ရေကြည်ပင်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ပြည်သူများ ချီတက် ဆန္ဒပြ




khit thit
khit thit
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် သာရဘွင်ရွာတွင် ယမန်နေ့ ညနေပိုင်းက လူငယ် နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့များက နေအိမ်တွင် လာရောက် ဖမ်းဆီးသွားကြောင်း ရွာသားများက ပြောသည်။
အဆိုပါ လူငယ် နှစ်ဦး နေအိမ်တွင် ရှိနေစဉ် စစ်ကောင်စီတပ်သားများက မေးမြန်းရန် ရှိသည်ဟုဆိုကာ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။ “ရွာမှာရှိတဲ့ ဒလန် ဦးကျော်ဟန်က PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ခေါ်လာပြီး ဖမ်းသွားတာ” ဟု ရွာခံ တစ်ဦးက ပြောသည်။ဖမ်းဆီးခံရသူ လူငယ် နှစ်ဦးမှာ သာရဘွင်ကျေးရွာနေ ကိုသူသူလင်းနှင့် ကိုကင်း ဆိုသူတို့ ဖြစ်သည်။ mizzima
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ ဖမ်းဆီးခံရသည့် ၁၃ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည့် မောင်မင်းဟိန်းခန့်မှာ လက်ရှိအချိန်အထိ မည်သည့်နေရာတွင် ဖမ်းဆီးခံထားသည်ကို စုံစမ်း၍ မရကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
”ပါသွားတဲ့လူတွေအကုန်လုံး သက်ဆိုင်ရာစခန်းရောက်ပြီး အင်းစိန်ရောက်နေကြပါပြီ။ စိတ်ပူနေလို့ပါ ရက်လဲအရမ်းကြာနေပါပြီ သူသေသ လားရှင်သလားတောင်မသိလို့ပါ” ဟု မောင်မင်းဟိန်းခန့်၏ မိသားစုဝင် တစ်ဦးက ပြောဆိုသည်။မောင်မင်းဟိန်းခန့်မှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး ၎င်းနှင့်အတူ အဖမ်းဆီးခံရသူများ အသီးသီး အင်းစိန်ထောင်သို့ ရောက်ရှိပြီဖြစ်သော်လည်း မောင်မင်းဟိန်ခန့်တစ်ဦးသာ မည်သည့်နေ ရာတွင် ရောက်ရှိနေမှန်းမသိဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။
ဖမ်းဆီးခံရချိန်မှ စ၍ သက်ဆိုင်ရာ ရဲစခန်း၊ အင်းစိန်ထောင်နှင့် ရှေ့နေများဆီ စုံစမ်းသော်လည်း စုံစမ်း၍ မရကြောင်း၊ အင်းစိန်ထောင်သို့ မရောက်ရှိသေးဟု သာ ကြားသိရကြောင်း မောင်မင်းဟိန်းခန့်၏ မိသားစုဝင်က ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီသည် အာဏာသိမ်းပြီးသည့် အချိန်မှ စ၍ ပြည်သူများကို မတရား ဖမ်းဆီး သတ်ဖြတ်ခြင်းများ ကျူးလွန်နေခြင်းဖြစ်သည်။ khit thit
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအုပ်စု ကထီးဝရွာရှိ ရာဘာခြံတွင် ဒီဇင်ဘာလ ၂၀ ရက် ညနေ ၃ နာရီခန့်က စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ အမျိုးသား သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူသည် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသည့် ဦးခင်မောင်ဆွေ ဆိုသူ ဖြစ်ပြီး ၎င်းသည် သရက်ချောင်းမြို့နယ် ရှင်မုတ္တီးရွာနှင့် စော်ဝရွာ ကြား မန်းလမ်းတွင် နေထိုင်သူဖြစ်ကြောင်းသိရသည်။
