Monthly Archives: Dec 2021

စမ်းချောင်းမှ စစ်အရာရှိ၏ ဇနီးလည်းဖြစ်၊ စစ်ကောင်စီခန့် ဆယ်အိမ်မှူးနှင့်သတင်းပေးဟု နာမည်ကျော်သူ အေးမြတ်မိုး(ခ) မေသူ ပစ်သတ်ခံရ၊ ပခုက္ကူတွင် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူးမိုးမိုးသင်း ပစ်သတ်ခံရ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်ကောင်စီခန့် ရာအိမ်မှူးလည်းဖြစ်၊ စစ်ဗိုလ်ဇနီးလည်းဖြစ်သူ အေးမြတ်မိုး(ခ) မေသူ ယနေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဦးအောင်မင်း သမီး အငယ်မ အသတ်ခံရတာ။ နာမည်က အေးမြတ်မိုး(ခ) မေသူ။ သီရိလမ်းမှာ ပစ်သတ်ခံရတာ။ သူက စမ်းချောင်းမြို့နယ်ထွေအုပ်ဥက္ကဋ္ဌ ကျော်ကျော်နဲ့ ပေါင်းပြီး လူငယ်တွေကို ဖမ်းဆီးခဲ့သူပါ။ သတင်းပေး အကြီးစားပါ။ ဗိုလ်ကတော်လို့လည်းပြောတယ်။ ကျော်ကျော်ကိုယ်တိုင် လာလာခေါ်ရတယ်။ သူ့ကို ။ အခုတော့ ပွဲချင်းပြီး ပစ်သတ်ခံလိုက်ရတယ်” ဟု‌ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အတက်ကြွဆုံးမြို့နယ် တစ်ခုဖြစ်သည့် စမ်းချောင်းတွင် သတင်းပေးများနှင့် အုပ်ချုပ်ရေးမှူးများကြောင့် စစ် တပ်ဆန့်ကျင်ရေး ဦးဆောင်သူ လူငယ် ၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး တချို့မှာ သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။ အလားတူ ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်း မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ စစ်ကောင်စီခန့် အမှတ်၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်မိုးမိုးသင်း လည်း ပစ်ခတ်သတ်ဖြတ်ခံရကြောင်း သိရှိရသည်။ khit thit

ချင်းတွင်းမြစ်ရိုးတစ်လျှောက် တိုက်ပွဲ ၉ ကြိမ်ဖြစ်ဟု ကနီ PDF ပြော

စစ်ကောင်စီတပ် အစုန်အဆန်သွားလာနေသည့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်တွင် ၁၀ လတာအတွင်း ၉ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကနီမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

ဒီဇင်ဘာ ၁၀ မှ ၁၈ ရက်အထိ တိုက်ပွဲများအတွင်း ၎င်းတို့ဘက်မှ ၂ ဦးသေဆုံး၊ ဒဏ်ရာရသူ ၉ ဦးရှိပြီး စစ်ကောင်စီဘက်မှ ၉၂ ဦးသေဆုံးသည့်ပြင် ဒဏ်ရာရသူအများအပြားရှိသည်ဟုလည်း ရှေ့တန်းရောက်တပ်ဖွဲ့များ ကောက်ယူလာသည့် စာရင်းကို ကိုးကား၍ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

“အဓိက ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲနဲ့ ဆည်ရွာတိုက်ပွဲဆိုပြီး ဒီနယ်မှာ အဲဒီနှစ်နေရာပဲ ဖြစ်တော့ တော်တော်လေးပြင်းထန်တယ်” ဟု ၎င်းက ပြောသည်။​

“ကုန်းကြောင်းကနေ ရေကြောင်းကို တော်လှန်တိုက်ခိုက်ရတာဆိုတော့ အခက်အခဲလည်းဖြစ်တယ်။ တချို့ရက်တွေမှာ စစ်ကောင်စီတပ်က ရေကြောင်းရော၊ ကုန်းကြောင်းရော စစ်ကြောင်းထိုးလာတဲ့အခါ ထိပ်တိုက်တွေ့တာမျိုးတွေ လုံးဝ တိုက်ပွဲက ပြင်းထန်တယ်” ဟု အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိသူ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။​

တိုက်ပွဲများအတွင်း ဒေသခံတိုက်ခိုက်ရေးအဖွဲ့များဘက်မှ အသက် ၃၈ နှစ်နှင့် ၂၀ အရွယ် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ၉ ဦးလုံးမှာ မစိုးရိမ်ရဟု ကနီမြို့နယ် PDF စာရင်းအရ သိရသည်။

သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များကိုမူ မိသားစုလုံခြုံရေးကြောင့် ကနီမြို့နယ် PDF က ထုတ်မပြောပေ။ 

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေဆိုခြင်းမရှိပါ။

လက်နက်အင်အားမမျှခြင်း၊ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့်​ ဒေသခံ အရပ်ဝတ်အဖွဲ့ ပျူစောထီးပေါများနေခြင်းကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ သေဆုံး၊ ဒဏ်ရာရသူများရှိခဲ့ခြင်းဖြစ်ကြောင်း ကနီမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက သုံးသပ်သည်။

ကနီမြို့နယ်တွင် ဒေသခံ PDF အဖွဲ့များက လက်လုပ်တူမီးသေနတ်ဖြင့် ဝင်းမနားရဲကင်းစခန်းငယ်တစ်ခုကို စက်တင်ဘာ ၁၁ ရက် ဝင်တိုက်သည့်ဖြစ်စဉ်တွင် စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းကပါ ပစ်ခတ်သည်ဟု ၎င်းက ပြောသည်။

ပြည်သူ့အခွန်ဘဏ္ဍာများဖြင့် ဝယ်ယူထားသော ခေတ်မီလက်နက်များကိုင်ဆောင်ကာ ပြည်သူအပေါ် စစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို ပြန်လည်ခုခံရာတွင် ဒေသကာကွယ်ရေးအဖွဲ့များများဘက်မှ လက်နက်လိုအပ်ချက်ရှိသည်ဟု ကနီမြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့က တော်လှန်ရေးလုပ်တာလေ။ ဒီအတိုင်း စိတ်ရှိတယ်ဆိုပေမဲ့ ဒီအတိုင်းတိုက်လို့မှမရပဲ။ ကျွန်တော်တို့ဘက် တစ်တောင့်ထိုးလေးတွေနဲ့၊ ဟိုဘက်က လက်နက်ကြီးတွေနဲ့ တစ်ချက်ပစ်လိုက်မှတော့ သေမှာပဲလေ။ လက်နက်ချင်းယှဉ်ရင်တော့ အားနည်းချက်ရှိတာပေါ့။ သို့သော် စိတ်ဓာတ်ပိုင်းကို ယှဉ်ရင်တော့ ကျွန်တော်တို့ကို ယှဉ်လို့မရဘူး”ဟု ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ထူးအောင်က ဒေသခံ PDF များထံ လက်နက်ပံ့ပိုးမှုများ မဟာဗျူဟာကျကျ လုပ်ဆောင်နေသည်ဟု ဆိုထားသော်လည်း အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီသည် ချင်းတွင်းမြစ်ကြောင်းကို အသုံးပြု၍ ကျောက်စိမ်းတုံးများကို သယ်ယူနေသောကြောင့် ဆက်လက်စောင့်ကြည့်တိုက်ခိုက်နေသည်ဟု ထိုသူက ပြောပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး ၁၀ လကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် စစ်ကိုင်းတိုင်းသည် ရှေ့တန်းမှပါဝင်နေသည်။

စစ်ကောင်စီကလည်း ဇူလိုင်လကုန်ပိုင်းမှစ၍ ကနီအပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများကို ကြည်း၊ ရေ၊ လေ အင်အားမျိုးစုံသုံး၍ နှိမ်နင်းနေသည်။

ထိုဖြစ်စဉ်များအတွင်း စစ်တပ်၏ လက်ချက်ဖြင့် မီးလောင်သွားသည့် ရွာများ၊ အစုလိုက်အပြုံလိုက်အသတ်ခံရသော ဖြစ်စဉ်များလည်း ရှိခဲ့သည်။ ထိုအခြေအနေတွင် ဒေသခံ ထောင်သောင်းချီ၍ အိုးပစ်အိမ်ပစ် တိမ်းရှောင်နေကြရသည်။ myanmar now

ဂန့်ဂေါနယ် ၅ ရက်တာ တိုက်ပွဲ စစ်ကောင်စီတပ်သား ဦးရေ ၂၀ ထက်မနည်း သေဆုံးဟု ဒေသကာကွယ်ရေးတပ် ပြော

