Monthly Archives: Dec 2021

မြန်မာအာဏာသိမ်းစစ်တပ်နှင့် စစ်ဘက်ဆိုင် ရာ အဆက်အဆံဖြတ်တောက်ရန် ဂျပန်ကို HRW တိုက်တွန်း

မြန်မာအာဏာသိမ်းစစ်တပ်၏ အရာရှိလောင်းများကို လေ့ကျင့်သင်တန်းပေးသည့် စစ်ဘက်ဆိုင်ရာ ပရိုဂရမ်တစ်ခုကို ရပ်ဆိုင်းပြီး မြန်မာစစ် တပ်နှင့်အကြား စစ်ဘက်ဆိုင်ရာ အဆက်အဆံများ ဖြတ်တောက်ရေးအတွက် ဂျပန်နိုင်ငံကို နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HR W) က ဒီဇင်ဘာ ၂၀ ရက်တွင် တိုက်တွန်းလိုက်သည်။

မြန်မာတွင် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဂျပန်သည် အကူအညီသစ် ပေးအပ်မှု ရပ်ဆိုင်းထားပြီး မြန်မာစစ်တပ် အကြမ်းဖက်မှု ရပ်တန့်ရေးအတွက် တောင်းဆိုထားခဲ့သည်။ သို့သော် စီးပွားရေး အရေးယူပိတ်ဆို့မှုကဲ့သို့သော ပိုမိုအားကောင်းပြင်းထန်သည့် လုပ်ဆောင် ချက်များလုပ်ဆောင်ရေး ဂျပန်ကို လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုထားကြသည်။

ဂျပန်သည် မြန်မာ့ဒီမိုကရေစီကို ယင်း၏ အားပေးထောက်ခံမှုနှင့် မြန်မာ၌ တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အားထုတ်မှုများနှင့်အ ကြား ဟန်ချက်ညီစေရန် ကြိုးပမ်းထားခဲ့ကြောင်း တာဝန်ရှိသူများနှင့် အကဲခတ်များက ပြောကြသည်။

မြန်မာနှင့် ဂျပန် တို့တွင် ပညာရေးဆိုင်ရာ ဖလှယ်မှု ပရိုဂရမ်တစ်ခု ရှိပြီး ယင်းပရိုဂရမ်အောက်တွင် မြန်မာအာဏာသိမ်းစစ်တပ်မှ အရာရှိလောင်း ရှစ်ဦးသည် ဂျပန်၏ အမျိုးသားကာကွယ်ရေးအကယ်ဒမီတွင် ပညာသင်ယူလျက် ရှိသည်။

မြန်မာအာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြတ်တောက်မည့် လုပ်ဆောင်ချက်တိုင်းက မြန်မာတွင် တရုတ်၏ သြဇာ ပိုအားကောင်းစေမည့် ရလဒ် ထွက်သွားနိုင်ကြောင်း မတ်လက ဂျပန်ကာကွယ်ရေးဒုဝန်ကြီးက ရိုက်တာကို ပြောခဲ့သည်။

“မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီ တပ်တွေက ပြည်သူတွေအပေါ်မှာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေချိန်မှာ မြန်မာအာဏာသိမ်းစစ်တပ် အရာရှိလောင်းတွေကို စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုတွေ ဂျပန်ဘက်က ပေးအပ်နေတာကတော့ မတွေးတတ်အောင် ဖြစ်ရပါတယ်” ဟု HRW က ထုတ်ပြန်သည်။

ပြည်ပနိုင်ငံများမှ စစ်ဗိုလ်လောင်းများအတွက် ပညာရေး ဖလှယ်မှု ပရိုဂရမ်တွင် ဂျပန် ဗိုလ်လောင်းများ သင်ယူသည့် တူညီသော သင်တန်းများကို သင်ကြားပေးကြောင်း အကယ်ဒမီ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ ယင်း ဂျပန် အမျိုးသားကာကွယ်ရေးအကယ်ဒမီတွင် မြေပြင်တိုက်ခိုက်ရေးမှ စပြီး အခြေခံ ကွပ်ကဲ၊ စစ်ဆင်ရေး ဆောင်ရွက်မှုအထိ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ရှိသည်။

အမျိုးသား ကာကွယ်ရေးအကယ်ဒမီကို စီမံခန့်ခွဲနေသည့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက HRW ၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်းပြီး မှတ်ချက်ပေးခြင်း မရှိသေးပေ။

မြန်မာအာဏာသိမ်းစစ်တပ်နှင့်အကြား စီးပွားရေး ဆက်ဆံပတ်သက်မှုများနှင့်ပတ်သက်ပြီး ထုတ်ဖော်ဖွင့်ချမှုများက တိုကျိုနှင့် ဂျပန်ကုမ္ပဏီများအတွက် ဖိအားများ ပိုမိုကျရောက်စေနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

မြန်မာစစ်တပ်သည် ရွေးကောက်ပွဲ မဲမသမာမှုကို အကြောင်းပြပြီး နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖြတ်ချကာ အာဏာသိမ်းခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များ၏ လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁,၃၀၀ ကျော် သေဆုံးထားခဲ့ပြီဖြစ် ကြောင်း လွတ်လပ်သော လေ့လာစောင့်ကြည့်သူများက ပြောကြသည်။ mizzima