“ပစ်တာက ဘယ်သူမှ မမြင်လိုက်ဘူး။ သေနတ်အသံ ကြားတော့မှ အနီးအနားကလူတွေ သွားကြည့်တာ သွေးအိုင်ကြားမှာ သေနေတယ်” ဟု ရွာသားတစ်ဦးက က ပြောသည်။ဦးခင်မောင်ဆွေသည် ၎င်းပိုင်ဆိုင်သည့် ရာဘာခြံအတွင်း သေဆုံးနေခြင်းဖြစ်ပြီး ၎င်းအားပစ်ခတ်ခဲ့ကြောင်းကို လက်ရှိအချိန်အထိ မည်သည့် အဖွဲ့အစည်းကမှ ထုတ်ပြန်ခြင်းမရှိသေးပေ။ mizzima
ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF မင်းတပ်၊ YDF ပူးပေါင်းတပ်ဖွဲ့များကြား လွန်ခဲ့တဲ့ ၅ ရက်အတွင်း တိုက်ပွဲများ ကြိုကြားဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရပြီး CDF တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း CDF မင်းတပ် ထံမှ သိရှိရသည်။
“ရှစ်မွေးရွာမှာ တစ်ရက်က တိုက်ပွဲဖြစ်တော့ စကစ ၁ ဦး ကျဆုံးတယ်၊ မနေ့က ညနေတိုက်ပွဲမှာတော့ နှစ်ဖက် အကျအဆုံးမရှိဘူး၊ ဒီမနက်တိုက်ပွဲမှာ စကစ ၁ ဦး ကျဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်တယ်၊ CDF မင်းတပ် တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ် ဒဏ်ရာရတယ်” ဟု CDF မင်းတပ် ပြောခွင့်ရ ကိုယောမန်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ထီးလင်းမြို့နယ်မှတဆင့် နယ်မြေရှင်းလင်းရေးလုပ်ရန် မင်းတပ်မြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး CDF မင်းတပ်၊ YDF ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။အကြမ်းဖက်စစ်ကောင်စီတပ် သည် စစ်ကြောင်းချီတက်ရာတွင် ယခင်လို ကားလမ်းကြောင်းအတိုင်းမသွားတော့ဘဲ တောတောင်များဖြတ်ကျော်ကာ ကွေ့ပတ်သွားနေခြင်းကြောင့် တိုက်ပွဲလိုက်လံဖော်ဆောင်ရတာ အခက်အခဲရှိကြောင်း CDF မင်းတပ်ထံမှ သိရှိရသည်။
“သူတို့တွေက တောထဲတိုးတယ်၊ လျှောက်သွားတယ်၊ ပြန်ပေါ်လာတယ်ဆိုတော့ လိုက်ရှာပြီး တိုက်ပွဲဖော်ဆောင်ရတာ ခက်တာပေါ့။ အဲလိုဆိုတော့ စောင့်ဆိုင်းတယ်၊ ပြောက်ကျားဝင်တိုက်တယ် အဲလိုမျိုးပဲ ဖြစ်နေတယ်” ဟု ကိုယောမန်က ဆိုသည်။လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို CDF မင်းတပ်က ပြောက်ကျားတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း၊ ညဘက် အလစ်ဝင်တိုက်ခြင်းများသာ ပြုလုပ်နေကြောင်း သိရှိရသည်။ khit thit
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာမှာ နေအိမ် ၃ လုံး ထပ်မံမီးရှို့ခံထားရပြီး နောက်ထပ်တွေ့ရှိတဲ့ အလောင်းတွေ အားလုံးပေါင်းရင် စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ အယောက် ၂၀ ကျော်ရှိပြီလို့ ယောဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်တွင်း စစ်ကောင်စီက နှမ်းခါးရွာကို မီးရှို့တာ စုစုပေါင်း ၅ ကြိမ်ရှိခဲ့ပြီး နေအိမ် ၆၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဂန့်ဂေါဒေသခံတယောက်က ပြောပါတယ်။
“သူတို့က နှမ်းခါးကိုလိုချင်တာ ကျနော်တို့ နယ်မြေကျဉ်းသွားအောင် လုပ်ချင်တာဗျ။ သူတို့ အင်အားကောင်းဒေါက်တိုင်တွေဖြစ်တဲ့ ကလေးမြို့ နယ်၊ တောင်ခရမ်း၊ မြောက်ခရမ်းဒေသတွေကို ပိုအားကောင်းအောင်ဆောင်ရွက်တာမျိုးဖြစ်တယ်။ လက်ရှိအချိန်မှာတော့ သူတို့ နှမ်းခါးကနေ ထွက်သွားပြီ။ အနီးအနားရွာတွေကိုဖြန့်ပြီး ဒုက္ခလိုက်ပေးနေတယ်။”
နှမ်းခါးရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းမှာ ရဟတ်ယာဉ်နဲ့ အကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဝင်ရောက်ပစ်ခတ်ချိန်ဟာ ဒေသခံ PDF ခေါင်းဆောင်တွေအစည်းအဝေးပြုလုပ်ချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကိုလည်း စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းက ရဟတ်ယာဉ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားသယ်ပို့ရဟတ်ယာဉ် ၃ စီးနဲ့ အင်အား ၁၅၀ ကျော်လာချထားခဲ့တယ်လို့ ရေဦးဒေသခံတစ်ယောက်ကပြောပါတယ်။
စစ်ကောင်စီပြန်ကြားရေးက ဒီကိစ္စနဲ့ပတ်သက်ပြီး ရေမြက်ကျေးရွာမှာ KIA ၊ NLD နဲ့ PDF တွေ အစည်းအဝေးလုပ်ဖို့ စုဝေးနေစဉ် ဝင်ရောက်ခိုက်ခိုက်ခဲ့ရာမှာ ၄ ဦးအသေမိပြီး လက်နက်တွေသိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ဟာ လုပ်ကြံရေးသားထားတာသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရေမြက်ကျေးရွာက နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် ရွာသား ၃ ယောက်ထက်မနည်း ကျည်ဆန်ထိမှန်ဒဏ်ရာရ ထားတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။
“မနေ့က နေ့လယ် ၁ နာရီလောက်ကနေစလိုက်တာ ညနေ ၄ နာရီကျော်အထိ သူတို့ဝင်မွှေပြီး နေအိမ် ၇ လုံးထက်မနည်းမီးရှို့ထားတယ်။ ဆိုင်ကယ်တွေမီးရှို့တယ်။ ပြည်သူ ၃ ယောက်ထက်မနည်း ကျည်ထိထားတယ်။ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးနဲ့ သယ်ပို့ ရဟတ်ယာဉ် ၃ စီး စုစုပေါင်း ၅ စီး ဖြစ်ပါတယ်။ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးက အပေါ်ကနေ ပတ်ပတ်လည်ပစ်နေပြီး သယ်ပို့ရဟတ်ယာဉ်တွေက အင်အားချတာ ၁၅၀ ထက်မနည်းဘူး။ အခေါက်ရေ ၄၊ ၅ခေါက် စစ်အင်အားလာချပေးသွားတယ်။ ရွာအနီးမှာ နဂိုရှိတဲ့အင်အားနဲ့ပေါင်းရင် စုစုပေါင်း အင်အား ၂၀၀ လောက်နဲ့ ဝင်ရောက်တိုက်ခိုက်သွားတာဖြစ်ပါတယ်။ လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ်တာ ဖြစ်ပါတယ်။ PDF တွေနဲ့ထိပ်တိုက် စစ်ဖြစ်တာမျိုးမဟုတ်တဲ့အတွက် စစ်ရာဇဝတ်မှုလို့ ပြောလို့ရပါတယ်။”
ဒီဇင်ဘာ ၂၁ ရက်မနက်ပိုင်းအထိ ရေမြက်ကျေးရွာထဲမှာ စစ်ကောင်စီက တပ်စွဲထားပြီး အနီးနားက ဥယျာဉ်ရွာနဲ့ ခေါစပ်ကုန်းရွာတွေထဲမှာလည်း အင်အားဖြန့်ချထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီနဲ့ပျူစောထီးတွေက မီးရှို့တာကြောင့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကဲဘာရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အထဲက အိမ်ခြေ ၆၀ ကျော်မီးလောင်ပျက်စီးပြီး ရွာသား ၄၀၀၀ ကျော် စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ကောင်စီက တပ်သားအင်အား ၁၀၀ ကျော်အသုံးပြု အကြမ်းဖက်ခဲ့တာဖြစ်ပြီး လက်နက်မဲ့ ပြည်သူတွေအပေါ် အခုလောက်ထိအနိုင်မကျင့်သင့်ဘူးလို့ ကဲဘာရွာသူတစ်ယောက်က ပြောပါတယ်။ လက်ရှိအချိန်အထိ ရွာသားတွေဟာ ရွာထဲကိုပြန်မဝင်ရဲကြသေးဘဲ စားဝတ်နေရေး အ ခက်အခဲကြုံနေရပါတယ်။