ဂန့်ဂေါနယ်မှ ကလေးနယ်သို့ ချီတက်လာသည့် ယာဉ်အစီး ၂၀ ပါ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က ငါးရက် ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ဦးရေ၂၀ ထက် မနည်း ကျဆုံးပြီး စစ်ကား အကြီးတစ်စီး ပျက်စီးသွားကြောင်း ဂန့်ဂေါ ပြည်သူ့ကာကွယ် ရေး တပ် ခေါင်းဆောင် ကိုဒီမွန်က ပြောသည်။

အဆိုပါ စစ်ယာဉ်တန်းသည် ဒီဇင်ဘာလ ၂၅ ရက်မှ စ၍ ကျောဒေသဘက်မှ ကလေး-ဂန့်ဂေါ လမ်းမအတိုင်း ချီတက်လာခြင်း ဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ မိုင်းဆွဲ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့များ အထိ နာခဲ့ခြင်း ဖြစ်သည်။ ‘’၂၅ ရက် နေ့ကနေ ဒီနေ့ သူတို့ နှမ်းခါးရွာကို ရောက်သွားတဲ့အထိ ဆက်တိုက်ဆိုသလို မိုင်းဆွဲ ခံရတာ။ သူတို့က တစ်မိုင်လောက် ရှေ့ပြေးအဖွဲ့က မိုင်းရှင်းလိုက်၊ နောက်အဖွဲ့တွေက တရွေ့ရွေ့နဲ့ တက်လာလိုက် လုပ်နေတာ။ ထွက်လာတုန်းကတော့ အစီး ၂၀ လောက် ရှိမယ်။ ဒါပေမဲ့ နှမ်းခါးဘက်ကို ရောက်တော့ ရှစ်စီးလောက်ပဲ ရှိတော့မယ်” ဟု ကိုဒီမွန်က ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ခွဲများက နေ့စဉ်နှင့် အမျှ မိုင်းခွဲ တိုက် ခိုက်ကြပြီး တစ်ကြိမ် မိုင်းခွဲလျှင် အနည်းဆုံး မိုင်း ခုနစ်လုံးခန့် ခွဲသည်ဟု သိရသည်။ လမ်းမကြီး တစ်လျှောက် တစ်ရက်လျှင် အနည်းဆုံး သုံးကြိမ်အထိ မိုင်းခွဲသည့်အတွက် စစ်ကောင်စီတပ်က ကျဆုံးမှု များသည်ဟု ဆိုသည်။

စစ်ကောင်စီတပ် ယာဉ်တန်းအား ရက်စွဲအလိုက် တိုက်ခိုက်မှုနှင့် ကျဆုံးမှု စာရင်းကိုလည်း PDF Gangaw က အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို PDF-GanGaw တပ်ခွဲ (၁၇) ကြယ်ဖြူ အဖွဲ့က မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးခဲ့သည်။ ဆက်လက်၍ စစ်ကြောင်း ထိုးလာသော အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် PDF-GanGaw တပ်ရင်း (၁) ပြောက်ကျားတပ်ဖွဲ့က မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ငါးဦး သေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင်လည်း အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို PDF-GanGaw တပ်ခွဲ (၂၁) ဗိုလ်ရွှေကျားအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ခြောက်ဦးကို သုတ်သင် ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။ ထိုနေ့ နေ့လယ်ပိုင်းတွင်လည်း ဆိုင်ကယ် ငါးစီးဖြင့် တောင်ခင်ရန်း ရဲစခန်းမှ ကင်းလှည့် ထွက်လာ‌သော ရဲခွေး(ရဲတပ်သား)များကို PDF-GanGaw တပ်ခွဲ (၂၅) စွန်ရဲအဖွဲ့က ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ ရဲဆိုင်ကယ် နှစ်စီး မိုင်းထိပြီး ရဲခွေး နှစ်ဦး သေဆုံးကြောင်း အတည်ပြု နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မိုင်းခွဲပြီးခဲ့သည့် နေရာများကို နယ်မြေရှင်းလင်းရေး ပြုလုပ်ချိန် ကာကွယ်ရေး တပ်ဖွဲ့များ၏ ရုပ်ပုံ မှတ်တမ်းများတွင်လည်း မိုင်းထိခဲ့သည့် စစ်ကောင်စီ တပ်သားများ၏ ပြန့်ကျဲနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများအား တွေ့ရသည်။ ‘’တစ်နေရာမှာဆိုရင် မိုင်းကို သူတို့မြင်တော့ မိုင်းရှင်း ဝတ်စုံကြီးတွေ တကားကားနဲ့ သုံးယောက်လောက် မိုင်းရှင်းနေတာ။ အဲ့ဒီအချိန် ကျွန်တော်တို့က ခွဲထည့်လိုက်တာ။ ခေါင်းပါ ပြုတ်သွားတယ်။ အချို့ အစိတ်အပိုင်းတွေက သစ်ပင်တွေပေါ်မှာ တက်ချိတ်နေတော့တာ” ဟု စစ်ကောင်စီတပ်သားများ ကျဆုံးပုံကို ကိုဒီမွန်က ပြော သည်။

