Monthly Archives: Dec 2021

သရက်ချောင်းမြို့နယ် အလယ်စုရွာတွင် အ မျိုးသမီး တစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် အလယ်စုရွာ၌ အမျိုးသမီး တစ်ဦး ယမန်နေ့ညက နေအိမ်တွင် သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။သေဆုံးသူ အမျိုးသမီးမှာ ဒေါ်ကျင်ရွှေ ဆိုသူဖြစ်ပြီး ဒီဇင်ဘာလ ၁၇ ရက် ည ၇ နာရီခန့်တွင် နေအိမ်၌ သေနတ်ဖြင့် အပစ်ခံရခြင်း ဖြစ်သည်။

“အိမ်ရှေ့မှာ ထိုင်နေရင်း ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ဦး ရောက်လာပြီး သေနတ်နဲ့ ပစ်သွားတယ်”ဟု အလယ်စုရွာနေ ဒေသခံ တစ်ဦးက ပြော သည်။ဒေါ်ကျင်ရွှေသည် ကြံ့ခိုင်ရေးပါတီ အားပေး ထောက်ခံသူ အမာခံ တစ်ဦးဖြစ်ကြောင်း ဒေသခံ ရွာသားများက ဆိုသည်။

ယင်းဖြစ်စဥ်ကြောင့် ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် အဆိုပါ ကျေးရွာသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ လူနေအိမ် တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။မီးရှို့ဖျက်ဆီး ခံရသည့် နေအိမ်မှာ ဦးသောင်းဌေး ဆိုသူ၏ နေအိမ် ဖြစ်ပြီး ၎င်းသည် NLD ပါတီ အမာခံ တစ်ဦးဖြစ်သည်ဟု ဒေသခံများက ပြောသည်။ mizzima

မင်းတပ်တွင် စစ်​ကောင်စီက စစ်​ကြောင်းထိုး​နေသည့်အတွက် ရွာသားများစစ်ဘေးရှောင်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ဝမ္မသူးကျေးရွာဘက်ခြမ်းကို စစ်ကောင်စီတပ်များကဆက်လက်စစ်ကြောင်းထိုးနေသည့်အတွက် ၀မ္မသူးရွာနှင့်အနီးဝန်းကျင်ရှိ ကျေးရွာမှပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယမန်နေ့ညက ဘုရားစခန်းရွာ တွင် ညအိပ်နားခဲ့သည့်စစ်ကောင်စီတပ်များသည်ယနေ့နံနက်ပိုင်းတွင် ရွာ၏ မြောက်ဖက်ခြမ်း ကျလှောင်ခင်ရိုးအတိုင်း တောတိုးပြီး ဝုမ်းခုံ၊ မရှိန်းလှော် ၊ ဝမ္မသူးမှ တက်လာနေခြင်းဖြစ်၍ တိမ်းရှောင်ရမှုဖြစ်သည်။ ”ခုလောလောဆယ်တော့ ဝမ္မသူးကျေး ရွာမှာဘယ်သူမှမရှိတော့ဘူး။

ဝမ္မသူးရွာဆိုတာက ရွာကြီးပါ၊ဒီမှာတိုက်နယ်ဆေးရုံလည်းရှိတယ်။ အခုတလောဒီရွာနားကထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ဖျားနားတဲ့သူတွေအား လုံးကဒီတိုက်နယ်ဆေးရုံကိုပဲအားကိုးရတာ၊အခုတော့ ဆေးပစ္စည်းတွေသယ်ပြီးပြေးနေရပြီ။ ဆေးပစ္စည်းတွေကမသယ်လို့လည်းမရဘူးလေ။ အရင်တခါလာတုန်းကလည်းဆေးရုံထဲကဆေးပစ္စည်းတွေဖျက်ဆီးပစ်ခဲ့ကြပြီးပြီ”ဟု စစ်ဘေးရှောင်ရွာသားတစ်ဦးကပြောသည်။