မလေးရှားသို့ သွားမည့် မြန်မာနိုင်ငံသား ၃၀ ကျော် ထိုင်းတွင် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၃၀ ကျော်သည် ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲတွင် ထိုင်းနိုင်ငံ ရနောင်း နယ်စပ်ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။

တရားမဝင် နယ်စပ် ဖြတ်ကျော်သည့် မြန်မာနိုင်ငံသား အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး သုံးဦး စုစုပေါင်း ၃၄ ဦး သည် မလေးရှားနိုင်ငံသို့ အ လုပ် သွားရောက် လုပ်ကိုင်ရန် ထိုင်းနိုင်ငံ ရနောင်း နယ်စပ်ဂိတ်မှ တစ်ဆင့် တောလမ်းမှ ခိုးဝင်စဉ် ထိုင်း နယ်စပ်လုံခြုံရေး အထူးစစ်ဆေးရေး အဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသား ၃၄ ဦး သည် တစ်ဦးလျင် ပွဲခ ဘတ် ၃၀၀၀၀ ပေးပြီး ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရသည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်၍ တရားမဝင် ဝင်ရောက်မှုများကို ကာကွယ် တားဆီးနိုင်ရန် အတွက် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။ mizzima

လေးကေကော်တွင် စစ်တပ်က အလောင်းလာကောက်ပြီးနောက် တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်အနီးတွင် စစ်တပ်က အလောင်းလာကောက်ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၁၉) နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ တိုက်ပွဲများပြင်းထန်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နီးစပ်သည့် ဒေသခံတစ်ဦးနှင့် စစ်ရှောင်တစ်ဦးထံမှ သိရသည်။ 

လေးကေကော်မြို့သစ်အနီး မယ့်ထော်သလေးရွာ၌ သေဆုံးရုပ်အလောင်းများကောက်ရန် နံနက် ၉ နာရီဝန်းကျင်တွင် စစ်တပ်က ဆက်သွယ်၍ ခွင့်ပြုချက်တောင်းခံရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ခွင့်ပြုပေးခဲ့သည်။

နံနက် ၁၀ နာရီခန့်တွင် မယ့်ထော်သလေးရွာမှ စစ်သားအလောင်း ၆ လောင်းကို လူနာတင်ကားနှစ်စီးဖြင့် လာရောက်သယ်ယူသွားပြီးနောက် စစ်တပ်က လက်နက်ကြီးများ စတင်ပစ်ခတ်ကာ ချက်ချင်းထိုးစစ်ဆင် တိုက်ခိုက်သည်ဟု အမည်မဖော်လိုသူ ထိုဒေသခံက Myanmar Now ကို ပြောသည်။​ 

“ကားပြန်ထွက်သွားပြီးတော့ ချက်ချင်းတက်လာတာပဲ။ ထိုးစစ်ဆင်တာ။ ကျွန်တော်တို့က ထိုးစစ်မဆင်ပါဘူး။ သူတို့ ထိုးတက်လာလို့ ခုခံပစ်တာ။ အလောင်းကောက်ပြီး ကားပြန်လွန်တာနဲ့ ပစ်တာ။ အခုနလေးတင် (ပစ်ခတ်သံ) ရပ်သွားတယ်” ဟု ယနေ့ ညနေ ၄ နာရီခွဲအချိန် ဆက်သွယ်မေးမြန်းရာတွင် ၎င်းက ပြောသည်။

စစ်တပ်က လက်နက်ကြီးပစ်ကူ အားကိုးလျက် နယ်ခြားစောင့်တပ် (BGF) နှင့် ပူးပေါင်းကာ အင်အား ၂၀၀ ခန့်ဖြင့် မယ့်ထော်သလေးရွာသို့ ထိုးစစ်ဆင်ချီတက်လာသဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနက ရေးသားထားသည်။ 

ယနေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိမရှိအခြေအနေကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ KNU ကလည်း ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။ 

သို့သော် မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြား ယနေ့ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက် မှ ၉ ဦးသေဆုံးသည်ဟု အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။​ ထို့ပြင် ၆၀ မမ တစ်လက်၊ MA1 (၄) လက်၊ Sniper (၂) လက်၊ ပစ္စတို (၂) လက်  စုစုပေါင်းလက်နက် ၉ လက် သိမ်းဆည်းရမိခဲ့သည်ဟုလည်း NUG က ဆိုသည်။​

သိမ်းဆည်းရမိသည့် လက်နက်များတွင် ပစ္စတိုပါသဖြင့် စစ်ကောင်စီဘက်မှ သေဆုံးသူများတွင် အရာရှိပါနိုင်ကြောင်း၊ အသေးစိတ်ဆက်လက်ထုတ်ပြန်မည်ဟု NUG ၏ PVTV ရုပ်သံသတင်းတွင် ဖော်ပြသည်။ 

စစ်ကောင်စီတပ်သည် ယနေ့ ညနေ ၄ နာရီအထိ လေးကေကော်တောင်ဘက်ရှိ အမြောက်ကုန်းပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက် ရှိပြီး မယ့်ထော်သလေးရွာသို့ ဦးတည်ချီတက်လာသော စစ်သားများနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည်များလည်းရှိသည်ဟု အမည်မဖော်လိုသူ စစ်ဘေးရှောင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

လေးကေကော်မြို့သစ်တွင် ခိုလှုံနေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများနှင့် လွှတ်တော်အမတ်အချို့ကို စစ်ကောင်စီက ဒီဇင်ဘာ ၁၄ တွင် အင်အားရာဂဏန်းဖြင့် ဝင်ရောက်ဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ် သည်။ 

