စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးကျည်များ ဝမ္မသူး တိုက်နယ်ဆေးရုံအတွင်း ကျရောက်ပေါက်ကွဲ၊ မင်းတပ်နှင့် ထီးလင်းအစပ်အတွင် စစ်ကောင်စီနှင့် CDF၊ YDF ကြား နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးကျေးရွာအတွင်းသို့ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲပြီး လက်နက်ကြီးကျည် ၁ လုံးသည် တိုက်နယ်ဆေးရုံဝန်းအတွင်းရှိ အမျိုးသမီး လူနာဆောင်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းရင်းမြစ် The Mindat Post တွင် ရေးသားဖော်ပြသည်။

”ဝမ္မသူးကျေးရွာတိုက်နယ် ဆေးရုံပေါ်ကို လက်နက်ကြီး ၃ ချက်လောက်ကျတဲ့အထဲမှာ အမျိုးသမီး လူနာဆောင်ကြားမှာ အဆောက်အဦပေါ် တည့်တည့်တစ်လုံးကျတယ်။ ၂ ကြိမ်က ဆေးရုံဝန်းထဲလို့ ပြောတယ်။ ပျက်စီးမှု အတိုင်းအဆကို ဆက်ပြီး စုံစမ်းနေပါတယ်” လို့ မင်းတပ်မြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။

ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဝမ္မသူးကျေးရွာတွင် တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF မင်းတပ်တပ်ဖွဲ့ကြား ဝမ္မသူးကျေးရွာအုပ်စု၊ ခွီးရိန်ရွာအတွင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၅ ဦးကျဆုံးခဲ့ကြောင်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။မင်းတပ်မြို့နယ် မြောက်ပိုင်းနှင့် ထီးလင်းမြို့နယ်အနောက်တောင်ဘက်ရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF၊ YDF ပူးပေါင်းတပ်ဖွဲ့ကြား ဒီဇင်ဘာလ ၁၇ ရက်မှ စတင်ကာ နေ့စဉ်ရက်ဆက် တိုက် ပွဲများ ဖြစ်ပွားနေသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s