အဆိုပါ စစ်​ကောင်စီ စစ်​ကြောင်းများသည် CDF မင်းတပ် ထိန်းချုပ်နယ်​မြေထဲသို့ ဝင်​​ရောက်လာနိုင်​သည့်အတွက်တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်းကိုလည်း CDF မင်းတပ်အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ mizzima

ပုလဲမြို့နယ်တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦး ကျော်သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၇ ရက်က စစ်ကောင်စီတပ်တွေကို  ၃  ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ  စစ်ကောင်စီဘက်က  ၁၀ ယောက်ကျော် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။

ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီတပ်ကို မနေ့ မွန်းလွဲ နာရီကျော်လောက်မှာ ပုလဲပြောက်ကျားတပ်ဖွဲ့၊ ပုံတောင်တိုက်ဂါးတပ်ဖွဲ့နဲ့ Aung San Force – MPDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်း ၆ လုံး ခွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြီးတော့ ပတ္တလားကွေ့မှာ နေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်က ပုံတောင်တိုက်ဂါးအဖွဲ့နဲ့ ပုလဲ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း မိုင်း ၃ လုံးခွဲတိုက်ခိုက်ပြီး ဒုတိယအကြိမ် တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ညနေ ၃ နာရီလောက်မှာတော့ ဝမ်းဘဲချိုင့်ကျေးရွာအနောက်ဘက်မှာ  အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ပုလဲပြောက်ကျားတပ်ဖွဲ့နဲ့ ပုံ တောင်တိုက်ဂါးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်း ၆ လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ၃ ကြိမ်တိုက်ခိုက်ခဲ့တာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံး၊ အများအပြား ဒဏ်ရာရပြီး ပြည်သူ့ကာ ကွယ်ရေးတပ်တွေဘက်က ထိခိုက်ဒဏ်ရာရတာမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ DVB

သန်လျင် PDF စခန်းကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၊ ၃ ဦး ဖမ်းဆီးခံရပြီး ၂ ဦး သေ ဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ခရမ်းရေထိန်းတံခါး အနီး၊ လဟာရပ်ရွာအနီးရှိ သန်လျင် ပြည်သူ့ကာကွယ်ရေး တပ် PDF စခန်းအား ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက် မနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ခဲ့သည်။ အဆိုပါ စီးနင်းမှုတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးကာ၊ သုံးဦး ဖမ်းဆီးခံခဲ့ရကြောင်း ဆိုသည်။

“သူတို့အင်အားက တော်တော်များတယ်၊ စခန်းကို ဒလန်က သတင်းပေးလိုက်တာ၊ လိုက်တောင်ပြသေးတယ်။ အင်အားခြင်းမမျှလို့ ကျဆုံးခဲ့ရတယ်၊ ယောကျ်ားလေး နှစ်ယောက် မိန်းခလေး တစ်ယောက် ဖမ်းဆီး ခံလိုက်ရတယ်၊ နှစ်ယောက်က ကျဆုံးသွားတယ်” ဟု အဆိုပါအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

ကျဆုံးသူနှစ်ဦးမှာ အခြားတပ်ဖွဲ့ဝင်များ လွတ်မြောက်ရေးအတွက် ခုခံပစ်ခတ်ခဲ့ပြီးနောက် ကျဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။ အ ဆိုပါ စီးနင်းမှုအတွင်း ဖမ်းဆီးခံရသူများနှင့် ပတ်သက်သည့် အခြေအနေ အသေးစိတ်ကိုမူ လတ်တလော မသိရသေးပေ။ mizzima

KNLAနှင့် တိုက်ပွဲများတွင် စစ်အရာရှိ ၆ ဦးထက်မနည်းသေဆုံးပြီးနောက် စစ်ကောင်စီက အင်အား ဖြည့် ထိုးစစ်ဆင်လာ၊ လေးကေ့ကော်အပါအဝင် မြ၀တီနေရာတချို့တွင် တိုက်ပွဲများ ဖြစ်ပွားနေ