ကဲဘာရွာသူတစ်ဦးက “ဒီလိုမျိုးအကြမ်းဖက်နှိပ်စက်တဲ့ စစ်ကောင်စီမြန်မြန်ပြုတ်ကျဖို့ပဲဆု တောင်းနေပါတယ်။ ကျမတို့ ရွာသူရွာသားတွေဟာ အိမ်တစ်လုံးဆောက်နိုင်ဖို့ အချိန်အကြာကြီး ကြိုးစားခဲ့ရတာပါ။”လို့ ပြောပါတယ်။
စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားဖို့ မုံရွာမြို့နဲ့ ကလေးမြို့တို့ကနေ တပ်သားအင်အားတွေဖြန့်နေသလို ဒေသ ခံပြည်သူတွေကို ကြောက်ရွံ့အောင် နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့ ပစ်ခတ်သတ်ဖြတ်တာတွေကိုလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။ DVB
khit thit
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသတွင် စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်နေပြီး ဒီဇင်ဘာ ၁၉ က တိုက်ပွဲအတွင်း စစ်ကောင်စီဘက် သေဆုံးနှင့် ဒဏ်ရာရသူ ၁၀၀ ခန့်ရှိကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၏ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားသည်။
မုံးကိုးမြို့အရှေ့ဘက် ၉ မိုင်ခန့်အကွာ ဖောင်းဆိုင်ဒေသအတွင်းရှိ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) ၏ မန်ရန်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် အမြောက်ကြီးများသုံးကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ယင်းနေ့ နံနက် ၆ နာရီခန့်မှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီးများ စတင်ပစ်ခတ်ခဲ့ပြီး နာရီအနည်းငယ်အကြာတွင် MNDAA ၏ စခန်းကုန်းကို အင်အားရာဂဏန်းဖြင့် ချီတက်တိုက်ခိုက်သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားရာသို့ မုံးကိုးမြို့ ရပ်ကွက် ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းမှ လက်နက်ကြီးအလုံးရေ ထောင်ချီပစ်ခတ်ခဲ့ကာ မုံးကိုးမြို့ပေါ်တွင် လက်နက်ကြီးသံများ ဆူညံနေသည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“မြို့ပေါ်ကနေကို ပစ်နေတာ၊ လက်နက်ကြီးတွေကတော့ အကုန်းလုံး မုံးကိုးမြို့ပေါ်မှာပဲ” ဟု အမည်မဖော်လိုသူ အဆိုပါ မုံးကိုးမြို့ခံက ဆို သည်။
ဒီဇင်ဘာ ၁၉ တစ်ရက်လုံးနီးပါး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က မိတ္ထီလာအခြေစိုက် တပ်မ(၉၉) ၏ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခြေလျင်တပ်ရင်း(၁၅)၊ (၅၉)၊ (၇၉)၊ (၁၁၃) တို့နှင့် ပဲခူးမြို့အခြေစိုက် တပ်မ (၇၇) ၏ လက်အောက်ခံ ခြေလျင်တပ်ရင်း (၃၁၃) တို့ ပါဝင်ကာ အင်အား ၅၀၀ ခန့် ရှိကြောင်း MNDAA ၏ The Kokang သတင်းဌာနက ရေးသားဖော်ပြသည်။
