ကယားပြည်နယ် ၃ နေရာတွင် တိုက်ပွဲဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အရှေ့ခြမ်းမှာ ဒီဇင်ဘာ ၁၆  ရက် ဒီကနေ့ မနက် ၉ နာရီလောက်က   နားကွယ်ရွာနဲ့ ရေကန်ရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ လယ်ကွင်းထဲ ပိတ်မိနေခဲ့လို့  ခမရ ၅၃၀ တပ်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်ပြီး စစ် ကူ ပေးခဲ့တယ်လို့ ကရင်နီတပ်မတော်ကပြောပါတယ်။

ဒီတိုက်ပွဲအတွင်း ကရင်နီတပ်မတော်(KA) ဗိုလ်အဆင့်ရှိသူတယောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ညနေပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ က ရင်နီတပ်သားတွေထံက သိရပါတယ်။

အဆိုပါဒေသကို မနေ့တုန်းက  စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် အနီးအနားကျေးရွာက ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာအုပ်စု ဝမ်လထွား ကျေးရွာမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ စတင်ပစ်ခတ် ထိုးဖောက်ဝင်ရောက်ကာ KNDF တပ်ရင်း ၉ နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲ မိနစ် ၂၀ ခန့်ကြာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က  ၄ ယောက်ထက် မနည်း သေဆုံးခဲ့ပြီး KNDF ရဲဘော်နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တယောက်  ဒဏ်ရာ ပြင်းထန်ကြောင်း KNDF B-09  ပြောခွင့်ရသူက ပြောပါတယ်။ 

“ တိုက်ပွဲက မနက် ၁၀ နာရီလောက်မှာဖြစ်တာ။ ထိခိုက်သေဆုံးတာက စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်းကျပြီးမှ ၅ ဦးထက်နည်း ဒဏ်ရာရတယ်။ ဒါက တိကျမှုနဲ့ မျက်မြင်ကိုယ်တွေ့နဲ့ကိုပြောတာပေါ့နော်။ ကျနော်တို့ လူကလည်း ၂ ယောက်ထိတယ်လေ။ တယောက်က မစိုးရိမ်ရဘူးဆိုပေမယ့် ခြေထောက် နှစ်ဖက်လုံးထိတာပေါ့နော်။ နောက်တဦးကလည်း တော်တော်လေးထိသွားတယ်။ ဒဏ်ရာပြင်းထန်တယ်ပေါ့နော်။”

ဒီးမော့ဆိုမြို့နယ် သဲတောင်ဘက်မှာလည်း ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု မသိရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s