ကရင်ပြည်နယ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး လေးကေကော်မြို့သစ် ကို စစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ် တပ်က ထပ်မံအင်အားဖြည့်ကာ ထိုးစစ်ဆင်လာကြောင်း၊ လေးကေ့ကော်အပါအဝင် မြ၀တီမြို့နယ်တချို့နေရာများတွင် ယနေ့ တိုက်ပွဲများ ပြန်လည်ဖြစ် ပွားနေကြောင်း စစ်ရေးသတင်းရပ်ကွက်များထံမှ သိရှိရသည်။

ယနေ့ နံနက်ပိုင်း ဘားအံမှ သံချပ်ကာ ကား ၂ စီးအပါအဝင် စစ်ယာဉ်တန်း ၁၄ စီး မြ၀တီဘက်သို့ ဆင်းလာနေ ကြောင်း၊ တောင်ငူမှ စစ်ရ ဟတ်ယာဉ် ၂ စီးလည်း ပျံသန်းသွားပြီး ဘားအံဘက်သို့ ဦးတည်နိုင်ကြောင်း ဒေသခံများက ပြေ ာဆိုကြသည်။ “အခု လေးကေ့ကော်မှာ တိုက်ပွဲပြန်စနေပြီ။ လေးကေ့ကော်မြို့ပေါ်ကို လေ ယာဉ်တွေလည်း ဝဲနေတယ်။ ဒီနေ့ သူတို့ဘက်က လေကြောင်း သုံးနိုင်တဲ့ အခြေအနေရှိတယ်လို့ သုံး သပ်မှုတွေရှိတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်သော စစ်ကြောင်းတစ်ခုလည်း ကရင်ပြည်နယ်ဘက်သို့ ထွက်ခွာလာပြီး ကော့ကရိတ်တွင် ခေတ္တရောက်ရှိနေကြောင်း၊ ကော့ကရိတ်ဘက်တွင် စစ်အင်အားအများအပြားတိုးချလာကြောင်း၊ မြ၀တီဘက်သို့လည်း စစ်အင်အားများ တိုးချဲ့လာနေကြောင်း စစ်ရေးသတင်းရပ်ကွက်အတွင်းမှ သိရှိရသည်။

“စစ်တပ်ဘက်က လေးကေ‌ကော်ဘက်ကိုပြန်ဖိဖို့ ကုန်း ကြောင်း၊ လေကြောင်း ပြင်နေတာပဲ” ဟု စစ်ရေးသတင်းရပ်ကွက်ကဆိုသည်။ ဒီဇင် ဘာလ (၁၅)ရက်တိုက်ပွဲတွင် စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး ၊ ဒုတိယဗိုလ်မှူး ကြီး ထက်လင်းဇော်တို့ကျဆုံးခဲ့ပြီး ဗိုလ်ကြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ၊ ဒီဇင် ဘာ ၁၆ ရက်နေ့ အာရှလမ်းမ တိုက်ပွဲတွင် ခမရ- ၅၅၆ တပ်ရင်းမှူး နိုင်နိုင်လွင် တပ်ရင်းမှ ခမရ- ၅၅၆ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ ဒု- တပ်ခွဲမှူးတို့ အပါအဝင် ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် စစ်တပ်ဘက်မှ အရာရှိ သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိမှု ၆ ဦးရှိနေပြီး တပ် သားများမှာမူ ၃၀ ကျော်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရပ်ကွက်များထံမှ အတည်ပြုချက်ရရှိထားသည်။ khit thit

မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် သမိုင်းတလျှောက် အဆိုးဆုံးအခြေအနေကို ရောက်နေ

ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကို စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ သမိုင်းတလျှောက် အဆိုးဆုံးအခြေအနေကို ရောက်နေပြီလို့ ပြည်တွင်းမှာ သတင်းရယူနေတဲ့ ဓာတ်ပုံသတင်းထောက်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်နဲ့ ကိုဇော်ထွန်းတို့ နှစ်ဦးကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့ လသာမြို့နယ်မှာ ဖမ်းဆီးသွားခဲ့တာပါ။ တနိုင်ငံလုံး ငြိမ်သက်သပိတ် အခြေအနေကို ရန်ကုန်မြို့တွင်း ဓာတ်ပုံရိုက်ယူခဲ့တဲ့အတွက် သူတို့နှစ်ယောက်ကို စစ်ကောင် စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ရက်ပိုင်းအကြာမှာ စစ်ကြောရေးမှာ ကိုစိုးနိုင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ခုလို စစ်ကြောရေးမှာ သတင်းထောက်ကို သေဆုံးတဲ့အထိ ရိုက်နှက်စစ်ဆေးခဲ့တဲ့ အခြေအနေဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အ ခြေအနေနဲ့ တိုက်ရိုက်အချိုးကျနေပြီး သမိုင်းတလျှောက် အဆိုးဆုံးအခြေအနေဖြစ်တယ်လို့ ပြည်တွင်းမှာ သတင်းရယူနေတဲ့ ဓာတ်ပုံ သတင်း ထောက်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီက အရပ်ဝတ်ထောက်လှမ်းရေးတွေကိုပါ လူထုအတွင်း ဖြန့်ထားပြီး တော်လှန်ရေး လူငယ်တွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးဖို့ အချိန်ပြည့် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံသတင်းထောက်တစ်ဦးက “အခုက ဘယ်လိုလဲဆိုတော့ လမ်းတွေမှာ စစ်ကောင်စီတပ်တွေက လျှောက်သွားနေတယ်၊ ပိုဆိုးတာက စစ်ကောင်စီ ထောက်လှမ်းရေးတွေတွေ၊ အရပ်ဝတ်တွေကလည်းရှိနေတော့ မလုံခြုံဘူး။ မလုံခြုံတဲ့ အပြင် အဆင်မပြေရင် စစ်တာ၊ အရပ်ဝတ်နဲ့ပါစစ်တာ၊ ကျနော်တို့က မြေပြင်မှာ သတင်းယူမယ်ဆိုရင်၊ ဓာတ်ပုံရိုက်မယ်ဆိုရင်တောင် ကင်မရာယူသွားဖို့ တော်တော်အခက်အခဲရှိတယ်” လို့ပြောပါတယ်။  

ဒီဇင်ဘာ ၅ ရက်နေ့၊ ကြည့်မြင်တိုင်သပိတ်ကို စစ်ကောင်စီက ကားနဲ့တိုက်၊ ပစ်ခတ် အကြမ်းဖက် ဖြိုခွင်းတုန်းကလည်း Myanmar Press Photo Agency ရဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့ ဗွီဒီယိုသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ လက်ရှိအချိန်အထိ တပ်မတော် ခုတင် ၅၀၀ ဆေးရုံမှာ တင်ထားရပြီး မိသားစုနဲ့ တွေ့ခွင့်မရကြသေးပါဘူး။ စစ်ကောင်စီက သတင်းသမားတွေကို အကြမ်းဖက် အနိုင်ကျင့်နေတာတွေကြောင့် ပြည်တွင်းက သတင်းသမားတွေဟာ သတင်းဆက်လက်ရယူဖို့ ခက်ခဲနေကြပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ တဖက်သတ်သတင်းအမှားတွေ ပိုအားကောင်းလာအောင် သတင်းမှန်ရယူ တင်ဆက်သူတွေကို အကြမ်းဖက်အနိုင် ကျင့်တာလို့ Myanmar Press Photo Agency အယ်ဒီတာတစ်ယောက်က ဝေဖန်ပါတယ်။