တိုက်ပွဲ အလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံး၊ ဒဏ်ရာရ ၁၀၀ ခန့်ရှိကြောင်း၊ ဒဏ်ရာရသူ စစ်သား ၈၃ ဦးကို သယ်ဆောင်စဉ် စစ် သားသုံးဦး သေဆုံးခဲ့ကြောင်း၊ ကိုးကန့်အဖွဲ့မှ နှစ်ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရကြောင်း ထိုသတင်းတွင် ပါရှိသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် မော်တာလက်နက်ကြီးများအပါအဝင် လက်နက်ငယ်များ၊ စက်သေနတ်များနှင့် ခဲယမ်း၊ ကျည်ဆန်အမြောက်အများကိုလည်း The Kokang သတင်းဌာနက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၇ ရက်ကလည်း မုံးကိုးမြို့ပေါ် ရပ်ကွက် (၇) တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့တို့ တစ်နာရီခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ရပ်ကွက်အတွင်းသို့ လက်နက်ကြီးအချို့ ပစ်ခတ်ခဲ့သည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
ယင်းနေ့ မတိုင်မီ ဒီဇင်ဘာ ၁၆ တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံး ရပ်ကွက်(၇) အတွင်းရှိ နေအိမ်တစ်လုံးကို ထိမှန်ခဲ့သည့်အတွက် အသက် ၅၀ ခန့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားသည်ဟု ထိုသူက ဆိုသည်။
ဒီဇင်ဘာ ၂၀ နှင့် ၂၁ ရက်များတွင် တိုက်ပွဲများ ငြိမ်သက်နေသလို မုံးကိုးဒေသခံများလည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“ကြောက်တော့ ကြောက်ကြတာပေါ့။ ဒါပေမဲ့လဲ မုံးကိုးရဲ့ နယ်မြေအနေအထားအရတော့ တိမ်းရှောင်မဲ့နေရာလဲ မရှိဘူး၊ ထွက်ပြေးမယ့်နေရာလဲ မရှိဘူး၊ လွတ်မြောက်မဲ့နေရာလဲ မရှိဘူးဆိုတော့ ပြည်သူတွေကလည်း ဇွတ်ပေပြီး နေနေတာပေါ့” ဟု အဆိုပါအမျိုးသားက ပြောသည်။
မုံးကိုးမြို့နှင့် အနီးအနားကျေးရွာများတွင်လည်း စစ်ကောင်စီတပ်၏ လှုပ်ရှားသွားလာမှုများ စိပ်လာသည့်အတွက် စစ်ရေးတင်းမာဆဲဖြစ် ကြောင်းနှင့် သတိထားပြီးနေထိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယခုနှစ် ဇွန်လပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဩဂုတ်လတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အ တွက် မုံးကိုးမြို့အရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ ကောင်းလုံကျေးရွာအုပ်စုမှ စစ်ရှောင် ၅၀၀ ကျော်သည် မုံးကိုးမြို့ခရစ်ယာန်နှစ်ချင်းဘုရားကျောင်း၌ ဆက်လက်ခိုလှုံနေရသည်။
ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဖောင်းဆိုင်ကျေးရွာအုပ်စုအတွင်းမှ ဒေသခံအချို့မှာ နီးစပ်ရာကျေးရွာများနှင့် တောထဲသို့ သွားရောက်ပုန်းအောင်းနေရသည်ဟု သတင်းရကြောင်း ဒေသခံတစ်ဦးက ပြောသော်လည်း လူဦးရေနှင့် အခြေအနေအသေးစိတ်ကို မသိရသေးပေ။
စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် နိုင်ငံတော်အာဏာကို လက်နက်ပြသိမ်းယူလိုက်သည့်နောက် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ခုခံမှုပြင်းထန်နေသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့များလှုပ်ရှားရာ မုံးကိုးဒေသကို စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် MNDAA ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် ၆ ဖွဲ့သည် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲရလဒ်များကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ထိုသို့ဆွေးနွေးပြီး ရက်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်က ကြည်းတပ်၊ လေတပ်နှင့် အမြောက်ကြီးများပါ အသုံးပြု၍ ကိုးကန့်လက် နက်ကိုင်အဖွဲ့ကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ myanmar now
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ နေအိမ်များနှင့် တိုက်ခန်းများအတွင်း လက်နက်ခဲယမ်းများ လျှို့ဝှက်စွာ သိမ်းဆည်းထားပါက ယခု ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာသို့ လာရောက်အပ်နှံကြရန် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးက လိုက်လံ နှိုးဆော်လျက် ရှိကြောင်း မြို့ခံများက ဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေပိုင်းတွင် ယင်းသို့ လိုက် လံနှိုးဆော်နေခြင်းဖြစ်ပြီး အချို့ရပ်ကွက်များအတွင်း ခွေးဖြင့် ရှုးတိုက်လွှတ်ခြင်း၊ ၎င်းတို့ နှိုးဆော်နေသည့် အသံကို ဖုံးသွားအောင် ဆောင်းဘောက်(အသံချဲ့စက်)ဖြင့် သီချင်းဖွင့်ခြင်းများ ပြုလုပ်ကာ ပြန်လည်ချေပခဲ့ကြသည်ဟု သိရသည်။
၎င်းတို့၏ ကြေညာချက်တွင် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ CRPHနှင့် PDF အဖွဲ့များမှနေ၍ ရပ်ကွက်များအတွင်းရှိ နေအိမ်များ၊ တိုက်ခန်းများတွင် သေနတ်၊ မိုင်းနှင့် ဆက်သွယ်ရေးပစ္စည်းများကို နည်းလမ်းမျိုးစုံ အသုံးပြု၍ လာရောက်အပ်နှံပါက သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များနှင့် ရပ်ကွက်၊ ကျေးရွာ အဆင့် အုပ်ချုပ်ရေးမှူးရုံးများသို့ လာရောက် အသိပေးအကြောင်း ကြားရန် နှိုးဆော်နေခြင်းဖြစ်သည်။
“လူထုမှာ သေနတ်နဲ့တူတာဆိုလို့ အိမ်က ကလေးကစားတဲ့ သေနတ်တောင်မထားရဲဘူး။ ဘုမသိ ဘမသိ သေနတ်ဆောင်ထားတယ် ပြောမှာစိုးလို့(ရီလျက်)။ ရန်ကုန်မြို့လို မြို့နယ်စုံမှာသာ လက်နက်ရောက်နေရင် မြို့သိမ်းတိုက်ပွဲက သူတို့ကြေညာချိန်တောင်ရမှာ မဟုတ်ဘူး။ အခုဟာက သူတို့ကိုယ်တိုင် နောက်ကျောမလုံလို့ ဖြဲခြောက်တဲ့ သဘောပါ” ဟု မြို့နယ်အတွင်း နေထိုင်သူက သူ၏အမြင်ကို ပြောသည်။
အကြမ်းဖက်သူ များနှင့် မသက်ဆိုင်သောသူများအား မလိုလားအပ်သော တရားဥပဒေအရ ရင်ဆိုင်မှုများ မရှိစေရေးအတွက် လာရောက် အ သိ ပေးအပ်နှံကြရန်နှင့် သတ်မှတ်ရက်အတွင်း လာရောက်မအပ်နှံပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးက နှိုးဆော်နေခြင်းဖြစ်သည်။ mizzima
ပုလဲ-ဂန့်ဂေါကားလမ်းတွင် မိုင်းရှင်းလင်းရေးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂၁ ရက်တွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာပြင်းထန်ကြောင်း PDF-GanGaw က သတင်းထုတ်ပြန်သည်။အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို PDF-GanGaw တပ်ခွဲ ၂၇ ပုံတောင်ပုံညာအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိဘဲ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ khit thit