မြင်းခြံမြို့နယ် လယ်သစ်ရွာသား ၁ ဦး ပျူစောထီးများ ညှဉ်းဆဲ၍ သေဆုံးဟု ရွာခံများပြော

မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာသား တစ်ဦးကို ပျူစောထီး အဖွဲ့ဝင်များက ခြေထိတ်တုံးခတ်၍ ခန္ဓာကိုယ်အား ရေလောင်း ညှဉ်းဆဲသော ကြောင့် ယနေ့ နံနက်ပိုင်းတွင် အအေးပတ် သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
သေဆုံးသွားသူမှာ အသက် ၂၀ ကျော်အရွယ် ကိုကုလားဆိုသူဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် ပျူစောထီး အဖွဲ့ဝင်များနှင့် စကား အ ချေအတင် ဖြစ်ကြရာမှ ပျူစောထီးအဖွဲ့ဝင်များက စစ်ကောင်စီအဖွဲ့များ တပ်စွဲထားသည့် မူလတန်းလွန်ကျောင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကာ ညှဉ်းဆဲခဲ့ခြင်း ဖြစ်ကြောင်း လယ်သစ် ရွာခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
“ပျူစောထီး အဖွဲ့ခေါင်းဆောင် ကိုပေါက်က ဦးဆောင်ပြီး အဖွဲ့ဝင် ငါးယောက်က သူ့ကို ညဘက်ကြီး အရမ်းအေးနေတဲ့ အချိန်ကို ရေတွေဆက်တိုက် ခေါင်းကလောင်းပြီး ဝိုင်းရိုက်ကြတာ။ ဒီနေ့မနက် ကျဆုံးသွားတယ်။ သူ့ကို နှိပ်စက်တာကတော့ ပျူစောထီးအဖွဲ့ကြီးပဲ။ စစ်သား ရှေ့မှာ နှိပ်စက်တာ။ ကိုကုလားရဲ့ သား ၊သမီး နှစ်ယောက်က သူ့အဖေ အလောင်း သွားတောင်းတာ မပေးဘဲ တွန်းချပြီး ကျောင်းဝင်း တံခါးပါ ပိတ်လိုက်တယ်”ဟု ၎င်းက ပြောသည်။
ကိုကုလား ဖမ်းဆီးခံရပြီးသည့်နောက် လယ်သစ်ရွာခံ အချိူ့လည်း ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင် စီ တပ်သားများနှင့် ပျူစောထီး အဖွဲ့ဝင်များသည် လယ်သစ်ကျေးရွာရှိ နေအိမ်များကို ဖျက်ဆီး ဖောက်ထွင်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေ သခံများထံက သိရသည်။ mizzima