MPA အယ်ဒီတာ ကိုဂျေပိုင်က “ ဓာတ်ပုံထွက် မရိုက်ရဲအောင် ဖမ်းဆီးပြတယ်။ သတ်ပြတယ်။ အဓိကဘာလဲဆိုတော့ ဒီလောက်ဖမ်းဆီးနေ ဖိနှိပ်နေတဲ့ ကြားထဲက သတင်းသမားတွေ၊ သတင်းဓာတ်ပုံရိုက်တဲ့သူတွေဟာ သပိတ်တွေ၊ ဆန္ဒပြပွဲတွေ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ဟာတွေ ဗီဒီယိုဓာတ်ပုံရိုက်ကျ၊ သတင်းဓာတ်ပုံရိုက်ကျတာတွေ ဆက်တိုက်ရှိနေသေးတယ်ဆိုတော့၊ အဲဒါတွေကို ထိန်းချုပ်ဖို့အတွက် အဆိုးဆုံးနည်းလမ်းတွေသုံးပြီး ကြောက်အောင် သူကလုပ်နေတာ” လို့ပြောပါတယ်။ 

ပြည်သူတွေရဲ့ သတင်းအချက်အလက်ရယူခွင့်ဟာ လူ့အခွင့်အရေးစံညွှန်းတွေအရ မဖြစ်မနေ ရယူခွင့်ရှိတဲ့ အခွင့်အရေးဖြစ်ပြီး စစ်ကောင်စီက ကန့်သတ်ခြိမ်းခြောက် တားမြစ်နေတာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီက ကန့်သတ်ခြိမ်းခြောက်တားမြစ်တာထက်ပိုတဲ့ အသက်သေဆုံးတဲ့အထိ အနိုင်ကျင့် သတ်ဖြတ်တာကတော့ လူမဆန်မှုဖြစ်တယ်လို့ ဆိုပါတယ်။

Synergy လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့မှ  ကိုသက်ဆွေဝင်းက “ပြည်သူတွေကို သတင်းပေးပိုင်ခွင့်နဲ့ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်က ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းမှာ အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ လူတွေကို သတင်းအမှောင်ချပြီးတော့ သတင်းပေးပိုင်ခွင့်၊ သတင်းသိပိုင်ခွင့်တွေကို မပေးတော့ခြင်းဟာ ရှေရှည်မှာ အမှောင်လွှမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင်လို့ ပြန်ပြီးတော့ ရည်ရွယ်နေတာကို မြင်ရတယ်။ အင်မတန်ကို လူမဆန်တဲ့ ကိစ္စကတော့ပေါ်တယ်။  မီဒီယာသမားတွေအတွက်ကတော့ အရမ်းကို ခက်ခဲတဲ့ အခြေအနေကို ကြုံနေရတာ ကျနော်တို့ နားလည်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ သတင်းသမားတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က အပြင်းအထန် ကန့် ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လတ်တလောအချိန်အထိ သတင်းသမား ၅၇ ယောက်အထိ စစ်ကောင်စီက ဖမ်းဆီးထားပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်မရှိဆုံးနိုင်ငံတွေက တနိုင်ငံဖြစ်တယ်လို့လည်း RSF က ကြေညာထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မတ်လထဲမှာ ဒီဗွီဘီအပါအဝင် သတင်းမီဒီယာ ၅ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပြီး လက်ရှိအချိန်အထိ စုစု ပေါင်းသတင်းဌာန ၉ ခုကို သတင်းမှန် ရေးသားဖြန့်ဝေခွင့် ကန့်သတ်ခဲ့ပါတယ်။ khit thit

ပလက်ဝမြို့နယ်တွင် အမည်မသိ လူတစ်စုက ရွာသားများကို ဖမ်းဆီးပစ်ခတ်၊ ၆ ဦးသေ ၁ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ စိုးနီကနောင်ကျေးရွာမှ လူခုနစ်ဦးကို အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျေးရွာအပြင်ဘက်တွင် သေနတ်ဖြင့်ပစ်ရာ ခြောက်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) (CDF Paletwa) မှ ယမန်နေ့ ဒီဇင်ဘာလ ၁၇ရက်တွင် ထုတ်ပြန်သည်။ “သူတို့က မျက်နှာဖုံးစွပ်တွေနဲ့ ရွာထဲဝင်လာပြီး လူတွေကို နာမည်စာရင်းနဲ့ ခေါ်ထုတ်သွားပြီး ရွာအပြင်မှာ ပစ်သတ်ထားခဲ့တာ” ဟု CDF Paletwa မှ ပြောခွင့်ရှိသူ ပေါလ် Paulကပြောသည်။