တိုက်ပွဲများကြောင့် ‌လေးကေကော်မြို့သစ်၊ မယ့်ထော်သလေး၊ ပဟိကလော်၊ ထီးမဲ့ဝါးခီး၊ ရသေ့ဂူ စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ဒေ သခံများသည် ထိုင်း – မြန်မာ နယ်စပ်ရှိ ဖလူးကြီး၊ ဖလူးလေး စသည့် ကျေးရွာများဘက်သို့ တိမ်း‌ရှောင်နေရပြီး၊ ထိုင်းနိုင်ငံဘက်တွင်လည်း စစ်ရှောင် ၂၅၀၀ ကျော် ရောက်ရှိနေသည်။ 

လက်ရှိတွင် စစ်ဘေးရှောင်များအတွက် အစားအသောက်နှင့် အနွေထည်များ လိုအပ်နေသည်ဟု အထက်ပါ စစ်ဘေးရှောင်က ပြောသည်။ 

“နေရာထိုင်ခင်းက သိပ်မလုံလောက်ဘူး။ ဖြစ်သလို စုစပ်ပြီးအိပ်ရတယ်။ နံပါတ် ၁ ကတော့ အေးတယ်၊ ချမ်းတယ်။ စားရေးသောက်ရေးက ဟိုဘက်(ထိုင်းဘက်) ကနေ ပို့ပေးတယ်။ ခွဲတမ်းနည်းနည်းပေးတယ်။ ဒါပေမဲ့ မလုံလောက်ဘူး။ ကလေးတွေတော့ သနားစရာကောင်းတာပေါ့။ ကြောက်လန့်နေကြတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။ myanmar now

မန္တလေး၊ ပြည်ကြီးတံခွန်တွင် ကိုသဲထွေးမောင်နှင့်မနန်းတို့လင်မယားကို စစ်တပ် က ဖမ်းဆီး သတ်ဖြတ် အလောင်းဖျောက်၊ ကလေးငယ်တစ်ဦးကျန်ရစ်

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုသဲထွေးမောင်နှင့်မနန်းတို့ လင်မယား ၂ ဦးကို စစ်ကောင်စီတပ်များက ဒီဇင်ဘာလ ၁၃ ရက်နေ့ ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ကာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မိသားစုနှင့်ဆွေမျိုးများကို အကြောင်းကြားခြင်းမရှိဘဲ မီးသဂြိုလ်အလောင်းဖျောက်ဖျက်လိုက်ကြောင်း ရင်းနှီးသော မိတ်ဆွေများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် အကြမ်းဖက် စစ်အုပ်စု မှ ကားနှစ်စီး အင်အား ၃၀ ဝန်းကျင်ဖြင့် ပြည်ကြီးတံခွန်မြို့နယ် ၆၈ B၊ ၁၁၆ ၊ ၁၁၇ လမ်းနေ ကိုသဲထွေးမောင်နှင့် မနန်းတို့ ဇနီးမောင်နှံကို ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ နေအိမ်တွင် ၁၀ နှစ်သားအရွယ် ကလေးငယ်တစ်ဦးသာ ကျန်ရစ်ကြောင်း သိရှိရသည်။

စစ်တပ်က ကိုသဲထွေးမောင်နှင့်မနန်းတို့ ဇနီးမောင်နှံကို PDF ထောက်ပံ့ သည်ဟု စွပ်စွဲ ကာ နန်းတွင်း စစ်ကြော ရေး စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မီးသဂြိုလ်လိုက်ကြောင်း သိရှိရသည်။ “ဖမ်းဆီးခေါ်ဆောင် သွားပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ ၂ရက်မြောက်နေ့တွင် သက် ဆိုင်တဲ့ မိဘဆွေမျိုးတွေက နယ်မြေခံ ရဲစခန်းမှာ သွားစုံစမ်းတယ်။ အဲဒီကျတော့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ လင်မယားနှစ်ဦးစလုံးဆုံးသွားလို့ ၁၅ ရက်နေ့မှာ မီးသဂြိုလ်လိုက်ပြီလို့ပြောတယ်” ဟု မိတ်ဆွေတစ်ဦးက ပြောသည်။

လင်မယားနှစ်ဦးစလုံးမှာ စစ်ကြောရေးအတွင် စစ်တပ်က အလွန်အမင်းနှိပ် စက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဒီဇင်ဘာ ၁၃ရက်နေ့ ညနေ ၃နာရီ မှာ စစ်ကြောရေးသို့ ရောက်ရှိပြီး ၁၄ရက်နေ့ နေ့လယ်အထိ မေးမြန်းနှိပ်စက်ပေမယ့် ကိုသဲထွေးမောင်က သူဘာမှ မသိပါဘူးပြောတယ်။ အဲဒါကို မင်းမိန်းမ မနန်းကို နှိပ်စက်ပြီး သတ်ပြမယ်ဆိုပြီး ခြိမ်း ခြောက်တယ်။

