Monthly Archives: Dec 2021

၁၀ နှစ်ကြာ အိမ်မပြန်နိုင်သေးတဲ့ ကချင်စစ်ရှောင်ပြည်သူများရဲ့ ခရစ္စမတ်

ဒီဇင်ဘာလ ရောက်တိုင်း ခရစ်တော် မွေးဖွားတဲ့ ခရစ္စမတ်ကာလဟာ နှစ်စဉ်နှစ်တိုင်းရောက်လာပေမဲ့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ ပြည်သူတွေရဲ့ နေရပ်ပြန်ချိန်ကတော့ အခုချိန်ထိရောက်မလာသေးပါဘူး။

ကချင်ပြည်နယ်က စစ်ရှောင်ပြည်သူ အများစုဟာ အခုလိုမျိုး ခရစ္စမတ်ကာလကို စစ်ရှောင်စခန်းထဲမှာ နေထိုင်ရင်း ဖြတ်သန်းလာတာ ဆယ်စုနှစ်တခုကျော် ရှိလာပါပြီ။

ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ခရစ္စမတ်ပွဲတော်ကို စစ်ရှောင်ပြည်သူတွေက နေရပ်ပြန်ပြီးမိမိတို့ရဲ့ နေရပ်ဒေသ ကျေးရွာတွေမှာ မိတ်ဆွေ၊သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ နွေးနွေးထွေးထွေး ကျင်းပချင်ပေမဲ့ လက်ရှိအခြေအနေမှာတော့ နေရပ်ပြန်နိုင်ဖို့ အိပ်မက်တွေက အလှမ်းဝေးနေဆဲပါ။ DVB

သာကေတမြို့နယ် ၇ စျေးလမ်းဆုံရှိ Mytel ရုံးအားဖောက်ခွဲမှုပြုလုပ်

ရန်ကုန်တိုင်း၊သာကေတမြို့နယ် ၇ စျေးလမ်းဆုံရှိ Mytel ရုံးအား ဒီဇင်ဘာလ ၂၃ရက် ညနေ၃နာရီ၅၅မိနစ်အချိန်တွင် ဖောက်ခွဲခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။”ကျနော်တို့ ၇ စျေးလမ်းဆုံ က mytelရုံးကိုဖောက်ခွဲ ခဲ့ပါတယ်ခင်ဗျ အတွင်းပိုင်းကတော့ထိခိုက်မှုရှိပါတယ် လူထိခိုက်မှုတော့ပြန်လည်စီစစ်နေပါတယ်ဗျ၊ရှို့ပစ်နဲ့ အထဲကို ပစ်ထည့်ခဲ့တာ”ဟု People Defence Force – Unity အဖွဲ့ကပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်မှု အခြေအနေကို မသိရသေးပဲ စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီ ရဲ့ထောက်တိုင် တွေမှန်သမျှ စစ်ကောင်စီကိုအလုပ်အကျွေးပြု နေသမျှအားလုံး ဟာကျွန်တော်တို့ပြည်သူတွေနဲ့ရန်သူပါပဲ အဲ့အတွက်ရှင်းလင်းဖို့ဝန်မလေးပါဖူးဟုလည်း၎င်းအဖွဲ့ကပြော သည်။

“ပေါက်သွားတာအိမ်နဲ့နီးနီးလေး အသံအကျယ်ကြီးပဲ၊အိမ်တောင်တုန်သွားတယ်”ဟု အနီးအနားနေ ဒေသခံတစ်ဦးကပြောသည်။နိုဝင်ဘာ လ ၂၀ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။ mizzima

ပုလဲတွင် PDF တပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက် ပွဲဖြစ်ပွားကာ စစ်သား ၃ဦး သေဆုံးပြီး၊ စစ် တပ်က ရဟတ်ယာဉ်များ အသုံးပြုကာ ပစ် ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကံပေါက်ရွာနှင့် ဖိုကုန်းညာင်ကုန်းရွာကြားတွင် ယနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ နံနက် ၁ဝနာရီခန့်က အင်အား ၃၉ ယောက်ပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသခံ PDF တပ်ဖွဲ့ ၃ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ဦးသေဆုံးပြီးနောက် စစ်တပ်က ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ပုလဲပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဌာနချုပ်ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ပန်းရွာ အနောက်မြောက်ဘက်မှ နွယ်ရှောက်၊ ကံပေါက်ရွာတောတွေ ကျွေးရွာများကို ဖြတ်ကျော်ပြီး ကံပေါက်ရွာနှင့် ဖိုကုန်းညာင်ကုန်းရွာ ကြားတွင် PDF တပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ခြင်းကြောင့် ပိတ်မိနေစဉ် ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” သူတို့က PDF တပ်ဖွဲ့ဝင်တွေ ဝိုင်းတိုက်တော့ ပိတ်မိနေတာ အဲတာနဲ့ ရဟတ်ယာဉ်ကို စစ်ကူတောင်းလားတော့ မသိဘူး။ ချက်ခြင်းကို ရောက် လာပြီး ရဟတ်ယာဉ်က မနားတမ်းကို ပစ်တော့တာပဲ အဲလိုရဟတ်ယာဉ် ရောက်လာပြီးတော့ တိုက်ပွဲကငြိမ်သွားတယ်။ စစ်ခွေးတွေက ပြည်သူ ၂ဦးကိုဖမ်းပြီးတော့ ဒိုင်းပုံစံ ရှေ့ကနေ သွားခိုင်းပြီး ပုလဲမြို့ကို ပြန်ဆုတ်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ထို တိုက်ပွဲတွင် ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ်အဖွဲ့ဝင်ဖြစ်သော ပုလဲ မြေပြန့်ဒေသ ကာကွယ်ရေးအင်အားစု (PPDG)၊ ကျားသစ်နက်တပ်ဖွဲ့ နှင့် Pale People’s Defence Force(PPDF)အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

မကွေးနှင့် စစ်ကိုင်းတိုင်းတွင် စစ်တပ်က ထိုး စစ်ဆင် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦးထိမှန်

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ နေလယ်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ် ထိုးစစ်ဆင်နေပြီး လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ပြည်သူ ၂ ယောက် လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂန့်ဂေါမြို့နယ်နဲ့ ကလေးမြို့နယ်တွေမှာ ရဟတ်ယာဥ်တွေနဲ့  တောက်လျှောက်ဝဲနေပြီးတော့ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာ စာသင် ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နတ်ချောင်းရွာဒေသခံတစ်ယောက်က ပြောပါတယ်။

“ရဟတ်ယာဥ်တွေနဲ့ နတ်ချောက်းဘက်ကို လာပစ်တာ ၅ ခေါက်ရှိသွားပြီ။ နတ်ချောင်းစာသင်ကျောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ထွက်ပြေးတိမ်ရှောင်ပြီး ပုန်းနေတဲ့ နတ်ချောင်ရွာကားတစ်ယောက်နဲ့ ကလေးငယ် တစ်ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်။”

နတ်ချောင်းရွာနားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ ပြင်းထန်နေတာကြောင့် နတ်ချောင်းရွာအပါဝင် အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံပြည်သူ ၂၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ် နဲ့ ကျောမြို့ကြားမှာ စစ်ကောင်စီယာဥ်တန်း မိုင်ဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ကျောမြို့ က.ပ.စ ကနေ နောက်ထပ် စစ်ကား ၂၇ စီးပြန်ထပ်ထွက်လာပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါနဲ့ ကလေးမြို့နယ်တွေက ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးတာတွေပြုလုပ်သလို ပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူပြီး ပြည်သူတွေ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျောမြို့ဘက်ကနေ ဂန့်ဂေါဘက်ထွက်လာတဲ့ ခရီးသွားပြည်သူတွေရဲ့ ကားတွေကိုလည်း ဒီကနေ့မနက်ပိုင်းက သေနတ်တွေပစ်ဖောက် ခြိမ်းခြောက်ကာ ကားတစ်စီးကို ငွေ ၅၀၀၀၀ ကျပ်နှုန်း တောင်းယူနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကားသမားတစ်ယောက်က ပြောပါတယ်။

“ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းတွေကို ဖြတ်သန်းသွားလာတာတွေမပြုလုပ်ဖို့ ထုတ်ပြန်ထားပေမယ့် ကားတွေက လမ်းမှာပိတ်မိနေလို့ ရသလောက်လေး ရှေ့တိုးကြတာ။ ကားအစီးရေ တော်တော်များတယ်ဗျ။ ကားကြီးတွေရော အိမ်စီးကားတွေပါ၊ တစ်စီးကို ၅၀၀၀၀ ကျပ်ပေးရတာ” လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နဲ့ ကျောမြို့ကြား ပုံညာအဆင်းမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်လောက်က   စစ်ကောင်စီယာဥ်တန်း ကား ၂၄ စီးကို YDF-ကျော တပ်ရင်း (၁၂)က မိုင်း ၈ လုံးခွဲပြီး လက်လုပ်လောင်ချာနဲ့ ၄ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ YDF-ကျော ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ YDF ကျောတပ်ဖွဲ့က မိုင်းဆွဲပြီးတော့ လက်လုပ်လောင်ချာနဲ့ ပစ်ခတ်တဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေ ကားပေါ်ကနေ လွင့်ထွက်သွားတာတွေ့ရတယ်ဗျ။ စစ်ကောင်စီတပ်သား ၃၀ ကျော်လောက်သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် YDF က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲ အတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေနေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာလည်း ဒီဇင်ဘာလ ၁၇ ရက်နေမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ရဟတ်ယာဥ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၉ ယောက်ကျဆုံးခဲ့ပါတယ်။ DVB

စစ်မီးဒဏ်သင့် ဘုရားကျောင်းများနှင့် အိုးအိမ်စွန့်ခွာပြည်သူများ၏ ခရစ္စမတ်

စစ်ကောင်စီတပ်တွေက ခရစ်ယာန်ဘာသာရေးဆိုင်ရာအဆောက်အဦတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာကြောင့်  ဒီနှစ်ခရစ္စမတ်ပွဲတော်ကို  မိမိတို့ သက်ဆိုင်ရာ ဘုရားကျောင်းတွေမှာ ကျင်းပခွင့်မရနိုင်တော့တဲ့အတွက်  ခရစ်ယာန်ဘာသာ၀င်တွေ စိတ်ထိခိုက်နေရပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ချင်း၊ ကချင်၊ ကရင်နီနဲ့ တခြားဒေသတွေက ဘာသာရေးဆိုင်ရာအဆောက်အဦတွေနဲ့ လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးတာတွေရှိနေသလို လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ဆက်တိုက်ကျူးလွန်နေပါတယ်။

စစ်တပ်ရဲ့  ဖျက်ဆီးခံရတဲ့အထဲမှာ ကယားပြည်နယ်(ကရင်နီ) အတွင်းက ခရစ်ယာန် ဘာသာ ဆိုင်ရာအဆောက်အဦတချို့လည်း ပါဝင်တာကြောင့် ခရစ်ယာန်ဘာသာ၀င်တွေဟာ လုံခြုံရေး အခြေနေအရ မိမိတို့ဘုရားကျောင်းတွေမှာ ခရစ္စမတ်ပွဲတော်ကို မကျင်းပဖြစ်တော့တဲ့အ တွက် စိတ်ထိခိုက်နေကြတာပါ။

ဒေသခံတဦးက “ကိုယ့်ရဲ့ဘာသာပွဲတခု နှစ်တိုင်းကျင်းပတဲ့အချိန် ဒီနှစ်ထဲမှာ မကျင်းပရတော့ တော်တော်ကို ဝမ်းနည်းရပါတယ်။ မလိုပြောရမှန်းမသိဘူး။ စိတ်က တမျိုးကြီးဖြစ်တာပေါ့။” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်က နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့ အိုးအိမ်မဲ့သွားတဲ့ ပြည်သူတွေမှာ စစ်နဲ့ဝေးတဲ့ တောတောင်တွေထဲမှာ ဖြစ်သလို တဲထိုးနေထိုင်နေရပါတယ်။ ဒါပေမဲ့ ကိုးကွယ်ယုံကြည်မှုကို ဖျက်ဆီးပစ်လို့ မရတာကြောင့် မိမိရောက်ရှိရာနေရာမှာ ယာယီဝတ်ပြုဆောင် ဆောက် လုပ်ပြီး ဆုတောင်းဝတ်ပြုနေကြပါတယ်။

“ဘယ်လိုပုံ ဘယ်လိုနည်း လုပ်ရမလဲ၊ မလုပ်ရဘူးလဲ အဲလိုမျိုးပေါ့၊ အဓိက အခြေအနေတခုပါပဲ။ ဟို နှစ်တိုင်းခရစ္စမတ်ဆိုတာ မွေးဖွားခြင်းနဲ့ ပျော်ရွှင်ခြင်း၊ ဒီတနှစ်တော့ ဝမ်းနည်းခြင်းပဲ ဖြစ်သွားတယ်။ ဒါပေမဲ့ အားမကျဘူး။ ဆုတောင်းတာက ဘယ်နေရာပဲဖြစ်ဖြစ် ကိုယ့်ခရစ္စမတ်ကိုယ်လုပ်၊ ဒီမှာ မလုပ်ရသော်လည်းကောင်းပေါ့။ အမှန်ဆို ဒီမှာ လုပ်ရတယ်ဆို အကောင်းဆုံးပေါ့။ ”လို့ ကရင်နီ ဒေသခံပြည်သူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့က စစ်ဘေးဒဏ်သင့်‌နေကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေကတော့ စစ်အာဏာရှင်အမြန်ဆုံးကျဆုံးပြီး  အရေးတော်ပုံအောင်မြင်ဖို့ နေ့စဉ်ဝတ် ပြုဆုတောင်းကြပါတယ်။

“အများကြီးတော့ ဆုတောင်းချင်တယ်။ ဒါပေမဲ့ အဓိကကတော့ မြန်မာပြည် အရေးတော်ပုံ အောင်ပါစေလို့ အဲလိုပဲ အဓိက ဆုတောင်းချင်တယ်။”လို့  ခရစ်ယာန်ဘာသာဝင် အမျိုးသမီးငယ်တစ်ဦးက ပြောပါတယ်။ 

လက်ရှိ ကယားပြည်နယ်မှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီပြီး ရှိနေပါတယ်။ သူ‌တို့တွေဟာ အိုးအိမ်နဲ့ ရပ်ရွာကို စွန့်ခွာနေရပေမယ့် ခရစ္စမတ်ပွဲကို ရောက်ရှိရာနေရာမှာ ရသလို ကျင်းပသွားကြမယ်လို့ ဆိုကြပါတယ်။ 

ခရစ်ယာန်ဘာသာဝင်တွေ အလေးအမြတ်ထားတဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလကို မထောက်ထားဘဲ ချင်းပြည်နယ်ကို အင်အားသုံးထိန်းချုပ်ဖို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိပြင်ဆင်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး တာဝန်ရှိသူကပြောပါတယ်။