ဒီဇင်ဘာလ ၁၆ ရက် ညနေ ၄ နာရီခန့်တွင် မျက်နှာဖုံးစွပ်ထားသော လက်နက်ကိုင် လူငါးဦးမှ ရွာအတွင်းသို့ဝင်လာပြီး ရွာသား လေးဦးနှင့် ကုမ္ပ ဏီဝန်ထမ်း သုံးဦး စုစုပေါင်း ခုနစ်ဦးအားဖမ်းဆီခေါ်ဆောင်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ စိုးနီကနောင်ရွာမှ ရွာသား သုံးဦး ယင်းရွာတွင် ဆေးလာဝယ်သည့် အခြားရွာသားတစ်ဦးနှင့် ယခင်အစိုးရလက်ထက်တွင် ကျောင်းဆောက်လုပ်ရေး လုပ်ငန်း တင် ဒါရထားပြီး လုပ်ငန်းမပြီးပြတ်သဖြင့် လုပ်ကိုင်နေသော ကုမ္ပဏီမှ ဝန်ထမ်း သုံးဦးတို့ဖြစ်သည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသူသည် ဆမီးမြို့တွင်ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး CDF Paletwa နှင့် ပြည်သူများအကြား အထင်လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်သည့်အပြင် လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် လူမဆန်စွာသတ်ဖြတ်ခဲ့သော လူပုဂ္ဂိုလ် အဖွဲ့အစည်းအား စုံစမ်းစစ်ဆေးကာ ပြင်းပြင်း ထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအပေါ် အပြည့်အဝ တာဝန်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

CDF Paletwa သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း စစ်မှန်သော ဖက်ဒရယ်ဒီမိုကစီ ပေါ်ပေါက်ရေးနှင့် ဖက်ဒရယ်တပ်မတော် ထူထောင်ပြီး သည်အထိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် ပလက်ဝမြို့နယ်ကို အခြေပြုဖွဲ့စည်းထားသော ချင်းလဲန်ကာကွယ်ရေးတပ် ဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြသည်။ mizzima

မင်္ဂလာ မန္တလေးအိမ်ရာအတွင်း ကျပ်သိန်း ၃၀၀၀ ဖိုးခန့် ဓားပြတိုက်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းပေါ်ရှိ မင်္ဂလာ မန္တလေးအိမ်ရာဝင်း မြေညီထပ်ရှိ ကုမ္ပဏီတခုမှာ ဒီဇင်ဘာ ၁၇ ရက် ညနေ ၄ နာရီဝန်းကျင်က ဓားပြမှုတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မတ်(စ်) တပ်ထားကြတဲ့ အမည်မသိအမျိုးသားလေးဦးဟာ လက်နက်တွေကိုင်ဆောင်ပြီး ကုမ္ပဏီရဲ့ ငွေထုတ် ငွေသွင်းနေရာကနေ အိတ်နဲ့ထည့်ထားတဲ့ ငွေကျပ်သိန်း ၃၀၀၀ ကို ယူဆောင်သွားတာလို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။

မြို့သစ် (၁) ရပ်နေ ပြည်သူတစ်ဦးက “မနေ့ကတော့ မင်္ဂလာမန္တလေးမှာ ညနေပိုင်း စစ်သားတွေရော အရပ်ဝတ် လက်နက်ကိုင်တွေရော အကုန်ရှိနေတာတွေ့တယ်။ ဓားပြတိုက်သွားတာလို့လည်း ကြားတယ်။ အစက တော်လှန်ရေးမှာ ပါသူတွေ လာဖမ်းတယ်ထင်နေတာ” လို့ ပြောပါတယ်။

