ရေကြည်မြို့နယ် ကုန်းပြင်နယ်မြေရဲစခန်း မီးလောင်

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာရှိ နယ်မြေရဲစခန်းတွင် ယနေ့ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“အပြင်ကနေ မီးတုတ်ပစ်ခံရလို့လောင်သလိုလို ၊သူတို့ဖာသာ ဖုန်းအားသွင်းရင်းကနေ ရှော့ဖြစ်ပြီးလောင်သလိုလို တော့ သတင်းတွေမျိုးစုံထွက်နေတယ်။ အပြင်လူတွေကိုတော့ လုံးဝ ဝင်ခွင့်မပေးဘူး။ စကြားကြားခြင်းတော့ သေနတ်သံ ထင်နေတာ၊ နောက်မှ ရဲစခန်းမီးလောင်နေမှန်း သိတာ။ ဝန်ထမ်းတန်းလျားတွေ ပါသွားတယ်လို့ ကြားရတယ်”ဟု ဒေသခံတစ်ဦးက မဇ္စျိမကို ပြောသည်။
မီးလောင်ပြီးနောက် တစ်နာရီခန့်အကြာတွင် ကုန်းပြင်ကျေးရွာရှိ မီးသတ်များ၏ မီးဝိုင်းဝန် ငြိမ်းသတ်မှုကြောင့် မီးငြိမ်းသွားပြီဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။လက်ရှိအချိန်တွင် ကုန်းပြင်ကျေးရွာရှိ နယ်မြေရဲစခန်းတွင် စစ်ကောင်စီတပ်များရောက်ရှိနေပြီး စစ် ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။ mizzima