ကော့ကရိတ်မြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် KNLA ပူး ပေါင်းတပ်ကြား ယမန်နေ့ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၅ ဦးထက်မနည်း သေ ဆုံး (ရုပ်/သံ)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအုပ်စုအတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးထက်မနည်းသေဆုံးကာ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်တွင် သေဆုံးဒဏ်ရာရသူများကို စစ်ကားကြီး ၁ စီးဖြင့် ကော့ကရိတ်မြို့ဘက်သို့ ပြန်လည် သယ်ဆောင်သွားကြောင်း သတင်းရရှိသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ သေဆုံးမှုစာရင်းကို ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင်သတင်းထုတ်ပြန်ခြင်းတော့ မရှိသေးပေ။နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီတပ်က တပ်စွဲထားရာ ရွှေကြက်မင်းဘုရားကုန်းမှတဆင့် လက်နက်ကြီး (၃၀) ချက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။ khit thit