တနိင်း၊ ရှဒူဇွပ်ကျေးရွာအနီးတွင် စစ်ကောင်စီဘက်တော်သားဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့နှင့် KIA တိုက်ပွဲဖြစ်ပြီး ပြည်သူ့စစ်များ သေဆုံးထိခိုက်မှုရှိ၊ စစ်အသုံးအဆောင်များနှင့် ကား ၁ စီးကို KIA သိမ်းဆည်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာအနီး လမ်းလေးဆုံတွင် ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်း ဖက်စစ်ကောင်စီလက်ပါးစေ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်ကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့မှ ထိခိုက်ကျဆုံးမှုများကာ 4×4 ကား ၁ စီးကို KIA က သိမ်းဆည်းလိုက်နိုင်ကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေအတွင်းသို့ ဝင်ရောက်လာသော ပြည်သူ့စစ်တပ်ဖွဲ့ကို KIA က တိုက်ခိုက်ခြေမှုန်းခဲ့ပြီး ပြည်သူ့စစ်များ၏ လက်နက်များ၊ စစ်အသုံးအဆောင်ပစ္စည်းများအပြင် 4×4 ကား ၁ စီးကို KIA က သိမ်းဆည်းလိုက်နိုင်ခြင်းဖြစ်သည်။ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကမူ တိုက်ပွဲဖြစ်ပွားခြင်းကို အတည်ပြု ထုတ်ပြန်ပြီး တိုက်ပွဲ ၂ နာရီကျော်ဖြစ်ပွားကြောင်း ပြည်သူ့စစ်အဖွဲ့က အကျအဆုံးမရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး ကချင်သတင်းဌာနများ၊ ကချင်သတင်းရင်းမြစ်များကမူ ပြည်သူ့စစ်ဘက်က ထိခိုက်ကျဆုံးမှုများရှိကြောင်း ကား ၁ စီးကို KIA က သိမ်းဆည်းလိုက်နိုင်ကြောင်း ရေးသားဖော်ပြကြသည်။ khit thit