖက်ကမ်း တေးရွာ ဒေသခံ ငါး ဦးကို လမ်းပြခိုင်းကာ ရိုက်နှက် အ ကြမ်းဖက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း CDF-မင်းတပ်ပြန်ကြားရေးတာ၀န်ခံ ကိုယောမာန်က ပြောသည်။ mizzima

ထားဝယ်မြို့နယ် ရေဝိုင်းရွာအနီးတွင် အမျိုး သား ၂ ဦး ပစ်သတ်ခံရ

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ရေဝိုင်းရွာအနီးတွင် စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲခံရသူ အမျိုးသား နှစ်ဦး ယမန်နေ့ ဒီ ဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် သေနတ်​​ဖြင့် ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။

ဒေသခံများက စစ်ကောင်စီ သတင်းပေး ဒလန်ဟု ထင်ကြေးပေးခံထားရသူ နှစ်ဦးဖြစ်သည့် ဦးမြမွေး အသက် (၄၅) နှစ်နှင့် ဦးဇော်မင်းသူ အ သက် (၃၅) နှစ်တို့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ​ညနေ ၅ နာရီခန့်က ရွာထဲတွင် မူးယစ်ဆေးများသွား ယူစဉ် လမ်းတွင် သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း ရွာသား တစ်ဦးက ဆိုသည်။

“ဒီလူ နှစ်ဦးက စစ်ကောင်စီ သတင်းလည်း လုပ်တယ်။ နောက်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်တွေလည်း လုပ်တယ် ဆိုပြီး သတင်းတွေ ထွက်နေတဲ့သူတွေပါ”ဟု ၎င်းကပြောသည်။ထို့အ​​ပြင် ပစ်ခံရသူများ၏ လွယ်အိတ်ထဲတွင် မူးယစ်ဆေးဝါး အများအပြား ပါလာ​ကြောင်းလည်း ရေဝိုင်းရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိတွင် ၎င်းတို့ နှစ်ဦးပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့စည်းမှ လုပ်ဆောင်ခဲ့သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။ mizzima

« Older Entries