ကိုသဲထွေးမောင်က ဘာမှ မသိပါဘူးလို့ ထပ်ပြောနေလို့ မနန်းကို ပစ်သတ်တယ်။ အဲဒီမှာ ကိုသဲထွေးမောင်က စိတ်ထိခိုက်ပြီး ရုန်းကန် အော် ဟစ်နေလို့ သူ့ကိုပါ ပစ်သတ်လိုက်တယ်။ ၁၅ ရက်နေ့မှာတော့ ဘယ်သူ့ကိုမှ အကြောင်းမကြားဘဲ သဂြိုလိုက်တယ်။ အလောင်းဖျောက်တဲ့သ ဘောပေါ့” ဟု မိတ်ဆွေတစ်ဦးက ၎င်းသိရှိရသမျှ အခြေအနေများကို ပြန်ပြောင်းပြောဆိုသည်။ khit thit

တိုက်ပွဲဒဏ်ကြောင့် လူသူကင်းမဲ့သွားတဲ့ နမ့်မန်းရွာပျက်ကြီး

“ဒီဖြစ်ရပ်တွေက ဘယ်တော့မှ မေ့လို့မရတဲ့ ဖြစ်ရပ်ပါ၊ တွေးမိတိုင်း အရမ်းဝမ်းနည်းတယ်၊ ငိုမိတယ်၊ ဒီလိုအကြောင်းတွေကို ပြန်ပြီးပြောပြဖို့က ကျမအတွက် အရမ်းကိုခက်ခဲတယ်ရှင့်” လို့ ရှိုက်ငိုသံနဲ့ အမျိုးသမီး တစ်ဦးက ပြောပြပါတယ်။

————-

တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြား မြေစာပင် ဖြစ်ခဲ့ရတဲ့ နမ့်မန်း ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်သံဖြစ်ပါတယ်။နမ့်မန်းကျေးရွာဟာ ကျောက်မဲမြို့ကနေ ၁၃ မိုင်ခန့်ဝေးတဲ့ ကျောက်မဲ – မိုင်းငေါ့ လမ်းမကြီးပေါ်မှာ တည်ရှိတာပါ။ ၂၀၁၈ ဝန်းကျင်က အိမ်ခြေ (၄၀)ဝန်းကျင်သာရှိပြီး လူဦးရေ (၂၀၀)နီးပါး ရှိခဲ့ပါတယ်။အများစုက တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြတာပါ။ လမ်းမကြီးဘေးကပ်လျက် ကျေးရွာဖြစ်တဲ့အတွက် တချို့က စားသောက်ဆိုင်တွေ ဖွင့်ပြီး စီးပွားရှာကြပါတယ်။၂၀၂၁ ခုနှစ် မတ်လအတွင်းမှာတော့ ဆိုင်ရောင်းသူတချို့ဟာ ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီ ဖြစ်ရပ်ကတော့ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခံရတာပါပဲ။ အဲ့ဒီနေ့ မတိုင်ခင်က အဖြစ်အပျက်တွေကို ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ နန်းဆွေက ပြန်ပြောပြပါတယ်။

“အဲ့နေ့ မတိုင်ခင်က ဆိုင်သွားဖွင့်တော့ ဆိုင်ထဲကို ဝင်မွှေခံထားရတယ်၊ အစားအသောက်တွေလည်း ယူစားထားတယ်၊ မကုန်တဲ့ အစားအ သောက်တွေကို ဖွထားတာ ဆိုင်ထဲဆို ရှုပ်ပွနေတာပဲ၊ တခြားပစ္စည်းတွေလည်း ဖွထားတာ” လို့ နန်းဆွေ က ပြောပြပါတယ်။မတ်လ ၁၄ ရက်နေ့ ည ၉ နာရီဝန်ကျင်အချိန်မှာ စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ဆိုင်ခန်း ၄ ဆိုင် မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။အဲ့ဒီနေ့ မနက်ပိုင်းက ကျေးရွာအနီးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်တဲ့ RCSS နဲ့ TNLA တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်တွေအပါအဝင် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

နမ့်မန်း ဒေသခံတွေဟာ လွန်ခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် အကြိမ်ကြိမ်အခါခါ စစ်ရှောင်ထွက် ပြေးခဲ့ရပြီး ဒုက္ခမျိုးစုံ ကြုံခဲ့ရပါတယ်။အဲဒီ တိုက်ပွဲတွေအတွင်း ဒေသခံနေအိမ် လက်နက်ထိမှန်ပျက်စီးတာတွေ ရှိခဲ့သလို ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။အဆိုးရွားဆုံးကတော့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဆိုင်ရှင် ဆိုင်စောင့် မရှိတဲ့ ညအချိန် စားသောက်ဆိုင်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတာပါပဲ။

“ကျမလည်း အဲ့နားမှာပဲ အော်ငိုလိုက်တော့တာ၊ ဆိုင်တစ်ခုလုံး ဘာမှ မကျန်တော့ဘူး၊ တိုင်တောင် မကျန်တော့ဘူး၊ ကျမတို့ ဆိုင် နေရာမှာ အားလုံး ပြာပုံတွေ ဖြစ်သွားပြီ၊ ဘယ်လိုမှ မအောင့်နိုင်တော့လို့ ကျမ အကြာကြီး ထိုင်ငိုနေခဲ့တယ်” လို့ နန်းဆွေက ဝမ်းနည်းစွာနဲ့ ဆိုပါတယ်။သူမ ဟာ အဆိုပါ ကျေးရွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက နန့်မန်းဒေသမှာ နေထိုင်ကြီးပြင်းခဲ့တဲ့သူ ဖြစ်ပြီး မိသားစုနဲ့ အတူ စား သောက်ဆိုင် ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါတယ်။ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်ထွက်ပြေးခဲ့ရတဲ့ ဒေသခံတစ်ဦးကလည်း ခုလိုပဲ ရင်ဖွင့်ပါတယ်။