ဓားပြတိုက်မှုနဲ့ ပတ်သက်လို့ ကျူးလွန်သူတွေကို ဖမ်းဆီးရမိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ နေရာအနှံ့ စစ်ကောင်စီတပ်သားတွေ လှည့်လည်နေတဲ့အပြင် လမ်းဆုံ လမ်းခွတွေမှာ ပိတ်ဆို့တားဆီးစစ်ဆေးတာတွေ လုပ်နေကြပေမယ့် ခိုးဆိုးလုယက် လုပ်ငန်းတွေ တစ်နေ့ထက် တစ်နေ့တိုးလာကြပါတယ်။

စစ်ကောင်စီတပ်သားတွေ လှည့်လည်တာ၊ လမ်းဆုေလမ်းခွတွေမှာ ပိတ်ဆို့တားဆီး စစ်ဆေးတာတွေဟာ ခိုးဆိုးလုယက်မှုတွေ ဖော်ထုတ်ဖို့ထက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာပါတဲ့ လက်နက်မဲ့ ပြည်သူတွေကို ဖမ်းဆီးဖို့ကို လုပ်ဆောင်နေတာလို့ မြို့ခံတချို့က သုံး သပ်ကြပါတယ်။ DVB

ထိုင်းနိုင်ငံအတွင်းသို့ စစ်ကောင်စီ၏ လက် နက်ကြီးကျည် ကျရောက်၍ ထိုင်းတပ်မတော်က မြန်မာစစ်တပ်ကို သတိပေး ပစ်ခတ်၊ စစ်ကောင်စီလက် နက်ကြီးကျည်ထိ၍ စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၃ လုံးသည် ထိုင်းနိုင်ငံ နယ်နမိတ် သောင်းရင်းမြစ်ကမ်းဘေး ၂၄ ဂိတ်သို့ ကျရောက်ပြီး စစ်ဘေးရှောင် မြန်မာ နိုင်ငံသားတစ်ဦး အပြင်းအထန်ဒဏ်ရာရသဖြင့် ထိုင်းတပ်မ တော်က သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရပ်ကွက်က ပြောသည်။

“မနေ့က ညနေက ထိုင်းနိုင်ငံဘက်ခြမ်း ၂၄ ဂိတ်ထဲသို့ အမြောက်ကုန်းမှ စစ်ကောင်စီ တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ မြန်မာနိုင်ငံသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပါတယ်။ ထိုင်းဘက်ကလည်း ချက်ချင်း မီးခိုးဗုံး နှစ်လုံး မြန်မာဘက်ခြမ်း အမြှောက်ကုန်းကို သတိပေးပြန်လည်ပစ်ခတ်ပါတယ်။

အမြှောက်ကုန်းအနီး မိတာအနည်းအကွာတွင် ကျရောက်ခဲ့ပြီး အမြောက်ကုန်းပေါ် မှ ယနေ့ လက်နက်ကြီး ပစ်ခတ်ခြင်း မရှိသေးပါ” ဟု ထိုင်း AAC အဖွဲ့မှ ဦးရဲမင်းက ပြောသည်။

ယမန်နေ့က မြန်မာစံတော်ချိန်ညနေ(၅)နာရီကျော်တွင် မြန်မာဘက်မှ ပစ် လိုက်သော ကျည်(၃)လုံး ထိုင်းဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် မြဝတီမြို့ မဲ့ထော်သလေး တစ်ဖက်ကမ်းထိုင်းဘက်ခြမ်း(၂၄)ဂိတ်ရှိ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရာခဲ့ရာတွင် အဆိုပါ ဒဏ်ရာရ လူနာအား ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက မဲဆောက်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ khit thit

« Older Entries Recent Entries »