မင်းတပ်မြို့ကိုလည်း စစ်ကောင်စီက စစ်ကြောင်း ၂ ခုနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဒီနှစ်ခရစ္စမတ်မှာ တော်လှန်ရေးကိုပဲ လူငယ်တွေက ဦး စားပေးထားတယ်လို့ မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီဒေသမှာ ခရစ်ယာန်ဘုရားကျောင်း ၇ ကျောင်း ပျက်စီးသွားတယ်လို့  တိုး တက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံဘုရားကျောင်း၊ ကယန်းသာယာဘုရားကျောင်း၊ ဒီးမော့ဆို စိန့်ဂျိုးဇက်ဘုရားကျောင်း၊ ဒေါငံခါးငြိမ်းချမ်းရေး ဘုရင်မဘုရားကျောင်း၊ ဒီးမော့ဆို နှစ်ခြင်းဘုရားကျောင်း၊ ဖရူဆိုဘုရားကျောင်း၊ ၆ မိုင် ဘုရားကျောင်းတို့ကို စစ်ကောင်စီစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ကာသီဒြယ်ဘုရားရှိခိုးကျောင်းတော်ကြီးအပါအဝင် တခြားဘုရားရှိခိုးကျောင်းတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေကို ပစ်ခတ် ဖျက် ဆီးတာ ထပ်မလုပ်ဖို့  ဖယ်ခုံ ဂိုဏ်းအုပ်ဆရာတော်ကြီးကလည်း  စစ်ကောင်စီတပ်ကို မေတ္တာရပ်ခံထားပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမှာ ပြည်သူလူထုတွေ အခက်အခဲ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် ၂၀၂၁ ခု ခရ စ္စမတ်ပွဲတော်မြတ်နဲ့ ခရစ်နှစ် ၂၀၂၂ ခု နှစ်ကူးပွဲရက်တွေအတွက် ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘုရားကျောင်းတွေမှာအလှဆင်တာ မလုပ်ဖို့ မန္တလေးကက် သလစ် ဂိုဏ်းချုပ်သာသာပိုင်အဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။ DVB

သာကေတမြို့နယ် ၇ စျေးလမ်းဆုံရှိ Mytel ရုံးအားဖောက်ခွဲမှုပြုလုပ်

ရန်ကုန်တိုင်း၊သာကေတမြို့နယ် ၇ စျေးလမ်းဆုံရှိ Mytel ရုံးအား ဒီဇင်ဘာလ ၂၃ရက် ညနေ၃နာရီ၅၅မိနစ်အချိန်တွင် ဖောက်ခွဲခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ထံမှသိရသည်။

“ကျနော်တို့ ၇ စျေးလမ်းဆုံ က mytelရုံးကိုဖောက်ခွဲ ခဲ့ပါတယ်ခင်ဗျ အတွင်းပိုင်းကတော့ထိခိုက်မှုရှိပါတယ် လူထိခိုက်မှုတော့ပြန်လည်စီစစ်နေပါတယ်ဗျ၊ရှို့ပစ်နဲ့ အထဲကို ပစ်ထည့်ခဲ့တာ”ဟု People Defence Force – Unity အဖွဲ့ကပြောသည်။အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်မှု အခြေအနေကို မသိရသေးပဲ စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီ ရဲ့ထောက်တိုင် တွေမှန်သမျှ စစ်ကောင်စီကိုအလုပ်အကျွေးပြု နေသမျှအားလုံး ဟာကျွန်တော်တို့ပြည်သူတွေနဲ့ရန်သူပါပဲ အဲ့အတွက်ရှင်းလင်းဖို့ဝန်မလေးပါဖူးဟုလည်း၎င်းအဖွဲ့ကပြောသည်။

“ပေါက်သွားတာအိမ်နဲ့နီးနီးလေး အသံအကျယ်ကြီးပဲ၊အိမ်တောင်တုန်သွားတယ်”ဟု အနီးအနားနေ ဒေသခံတစ်ဦးကပြောသည်။နိုဝင်ဘာလ ၂၀ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၁၀ တောင်ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဗုံးပစ်တိုက်ခိုက်ခဲ့သေးသည်။ mizzima

စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်များ ဝမ္မသူး တိုက်နယ်ဆေးရုံအတွင်း ကျရောက်ပေါက်ကွဲ၊ မင်းတပ်နှင့် ထီးလင်းအစပ်အတွင် စစ်ကောင်စီနှင့် CDF၊ YDF ကြား နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာအတွင်းသို့ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည် ၁ လုံးသည် တိုက်နယ်ဆေးရုံဝန်းအတွင်းရှိ အမျိုးသမီး လူနာဆောင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ် The Mindat Post တွင် ရေးသားဖော်ပြသည်။