“ကျနော်တို့က ၂၀၁၈ ကစပြီး စစ်ရှောင်ထွက်ပြေးရတယ်၊ အဲ့တုန်းက အားလုံး ၁၀၀ ကျော်ရှိတယ်၊ မြို့ပေါ်က ကျောင်းယွက်(ရွှေကျင်ကျောင်း) မှာ လာနေရတာ၊ တိုက်ပွဲက ညသန်းခေါင်အချိန် ဖြစ်တာ၊ အဲ့ချိန်ကို ထပြီး ပြေးရတာ၊ လက်နက်သံတွေဆို အကျယ်ကြီးပဲ” လို့ စစ်ရှောင်ထွက် ပြေးခဲ့ရသူ နမ့်မန်းဒေသခံ စိုင်းမိန်းက ပြောပြပါတယ်။၂၀၁၈ ခုနှစ် နိုဝင်ဘာ လလယ်ပိုင်း ဖြစ်ပွားတဲ့တိုက်ပွဲက စပြီး ဒေသခံတွေဟာ မကြာခ ဏဆိုသလို စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။ ၂၀၂၀ နှစ်ကုန်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲဖြစ်ပွားမှုက တဖန် ပြင်း ထန်လာခဲ့ပြန်ပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် စိုင်းမိန်းတို့ မိသားစုအပါအဝင် အခြားဒေသခံ တချို့ဟာ နမ့်မန်းရွာနဲ့ ၂ မိုင်ဝေးတဲ့ ကျောက်မဲ – မိုင်းငေါ့ လမ်းမကြီးဘေးမှာ ယာယီတဲထိုးပြီး စစ်ရှောင်ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။ အခြားမြို့နယ်နဲ့ ပြည်ပကို ထွက်ခွာသွားတဲ့ ဒေသခံတွေလည်း ရှိခဲ့သလို ‌တောင်ယာတဲတွေမှာ သွားပြီး နေရတဲ့ သူတွေလည်း ရှိခဲ့တယ်လို့ စိုင်းမိန်းက ပြောပြပါတယ်။အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒဏ်ကြောင့် နမ့်မန်းကျေးရွာဒေသခံတွေဟာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။“အရင်ကတော့ မျှစ်ချိုးတယ်၊ အသီးအရွက်တွေ ခူးပြီးရောင်းတယ်၊ တောင်ယာလုပ်တယ်၊ စားသောက်ဆိုင်တွေအတွက် ထင်းရှာပြီး ရောင်းတဲ့သူလည်း ရှိတယ်၊ တချို့က ငှက်ပျောဖက်တွေ ခုတ်ပြီး ရောင်းတယ်၊ စစ်ရှောင်ရတော့ ဘာအလုပ်အကိုင်မှ အဆင်မပြေတော့ဘူး၊ နေ့တိုင်းစားသောက်ရဖို့ မလွယ်ဘူး၊ အရမ်းကို ရုန်းကန်ရတယ်” လို့ စိုင်းမိန်းက ပြောပြပါတယ်။

နမ့်မန်းရွာနဲ့ ၂ မိုင်ဝေးတဲ့ ကားလမ်းမဘေးမှာ ပြောင်းရွေ့နေထိုင်ခဲ့တာ တစ်လဝန်းကျင်အကြာမှာပဲ နေရာထပ်မံ ပြောင်းနေဖို့ ဖိအားပေးခံခဲ့ရပြန်ပါတယ်။တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ သွားလာလှုပ်ရှားတဲ့ နေရာဖြစ်ပြီး တိုက်ပွဲဖြစ်လာရင် အန္တရာယ်ရှိနိုင်တဲ့အတွက် အဆိုပါဒေသခံတွေဟာ ကျောက်မဲမြို့ပေါ်ကိုသာ ပြောင်းရွေ့ခဲ့ရပါတော့တယ်။“မြို့မှာ လာနေဖို့က ထင်သလောက် မလွယ်ဘူး၊ အိမ်ငှားနေရတာ၊ အ လုပ်အကိုင်က မရှိ၊ နေ့တိုင်းစားသောက်ဖို့က လိုသေးတယ်၊ ကိုဗစ်ကိုလည်း ကြောက်ရ၊ ဒီလိုပဲ ရုန်းကန်ပြီး နေနေရတာ” လို့ စစ်ဘေးရှောင်နေရတဲ့ သက်ကြီး အမျိုးသမီးတစ်ဦးကလည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ အဆိုပါ နမ့်မန်းကျေးရွာဒေသခံတွေဟာ ကျောက်မဲမြို့ပေါ်မှာသာ အိမ်ငှားဘဝနဲ့ ခက်ခက်ခဲခဲ နေထိုင်နေရပါတယ်။ ယခင်က လူဦးရေ ၂၀၀ နီးပါးရှိခဲ့ပေမယ့် လက်ရှိမှာတော့ အိမ်ထောင်စု ၂၀ ဝန်းကျင်နဲ့ လူဦးရေက ၁၀၀ ပင် မပြည့်တော့ပေ။ဒါ့အပြင် တိုက်ပွဲဖြစ်ပွားပြီး စစ်ရှောင်ထွက်ပြေးရတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသားအချင်းချင်း လူမျိုးရေး ခွဲခြားမှုက သိသိသာသာဖြစ်လာခဲ့တယ်လို့ ဆိုပြန်ပါတယ်။

“လက်နက်ကိုင်တပ်တွေ အင်အားတောင့်လာတော့ သူ့နယ်မြေ၊ ငါ့နယ်မြေ ဆိုပြီး ခွဲလာတော့တာ။ နယ်မြေကျူးကျော်တာတွေလည်း မလုပ်ရဲတော့ဘူး၊ အရင်က အတူသွား အတူလာတဲ့ မိတ်ဆွေတွေ၊ အသိတွေက ခု မြင်ရင်တောင် နှုတ်မဆက်ရဲတော့တဲ့ အနေအထားဖြစ်သွားပြီ” ဟု စိုင်းမိန်းက ပြောပြပါတယ်။အခုလို သျှမ်းနဲ့ ပလောင် (တအာင်း) တိုင်းရင်းသား အချင်းချင်း ခွဲခြားမှုတွေက ယခင်ကတည်းက ရှိခဲ့ဖူးပေမယ့် ၂၀၁၈ ခုနှစ် တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းမှာ ပိုပြီး ခွဲခြားဆက်ဆံလာကြတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ နမ့်မန်းကျေးရွာကို စွန့်ခွာလာခဲ့ရတာ ၁ နှစ်ဝန်းကျင် ရှိခဲ့ပါပြီ။ တချို့ကတော့ ပြည်ပမှာ သွားရောက်အလုပ် လုပ်ကိုင်နေကြပါတယ်။ နမ့်မန်း ကျေးရွာထဲမှာတော့ လူသူကင်းမဲ့နေပြီး ယိုင်နဲ့နဲ့ အိမ်တချို့သာ ကျန်ပါတော့တယ်။ ခုလို ရွာပျက်ကြီးဖြစ်သွားရတဲ့အတွက် အ တိုင်းမသိကို ဝမ်းနည်းရတယ်လို့ နန်းဆွေက ရင်ဖွင့်ပါတယ်။ဒါ့အပြင် နေရပ်ကို ပြန်နေချင်တဲ့ ဆန္ဒ ရှိနေပေမယ့် မမျှော်လင့်ရဲတဲ့ အကြောင်းအ ရာသာ ဖြစ်တယ်လို့ သူမ က ဆိုထားပါတယ်။“ပြန်နေချင်တဲ့ ဆန္ဒက ရှိတော့ပေါ့၊ ငယ်ကတည်းက နေခဲ့တဲ့ နေရာလေ၊ ဒါပေမယ့် မမျှော်လင့်ရဲတော့ပါဘူး၊ တိုက်ပွဲတွေ ထပ်ဖြစ်မှာ အရမ်းကြောက်တယ်၊ နောက် ဘာတွေဆက်ဖြစ်မှာလဲ ဆိုတာ မပြောနိုင်ဘူး” လို့ နန်းဆွေက တီးတိုးပြောပြထားပါတယ်။ သျှမ်းသံတော်ဆင့်

အကျဉ်းထောင်တွင်း သပိတ်တိုက်ပွဲဆင်နွှဲနေသည့် ရဲဘော်များနှင့်အတူ သွေးစည်းညီညွတ်စွာရပ်တည်ရေး လှုံ့‌ဆော်လှုပ်ရှားမှု ရန်ကုန်တွင်ပြုလုပ်

khit thit

ရွှေပြည်သာ၌ စစ်ကောင်စီခန့် ရပ်ကွက်အုပ် ချုပ်ရေးမှူး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၁၉) နံနက်ပိုင်းက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ် သတ်ခံရသည်ဟု ဒေသခံနှစ်ဦးထံမှ သိရသည်။

ရွှေပြည်သာမြို့နယ် ၉ ရပ်ကွက် ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းနိုင်ဆိုသူကို ဏကြီးကွေ့မှတ်တိုင်အနီးတွင် မည်သူမည်ဝါ မသိရသူနှစ်ဦးက သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်ဟု ရပ်ကွက်သားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“အပစ်ခံရပြီး ဆေးရုံကားတွေ ရောက်လာတယ်။ ဘယ်လိုပစ်သွားလဲဆိုတာတော့ သေချာမပြောတတ်ဘူး။ သေနတ်နဲ့ပစ်သွားတာ။ ဆေးရုံကားတွေ ရောက်လာပြီး ခေါ်သွားတယ်။ ခေါ်သွားပေမဲ့ အသက်ပါမသွားဘူး။ ဖြစ်ပြီး သိပ်မကြာဘူး၊ဏကြီးကွေ့နားမှာ ပိတ်ပြီးစစ်နေတယ်” ဟု ၉ ရပ်ကွက်အနီးတွင် နေထိုင်သူက ဆိုသည်။​

အလားတူ အခြားရွှေပြည်သာမြို့နယ်ဒေသခံတစ်ဦးကလည်း ဦးဝင်းနိုင်ကို ဏကြီးကွေ့အနီး၌ ဆိုင်ကယ်ဖြင့် လာပစ်သွားခြင်းဖြစ်ကာ လမ်းပေါ်တွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုင်ကယ်ကယ်ရီသမားတစ်​ဦးထံမှ သိရပုံကို ပြောပြသည်။ 

အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ပစ်သတ်ခံရပြီးနောက် စစ်တပ်က ကားနှစ်စီးဖြင့် ရောက်လာကာ ဏကြီးကွေ့ကားမှတ်တိုင်တစ်ဝိုက်ကို ပိတ်ဆို့စစ်ဆေးလျက်ရှိပြီး ဆိုင်ကယ်နှစ်စီးကို ထိန်းသိမ်းထားသည်ဟု အထက်ပါအမျိုးသားက ပြောသည်။

