ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ကျောင်းသား ကိုအောင်ဘုန်းကျော်ကို စစ်တပ်က ဖမ်းဆီးပြီး ၁ ရက် အကြာ စစ်ကြောရေးတွင် သတ်ဖြတ်

ရန်ကုန် တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုအောင်ဘုန်းကျော်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တာမွေမြို့နယ်တွင် ဖမ်းဆီးသွားပြီးနောက် ၁ရက်အကြာ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။
ကိုအောင်ဘုန်းကျော်သည် အာဏာရှင်ကို အသက်စွန့်ကာ အန်တုခဲ့ခြင်းကြောင့် ကျောင်းသား အာဇာနည်တစ်ဦးအဖြစ် ဦးညွှတ်အလေးပြုကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ဆုံးခန်းတိုင် လျှောက်လှမ်းမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်ထားသည်။ khit thit