ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်ကောင်စီ ထောက်ပို့ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ မြင်းခြံတွင် မိုင်း ၁ဝဝ စစ်ဆင်ရေးဖြင့် စစ်ကား ၁စီး စတင်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး

ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်ကိုင်းတိုင်းသို့ တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ ယာဉ်၄စီးပါ ထောက်ပို့ ယာဉ်တန်းကို ရွာသာကြီးအနီးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၉နာရီ ၅၅မိနစ်ခန့်၌ မြင်းဖြူရှင် ပျောက်ကြားတပ်ဖွဲ့ က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေ အနေကို မသိရှိရသေးကြောင်း မြင်းဖြူရှင် ပျောက်ကြားတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရသော ယာဉ် ၄စီးအနက် ၃စီးမြောက်ရှိ ကားသမား ဆက်လက် မောင်းနှင်းနိုင်ခြင်းမရှိသောကြောင့် ၄စီးမြောက်ယာဉ်မှ လူ၁ဦးဖြင့် လူစားထိုးကာ ဆက်လက် မောင်းနှင်သွားကြောင်း သိရသည်။အလားတူ မန္တလေးတိုင်း မြင်းခြံမြို့နယ် မြင်းခြံ-နဘူးအိုင်ကားလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၁စီးကို Zero ပြောက်ကျားတပ်ဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် မိုင်း ၁ဝဝ စစ် ဆင်ရေးဖြင့် ပဒေသာ မိုင်းဆွဲကာ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဦးသေဆုံးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s