“ဆိုင်ကယ် နှစ်စီးကတော့ အဖမ်းခံရတယ်။ ဆိုင်ကယ်ပဲ အဖမ်းခံရတာ။ လူမပါဘူး။ ဖြစ်ပြီးတော့ အဲဒီဘက်ကို သိပ်မသွားကြတော့ဘူး” ဟု ၎င်းက ဆိုသည်။

ဦးဝင်နိုင်အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်၏ ပိတ်ဆို့စစ်ဆေးနေမှုများကြောင့် ရပ်ကွက်အတွင်းရှိ ဆိုင်ကယ်ကယ်ရီသမားများမှာ လမ်းမပေါ်ထွက်မမောင်းရဲဘဲ တိမ်းရှောင်နေရသည်ဟု ဒေသခံအချို့ထံမှ သိရသည်။

သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံရသူ ဦးဝင်နိုင်မှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ပြီး ဖေဖော် ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်တွင် ဒုအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခံရသူဖြစ်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ရွှေပြည်သာ ဒေသခံသုံးဦးက အတည်ပြုသည်။​​

“သူက ရပ်ကွက်ထဲမှာ စွာကျယ်စွာကျယ်ပုံစံရှိတယ်။ လူမုန်းများတယ်။ တော်လှန်ရေးကာလထဲမှာ သတင်းပေးမှုရှိလား၊ မရှိလား စုံစမ်းရခက်တယ်။ ၉ ရပ်ကွက်မှာ တော်လှန်ရေးလှုပ်ရှားမှုနည်းတယ်။ အဲဒါကြောင့် သူက တကယ်သတင်းပေးလုပ်တာလား၊ မလုပ်တာလား နည်းနည်းခက်တယ်”ဟု ရွှေပြည်သာမြို့နယ်ရှိ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောသည်။​

အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင်များနှင့် စစ်ကောင်စီတာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် ရာနှင့်ချီသော အရပ်သားပြည်သူများ သေဆုံးပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီက ရရာလက်နက်စွဲကိုင် ခုခံတော်လှန်မှုများ ပေါ်ပေါက်ခဲ့သည့်နည်းတူ စစ်ကောင်စီ၏ ဒေါက်တိုင်များဖြစ်သည့် အုပ်ချုပ်ရေးမှူးလုပ်ကြံသတ်ဖြတ်ခံရမှုများလည်း ဆက်တိုက်ပေါ်ပေါက်ခဲ့သည်။ myanmar now

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ သဘာဝဘေး အမှုအတွက် ဒေါက်တာဇော်မြင့်မောင် Video Conferencing ဖြင့် သက်သေထွက်ဆိုမည်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အေင်ဆန်းစုကြည်အား စွဲဆိုထားသော သဘာဝဘေး အမှု နှစ်မှုအနက် ဆက်လက်စစ်ဆေးရန် ကျန်ရှိနေသည့် တစ်မှုအတွက် ေးါက်တာဇော်မြင့်မောင် တရားလိုပြ သက်သေအဖြစ် ထွက်ဆိုရန် ရှိနေသည်။ယင်းအတွက် ဒေါက်တာဇော်မြင့်မောင်အား ဒီဇင်ဘာ ၂၇ ရက်တွင် Video Conferencing ဖြင့် စတင် စစ်ဆေးမည် ဖြစ်ကြောင်း ယနေ့ ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေးအမှု အပြီးသတ် အမိန့်ချမည့်ရက်တွင် တစ်ဆက်တည်း ချိန်းဆိုလိုက်ခြင်း ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူအချို့က ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန် ပုဒ်မ (၈) နှင့် ဆက်သွယ်ရေး ပုဒ်မ (၆၇) အမှု အတွက် ယနေ့ အ ပြီးသတ်အမိန့် ချရန်ရှိသော်လည်း တရားသူကြီးက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ရက်ရွှေ့ဆိုင်း လိုက်သည်။ဒေါက်တာဇော်မြင့်မောင်အား တရားလိုပြ သက်သေထွက်ဆိုရန် တရားရုံးက နှစ်ကြိမ်ဆင့်ခေါ်ထား သော်လည်း ခရီးသွားခွင့် မရှိဟုဆိုကာ သက်သေ ထွက်ဆိုခွင့် အတွက် ထောင်အာဏာပိုင်များ၏ တားမြစ်ခံထားရခြင်းလည်း ဖြစ်သည်။

ယင်းကြောင့် အခြားနည်းဖြင့် သက်သေထွက်ဆိုရန် တရားသူကြီးက ရှေ့နေအဖွဲ့ကို ပြောဆိုခဲ့ရာ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် Video Conferencing ဖြင့် သက်သေစတင် ထွက်ဆိုမည်ဖြစ်သည်။ mizzima

