နတ်ချောင်း ကျေးရွာတွင် စစ်တပ်က ပြည်သူ ၁၀ ဦးထက်မနည်း ပစ်သတ်




စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊နတ်ချောင်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ စစ်ကြောင်းများ ကျေးရွာအတွင်း ဝင်ရောက်လာကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးပြီး အပြစ်မဲ့ ပြည်သူ ၁ဝဦးထက်မနည်း ပစ်သတ်ခံရကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။
လက်ရှိချိန်တွင် နတ်ချောင်းကျေးရွာအတွင်းရှိ စစ်ကောင်စီ ပစ်သတ်ခဲ့သည့် ရုပ်အလောင်းများကို ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ – ကလေး)က ပြန်လည် ထုတ်ယူနေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အပြန်အလှန် ပစ် ခတ်မှု ဖြစ်ပွားနေခြင်းကြောင့် သေဆုံးသူ အမည်များနှင့် သေဆုံး အရေအတွက်ကို အတိအကျ မသိရှိရသေးကြောင်း L.D.F – KALAY ကထုတ်ပြန်ထားသည်။
အဆိုပါ နတ်ချောင်းကျေးရွာတွင် အိမ်ခြေ ၂၀၀၀ ကျော်ခန့်ရှိပြီး လက်ရှိချိန်ထိ ရွာလုံးကျွတ် ထွက်ပြေးရကာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာများ အနီးတစ်ဝိုက်တွင် လှည့်လည် သွားလာနေကြောင်း ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။ khit thit