စစ်ကောင်စီ၏ တပ်ရင်းများကို KIA နှင့် PDF က စတင် ပူးပေါင်းတိုက်ပြီး နံနက်ပိုင်း ခမရ ၃၈၃၊ ၃၈၄ နှင့် ညနေတွင် ဖားကန့်တပ်ကို ဝင်တိုက်၊ စစ်တပ်ဘက်မှ ၇၀ နီးပါး သေဆုံးနိုင်ပြီး လက်နက်အများအပြား သိမ်း ဆည်းရမိ

ကချင်ပြည်နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းများကို KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစတင်၍ တိုက်ခိုက်လျက်ရှိပြီး နံနက်ပိုင်းတွင် မိုးကောင်းမြို့နယ် ခမရ ၃၈၃၊ ၃၈၄ နှင့် ညနေတွင် ဖားကန့်တပ်ကို တိုက်ခိုက်ကြောင်း KIA သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
နံနက်ပိုင်းနှင့် ညနေပိုင်း တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးနိုင်ပြီး လက်နက်အများအပြား သိမ်း ဆည်းရမိကြောင်း KIA သ တင်းရင်းမြစ်က ပြောသည်။
“ညနေ ၄ နာရီ ၁၅ လောက်ကနေ ၅ နာရီကျော် ဖားကန့်ဆိုင်းတောင်ရွာ၊ တောင်ပေါ် ဘုန်းတော်ကြီးကျောင်းဘေးနားမှာ တပ်မ ၃၃ ရဲ့ တပ်ရင်းကို သွားတိုက်တာ။ စစ်တပ်တွေ လူစုကွဲသွားတယ်။ ၀ိုင်းတွယ်တာ စစ်တပ်ဘက်က တော်တော်ကျတယ်။ အခုတော့ ပြန်ငြိမ်သွားပြီ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။
အလားတူ ယနေ့ နံနက် ၃ နာရီအချိန် မိုးကောင်းမြို့နယ်၊ ခမရ ၃၈၄ နှင့် ၃၈၃ ကို KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက် သိမ်း ပိုက်ပြီး လက်နက်အများအပြား သိမ်းယူခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားနိုင်ကြောင်း ပြောဆိုကြသည်။ ယနေ့ ဖားကန့်တပ်နှင့် မိုးကောင်းမြို့နယ် စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် စုစုပေါင်း စစ်ကောင်စီတပ်သား ၇၀ နီးပါး သေဆုံးနိုင်သည်ဟု ခန့်မှန်းကြောင်း KIA သတင်းရင်းမြစ်တချို့က ပြောသည်။
” စစ်တပ်ဘက်က ၇၀ လောက်သေနိုင်တယ် မှန်းတယ်။ မိုးကောင်းမှာလည်း သူတို့ဘက်က အတော်သေတယ်။ ညနေ ဖားကန့်မှာလည်း အ တော်သေတယ်။ အတိအကျ တော့ မပြောနိုင်ပေမယ့် ခန့်မှန်းတော့ ၇၀ လောက်တော့ သေလောက်တယ်” ဟု KIA သတင်းရင်းမြစ်ကဆို သည်။ khit thit