မောင်းပြန် လက်နက်များ ကောင်ကောင်း ပိုင်ဆိုင်ခြင်း မရှိသေးသည့်အတွက် မိုင်းထိနေသည့် စစ်ကောင်စီ တပ်သားများ၏ လက်နက်များကို သိမ်းယူ ရရှိနိုင်ခြင်း မရှိဟုလည်း ကိုဒီမွန်က ပြောသည်။ ‘’ကျွန်တော်တို့ မိုင်းခွဲပြီးရင် ဒီကောင်တွေ လူးလှိမ့်နေတာကို တွေ့နေရတယ်။ သူတို့ဘက်ကတော့ ဒီလို အချိန်မျိုးဆို လက်နက်ကြီး လက်နက်ငယ်နဲ့ မနားတမ်းကို ပစ်ကြတာ။

ကျွန်တော်တို့မှာသာ ခံပစ်စရာ လက်နက်သာရှိရင် သူတို့ဆီက လက်နက် ခဲယမ်းတွေပါ သိမ်းလို့ရတယ်။ ခုကျတော့ ခံမပစ် နိုင်သေးတော့ မိုင်းခွဲပြီး ပြေးတဲ့ ပုံစံနဲ့ပဲ တိုက်နေရတာ “ ဟု ၎င်းက ပြောသည်။ အထိအခိုက်များခဲ့သော ယခုစစ်ကြောင်းသည် လွန်ခဲ့သည့် အပတ်က စစ်ကောင် စီတပ်က ရဟတ်ယာဉ်များဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည် နှမ်းခါးရွာ၌ပင် တပ်စွဲထားဆဲ ဖြစ်သည်။ ထိုသို့ စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းထန်နေသည့် ကလေး-ဂန့်ဂေါ လမ်းပိုင်းအတွင်း ယခုရက်ပိုင်း အသွားအလာ ဆင်ခြင်ကြရန်နှင့် လုံခြုံဘေးကင်းစွာ နေထိုင်ကြရန် လေး စားစွာ အနူးအညွတ် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်ဟု PDF Gangaw က ထုတ်ပြန်ထားသည်။ mizzima

အထိနာနေသည့် စစ်တပ်က မုံးကိုးတိုက်ပွဲတွင် လက်နက်ကြီး ရာချီ ပစ်ခတ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ် မုံးကိုးမြို့တွင် တိုက်ပွဲများဆက်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး အချက်ရေ ရာချီပစ်ခတ်နေသည်ဟု ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၄ မှ ၂၇ အတွင်း မြို့ပေါ်ရှိ ဗျူဟာကုန်းမှ စစ်တပ်က မြို့အရှေ့ဘက် ၆ မိုင်အကွာ ဖောင်းဆိုင်ဒေသမှ MNDAA ၏ မန်ရန်စခန်း၊ အနီးရှိတောင်တန်းများကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“သူတို့ ထိုးစစ်ဆင်လာလို့ ဖြစ်တဲ့သဘောပေါ့၊ လက်နက်ကြီးတွေလည်း ‌တောက်လျှောက်ပစ်တယ်။ ကျွန်တော်တို့ ဘက်ကတော့ အမြဲခုခံစစ်ဆင်နွှဲနေတဲ့ သဘောပါပဲ” ဟု MNDAA ၏ ပြန်ကြားရေးအဖွဲ့ဝင် ဦးရန်နိုင်က ပြောသည်။

ဒီဇင်ဘာ ၂၆၊ နံနက် ၁၁ နာရီခန့်က အစပြုသော ၆ နာရီကျော်ကြာ တိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီတပ်ဘက်မှ ၇ ဦးထက်မနည်း သေဆုံးပြီး ကိုးကန့်အဖွဲ့ဘက်မှ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထိုနေ့ည ၁၀ နာရီခန့်တွင် စစ်ကူလာသည့် စစ်ယာဉ်တန်းတစ်ခုကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့် သေဆုံးပြီး စစ်ထရပ်ကား (FAW ကား) တစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သူက ပြောသည်။

