ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များကို ထိုင်းစစ်တပ်က အကာအကွယ်ပေးထား၊ စစ်ဘေးရှောင်များကို ကူညီကြရန် AAC နှိုးဆော်

ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်များ၏ ကျူးကျော်လာမှုကြောင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ထိုင်းနိုင်ငံဘက်သို့ မြန်မာစစ်ဘေးရှောင် ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကာ ထိုင်းစစ်တပ်က ကာကွယ်စောင့်ရှောက်ထားကြောင်း၊ စစ်ဘေးရှောင်များကို ကူညီကြရန် AAC မဟာမိတ်အဖွဲ့မှ ဦးရဲမင်းက ပြောဆိုသည်။
“လေးကေ့ကော်တိုက်ပွဲများကြောင့် စစ်ရှောင်များ ထိုင်းနိုင်ငံဘက်ခြမ်းတွင် လူပေါင်း ၁၀၀၀ ကျော်ခိုလှုံ။ ထိုင်း ဘက်က ယာယီလက်ခံပေးထားပါတယ်။ ယနေ့ လက်ရှိ စားသောက်ရေးအတွက် မဲဆောက် မြို့နယ် ဥက္ကဌမှ တာဝန်ပေးထားသော မဲဆောက်မှ တာဝန်ရှိသူများဖြင့် လက်တွဲ၍ AAC အဖွဲ့မှ အသင့် စားအကြော် အလှော်များ ရိက္ခာများ ပေးပို့ထားပါတယ်။ အရေးပေါ် အနေအထား ဖြစ်တာမို့ ထိုင်းရောက်မြန်မာများ အမြန်ဆုံးဝိုင်းကူပေးကြစေချင်ပါတယ်။
စစ်ရေးအတွက် ကူညီနေရသလို စစ်ဘေး ရှောင်များကိုလည်း ပစ်ထားလို့မရပါဘူး။ စစ်ရှောင်များ စားသောက်ရေးအတွက်စားနပ်ရိက္ခာနှင့် အနွေးထည်၊စောင်၊ခြင် ထောင် အဝတ် အထည်လှူချင်သူများနှင့် လက်ရှိစုဆောင်းထားသူများ အနေဖြင့် AAC ရုံးခန်းနှင့် AAC ဂေဟာသို့ ဆက်သွယ်ပေးပို့ လှူဒါန်းနိုင်ပါတယ်” ဟု ဦးရဲမင်းက ပြောသည်။
ထိုင်းနိုင်ငံထဲတွင် စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိနေပြီး လေးကေ့ကော်အနီး အနားတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေကြောင်း ဒေသကူညီရေးအဖွဲ့များထံမှ သိရှိရသည်။ khit thit