ပုလဲတွင် PDF တပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက် ပွဲဖြစ်ပွားကာ စစ်သား ၃ဦး သေဆုံးပြီး၊ စစ် တပ်က ရဟတ်ယာဉ်များ အသုံးပြုကာ ပစ် ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကံပေါက်ရွာနှင့် ဖိုကုန်းညာင်ကုန်းရွာကြားတွင် ယနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ နံနက် ၁ဝနာရီခန့်က အင်အား ၃၉ ယောက်ပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသခံ PDF တပ်ဖွဲ့ ၃ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ဦးသေဆုံးပြီးနောက် စစ်တပ်က ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ပုလဲပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဌာနချုပ်ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ပန်းရွာ အနောက်မြောက်ဘက်မှ နွယ်ရှောက်၊ ကံပေါက်ရွာတောတွေ ကျွေးရွာများကို ဖြတ်ကျော်ပြီး ကံပေါက်ရွာနှင့် ဖိုကုန်းညာင်ကုန်းရွာ ကြားတွင် PDF တပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ခြင်းကြောင့် ပိတ်မိနေစဉ် ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” သူတို့က PDF တပ်ဖွဲ့ဝင်တွေ ဝိုင်းတိုက်တော့ ပိတ်မိနေတာ အဲတာနဲ့ ရဟတ်ယာဉ်ကို စစ်ကူတောင်းလားတော့ မသိဘူး။ ချက်ခြင်းကို ရောက် လာပြီး ရဟတ်ယာဉ်က မနားတမ်းကို ပစ်တော့တာပဲ အဲလိုရဟတ်ယာဉ် ရောက်လာပြီးတော့ တိုက်ပွဲကငြိမ်သွားတယ်။ စစ်ခွေးတွေက ပြည်သူ ၂ဦးကိုဖမ်းပြီးတော့ ဒိုင်းပုံစံ ရှေ့ကနေ သွားခိုင်းပြီး ပုလဲမြို့ကို ပြန်ဆုတ်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ထို တိုက်ပွဲတွင် ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဌာနချုပ်အဖွဲ့ဝင်ဖြစ်သော ပုလဲ မြေပြန့်ဒေသ ကာကွယ်ရေးအင်အားစု (PPDG)၊ ကျားသစ်နက်တပ်ဖွဲ့ နှင့် Pale People’s Defence Force(PPDF)အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit