ထိုင်း နယ်စပ်ဂိတ် ၂ ခုတွင် မြန်မာနိုင်ငံသား ၇၀ နီးပါး အဖမ်းခံရ

ထိုင်း-မြန်မာ နယ်စပ်ဂိတ် နှစ်ခုတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၉ ဦးကို နှစ်ရက် ဆက်တိုက် ဖမ်းမိခဲ့ကြာင်း ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ Army PR Center လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၄ ဦး သည် ထိုင်း-မြန်မာ နယ်စပ်ဖြစ်သော ရနောင်း-ကော့သောင်း နယ်စပ်ဂိတ် တောလမ်းတွင် ဒီဇင်ဘာ လ ၂၅ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း Army PR Center လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့အပြင် ဒီဇင်ဘာလ ၂၆ ရက်နေ့ကလည်း မြန်မာနိုင်ငံသား ၂၅ ဦးကို မြန်မာ-ထိုင်း နယ်စပ် ကန်ကျနဘူရီခရိုင်နှင့် ထားဝယ်ခရိုင် ထိစပ်နေသော ထီးခီးနယ်စပ်ဂိတ်တွင် ဖမ်းဆီးခဲ့သည်။၎င်းတို့၏ ထွက်ဆိုချက်အရ ထိုင်းနိုင်ငံ၌ အလုပ်သွားလုပ်ရန် ပွဲခ တစ်ဦး ဘတ် ၂၀၀၀၀ မှ ဘတ် ၂၅၀၀၀ အထိ ပေး၍ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်း၌ ပြောဆိုထားသည်။ mizzima