”ဝမ္မသူးကျေးရွာတိုက်နယ် ဆေးရုံပေါ်ကို လက်နက်ကြီး ၃ ချက်လောက်ကျတဲ့အထဲမှာ အမျိုးသမီး လူနာဆောင်ကြားမှာ အဆောက်အဦပေါ် တည့်တည့်တစ်လုံးကျတယ်။ ၂ ကြိမ်က ဆေးရုံဝန်းထဲလို့ ပြောတယ်။ ပျက်စီးမှု အတိုင်းအဆကို ဆက်ပြီး စုံစမ်းနေပါတယ်” လို့ မင်းတပ်မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။

ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဝမ္မသူးကျေးရွာတွင် တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF မင်းတပ်တပ်ဖွဲ့ကြား ဝမ္မသူးကျေးရွာအုပ်စု၊ ခွီးရိန်ရွာအတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၅ ဦးကျဆုံးခဲ့ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။မင်းတပ်မြို့နယ် မြောက်ပိုင်းနှင့် ထီးလင်းမြို့နယ်အနောက်တောင်ဘက်ရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF၊ YDF ပူးပေါင်းတပ်ဖွဲ့ကြား ဒီဇင်ဘာလ ၁၇ ရက်မှ စတင်ကာ နေ့စဉ်ရက်ဆက် တိုက် ပွဲများ ဖြစ်ပွားနေသည်။ khit thit

လေးကေ့ကော်မှ ဖမ်းဆီးသွားသူများ၏ မိ သားစုဝင်များကို မအူပင်မြို့နယ်၌ စစ်တပ်က ရှာဖွေနေ

လေးကေ့ကော်မြို့သစ်ကနေ ဖမ်းဆီးခံခဲ့ရသူတွေရဲ့ မိသားစုတွေကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဒီဇင်ဘာ တတိယပတ်ကစတင်ပြီး စစ်ကောင်စီက လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မအူပင်မြို့နယ်ကနေ လေးကေ့ကော်မြို့သစ်ထဲမှာ သွားရောက်ခိုလှုံနေတဲ့ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပရဟိတသမားတွေ အားလုံး ၁၂ ယောက်  ဖမ်းဆီးခံရပြီးနောက်ပိုင်း မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“အောင်ဟိတ်ကျေးရွာနဲ့ ချောင်းဖျားကြီးကျေးရွာကို စမိတဲ့နေ့ကဝင်ရှာတယ်။ အဲ့နောက် မြို့ပေါ်မှာပါ မထင်ရင် မထင်သလို ဝင်စစ်တာတွေလုပ်လာတယ်။ ဧည့်စာရင်းစစ်တယ်ဆိုပြီး လိုက်ရှာနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။ 

လေးကေ့ကော်မြို့သစ်ထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ မအူပင်မြို့သားတွေရဲ့ ဖုန်းနဲ့ ပိုက်ဆံတွေက စစ်ကောင်စီက သိမ်းဆည်းကာ ဖုန်းထဲမှာ ပြော ဆိုထားတဲ့စာရင်းတွေကို စစ်ပြီး လိုက်လံရှာဖွေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ 

လေးကေ့ကော်မြို့သစ်ထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ မအူပင်မြို့သား ၁၂ ဦးကို စစ်ကောင်စီက  ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို မိသားစုဝင်တွေဟာ အိမ်မှာမနေတော့ဘဲ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင် ၊ လေးကေ့ကော်မြို့သစ်ကို  စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၄ ရက်မှာ ကျူးကျော်ဝင်ရောက်လာပြီး လွှတ် တော်ကိုယ်စားလှယ်နဲ့ CDM ဆရာဝန်တွေအပါအဝင် ခိုလှုံနေတဲ့ ပြည်သူတွေကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။ DVB

« Older Entries