သထုံမြို့တွင် ၆ နေရာဗုံးကွဲ ၊ လူ ၁ ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့မှာ ဒီဇင်ဘာ ၂၀ ရက် ဒီမနက် ၆ နာရီကနေ  ၁၀ နာရီအထိ လဝကရုံးအပါအဝင် နေရာ ၆ နေရာမှာ ဗုံးပေါက်ကွဲပြီး  လူတယောက်  ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီ ကို ပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုဟာ သထုံမြို့နယ် လဝကရုံး၊ ကညနရုံး အပါအဝင် စစ်တပ်ထုတ်ကုန်ရောင်းချနေတဲ့ စိုးမိုး Mobile ဖုန်းဆိုင်၊ သုဝဏ္ဏဘီယာဆိုင်၊ ရန်ကုန်နဲ့ပြည်တော်သာ အဖျော်ယမကာ အရောင်းဆိုင်တွေရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သထုံမြို့နယ် လဝကရုံး ဗုံးပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူ တယောက်  ဗုံးစထိမှန် ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လဝကရုံး၊ ကညနရုံး အပါအဝင် စစ်တပ်ထုတ်ကုန် ရောင်းချနေတဲ့ ဆိုင်တွေရဲ့ ခြံစည်းရိုးနဲ့ ဆိုင်ခန်းနေရာတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှု မဖြစ်ခင် မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က ပြည်သူတွေအနေနဲ့ လဝကရုံးနဲ့ ကညနရုံးတွေကို မသွားကြဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၂၀ ရက်ကစပြီး စစ်တပ်ထုတ်ကုန်တွေ ဖြစ်တဲ့ မြန်မာဘီယာ၊ Red Ruby ဆေးလိပ်နဲ့ Mytel ဆင်းကတ် ရောင်းချနေတဲ့ ဆိုင်တွေအနား မသွားကြဖို့ သတိပေးထားပါတယ်။ DVB

လွိုင်ကော်တွင် စစ်တပ်က နေအိမ် ၂၀ ကျော်ကို မီးရှို့ 

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၈) တွင် စစ်တပ်က နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ခဲ့ကြောင်း ကရင်နီအမျိုး သား များကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မွန်းတည့် ၁၂ နာရီခန့်မှစ၍ ညနေ ၆ နာရီအထိ စစ်တပ်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ကာ လွိုင်ကော်မြို့နယ် ထီးစဲခါးကျေးရွာအုပ်စု ဒေါဆော်ဝဲ(ခ)နောင်လုံရွာနှင့် ကွန်နားရွာရှိ နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု KNDF က ဆိုသည်။

မွန်းတည့် ၁၂ နာရီခန့်မှစ၍ နေအိမ်များ စတင်မီးရှို့ခံရခြင်းဖြစ်ကြောင်း လွိုင်ကော်မြို့နယ် ကွန်နားရွာမှ ဦးရယ်က Myanmar Now ကို ပြော သည်။

“လက်နက်ကြီးနဲ့ ထုလာပြီးမှ ရွာကအိမ်တွေကို အသားလွတ်ကြီး မီးလာရှို့ကုန်ပြီလေ။ ရွာထဲမှာ (လူ) နည်းနည်းပါးပါး တစ်ယောက်တစ်လေတော့ ရှိတာပေါ့” ဟု ၎င်းက ယနေ့ (ဒီဇင်ဘာ ၁၉) နံနက်ပိုင်းတွင် ပြောသည်။ 

ကွန်နားရွာသား ဦးရယ်မှာ ဒီဇင်ဘာ ၁၃ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်လာသူဖြစ်ပြီး မီးတောက်များနှင့် မီးခိုးလုံးများ မြင်တွေ့ရခြင်းအပြင် ရွာမှထွက်ပြေးလာသူအချို့ထံမှ သိရသည်ဟု ဆိုသည်။ 

နောင်လုံရွာတွင် နေအိမ် ၁၃ လုံးနှင့် လယ်ထွန်စက် ၇ စီး မီးလောင်ကျွမ်းခဲ့ပြီး ကွန်နား(အပေါ်) ရွာတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းသည်ကို စာရင်းအတိအကျရကြောင်း၊ ကျန်နေအိမ်များ မီးလောင်သည့်အခြေအနေကို မသိရကြောင်း ဦးရယ်က ဆိုသည်။

“စပါးကျီတွေနဲ့ အိမ်တွေနဲ့ တွဲရက်တွေချည်းပဲရော။ စပါးတွေလည်း ပါသွားတယ်။ မီးငြှိမ်းဖို့က အချိန်မရတော့ဘူး။ ရွာကသွားငြှိမ်းဖို့ရာလည်း ပတ်ချာလည် သူတို့က တပ်စွဲထားတော့ ဝင်လို့လည်း မရဘူးလေ” ဟု ၎င်းက ပြောသည်။

နေအိမ်များကို မီးရှို့ပြီးနောက် ကွန်နား(အောက်)ရွာတွင် စစ်သားများ ယခုအချိန်ထိ တပ်စွဲနေထိုင်လျက်ရှိသည်ဟုလည်း ၎င်းက ဆက်ပြော သည်။

ဒေါဆော်ဝဲ(ခ)နောင်လုံရွာနှင့် ကွန်နားရွာတို့သည် ၄ ဖာလုံခန့် ကွာဝေးသည်။ ကွန်းနားရွာနှင့် အနီးတစ်ဝိုက်တွင် ဒီဇင်ဘာ ၁၃ နှင့် ၁၆ က စစ် တပ်နှင့် KNDF၊ KA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ 

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုနှင့် မီးရှို့မှုများကြောင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် နေအိမ်၊ ဘုရားကျောင်း စသည့် အဆောက်အအုံ ၄၀၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက်က သတင်းထုတ်ပြန်ထားသည်။ myanmar now

« Older Entries Recent Entries »