ဒီဇင်ဘာ ၂၅ ၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်တစ်လုံး ဖောင်းဆိုင်ဒေသ ပန်းမေရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၆၀ ကျော်အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု မုံးကိုးဒေသခံတစ်ဦးကလည်း ပြောသည်။ 

ယမန်နေ့ (ဒီဇင်ဘာ ၂၈) ညကလည်း ပစ်ခတ်တိုက်ခိုက်သံများကို မြို့ပေါ်မှ ကြားခဲ့ရသည်ဟု အဆိုပါ ဒေသခံက ဆိုသည်။

“မြို့ပေါ်မှာတော့ သူတို့(စစ်ကောင်စီ)လှုပ်ရှားသွားလာမှု သိပ်မတွေ့ရဘူး၊ ပုံမှန်အတိုင်းလည်ပတ်နေတာပဲ၊ အမြောက်ကုန်းကတော့ ပုံမှန်ပစ်တယ်” ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၂၇ ရက်ကလည်း ရှမ်းပြည်နယ်၊ သိန္ဒီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်အဖွဲ့ တပ်မဟာ(၂၁၁) တို့ မွန်းလွဲ ၂ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေအနေများကို မသိရသေးကြောင်း ကိုးကန့် ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်က ဆိုသည်။

ထိုနေ့တစ်နေ့တည်းတွင် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ပန်ဆိုင်းမြို့နယ်အကြား ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် တပ်မဟာ(၅၁၁)တို့ ဖြစ်သည့် တိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သည်ဟု ၎င်းထံမှ သိရသည်။

ထိုနေ့ တစ်ရက်တည်းတွင် ဖောင်းဆိုင်ဒေသရှိ MNDAA ၏ မန်ရန်စခန်းဘက်ကို အမျိုးအစားစုံသည့် လက်နက်ကြီးများဖြင့် အချက်ရေ ၁၅၀ ကျော်အထိ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဒေသတချို့တွင် တစ်ကျော့ပြန်စစ်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာရာ ထိုအထဲတွင် မြန်မာ – တရုတ် နယ်စပ်မျဉ်းတစ်လျှောက် ကိုးကန့်အဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများလည်း ပါဝင်သည်။

မုံးကိုးမြို့နယ်အတွင်း ဇွန်လမှ စတင်သည့် တိုက်ပွဲများ ‌အောက်တိုဘာတွင် ပိုမိုပြင်းထန်လာသောကြောင့် မုံးကိုးမြို့အရှေ့ဘက် ၇ မိုင်အကွာရှိ ကောင်းလုံရွာမှ စစ်ရှောင် ၅၀၀ ခန့်မှာ မြို့ပေါ်တွင် သောင်တင်နေဆဲဖြစ်သည်။

ဒီဇင်ဘာ ၁၅ က MNDAA ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် ၆ ဖွဲ့နှင့် စစ်ကောင်စီတပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် တွေ့ဆုံခဲ့ပြီး မည်သည့်ရလဒ်ထွက်ပေါ်ခဲ့ကြောင်း မသိရသေးပေ။ 

ထိုသို့ဆွေးနွေးပြီး ရက်အနည်းငယ်အကြာတွင် စစ်ကောင်စီတပ်က ကြည်းတပ်၊ လေတပ်နှင့် အမြောက်ကြီးများပါ အသုံးပြုပြီး ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို ဆက်လက် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ myanmar now

မုံရွာတွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန် ရေး အမျိုးသမီးများ ဦးဆောင်သည့် လက်ပံတောင်းတောင် ပြည်သူများ သပိတ်စစ် ကြောင်း ချီတက် ဆန္ဒပြ

khit thit

ပြည်မြို့ အကျဉ်းထောင်တွင်း ဖမ်းဆီးခံ နိုင်ငံ ရေးလှုပ်ရှားသူ ၄၀ ကို ထောင်ဒဏ်များချမှတ်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ  အကျဉ်းထောင်မှာ ဖမ်းဆီးခံနေရတဲ့ လွှတ်တော်အမတ် ၂ ယောက် အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ အယောက်  ၄၀ ကို ဒီဇင်ဘာလ ၂၉ ရက် ဒီကနေ့  စစ်ကောင်စီက ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေအဖွဲ့ထံက သိရပါတယ်။

ရွှေတောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအုံးသွင်၊ ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊  ပန်းတောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ  ဦးရဲဒင်၊  ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဋ္ဌ  ဒေါက်တာခင်မောင်ဝင်းတို့ကို  ရာဇသတ်ကြီးပုဒ်မ   ၅၀၅ (က)နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားသူ စုစုပေါင်း အယောက်  ၄၀ ယောက်ကို ပြည်ထောင်အထူးတရားရုံးကနေ မြို့နယ်တရားသူကြီး ဦးနေဦးနဲ့၊ ဦးစိုးမိုးနိုင်တို့က ထောင်ဒဏ် အမိန့်တွေချမှတ်လိုက်တာဖြစ်ပြီး ချုပ်ရက်တွေကို ထုတ်နုတ်ခံစားဖို့ အမိန့်ထဲမှာပါရှိပါတယ်။

အခုအမိန့်ချခံရသူတွေထဲမှာ စစ်တပ်အာဏာစသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးခံရသူသူတွေလည်း ပါဝင်ပြီး သူတို့ဆိုရင်ချုပ်ရက်က ၁၀ လ ကျော် ကြာအောင် ထောင်ထဲမှာ ချုပ်နှောင်ခံထားရပြီး ဖြစ်ပါတယ်။

အဲ့ဒီထောင်ကျသူတွေအထဲမှာ အသက် ၇၀ ကျော်နဲ့ ၇၀  နီးပါး  ၂ ယောက်ပါဝင်ပြီး သူတို့ ၂ ယောက်လုံး ကျန်းမာရေးမကောင်းတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ 

ထောင်ထဲမှာ အမိန့်မချသေးပဲချုပ်နှောင်ထားခံရသူပေါင်း နောက်ထပ် အယောက်  ၁၀၀ လောက် ကျန်နေသေးတယ်လို့ ပြည်ထောင်ကနေလွတ်မြောက်လာတဲ့  နိုင်ငံရေးအကျဉ်းသား ဟောင်းတယောက်က ဒီဗွီဘီကို ပြောပါတယ်။ 

ထောင်ဒဏ်ချမှတ်ခံရသူ အယောက် (၄၀)  စာရင်း 

၁။ကိုဝေယံထွန်း  ( ပုဒ်မ ၅၀၅ က) – ၂နှစ်

၂။ကိုပူကြူးနိုင် (ခ) ထက်အောင်၀င်း (၅၀၅က) -၂ နှစ်

၃။မသန္တာလင်း (၅၀၅က) -၂ နှစ် 

၄။အေးချမ်း(ခ)လပြည့် (၅၀၅က) – ၂ နှစ်

၅။ကိုလပြည့် (ခ)လမင်းပိုင်  (သတင်းထောက်)  (၅၀၅က) -၂ နှစ်

၆။.ကိုထွေး  (၅၀၅က) -၂ နှစ် 

၇။ကိုအောင်အောင်ဌေး (၅၀၅က) -၂ နှစ် 

၈။ကိုအောင်နိုင် (၅၀၅က) -၂ နှစ်

၉။ ကိုမျိုးမင်းအောင် (၅၀၅က) -၂ နှစ်

၁၀။ကိုတင်စိုးဝင်း (ခ) ကြောင်ကြီး (၅၀၅က) -၂ နှစ်

၁၁။ကိုချစ်မိုဦး(ခ)အလီ (၅၀၅က) -၂ နှစ်

၁၂။ဦးသက်ခိုင် ၁၉(င) -၁ နှစ်

၁၃။ကိုဝိုင်ဝိုင်း  (ပုဒ်မ ၁၄၄၊ ၁၉(င))   -၃ နှစ်

၁၄။ကိုသူရအောင်  (ပုဒ်မ ၁၉(စ)) -၁ နှစ်

၁၅။ဦးအုံးသွင် (ရွှေတောင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) (၅၀၅က) -၂ နှစ်

၁၆။ဒေါ်ဇင်မိုးထိုက် (ပန်းတောင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်) (၅၀၅က) -၂ နှစ်

၁၇။ ဦးရဲဒင်  (ပန်းတောင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဋ္ဌ ) (၅၀၅က) -၂ နှစ်

၁၈။ကိုစိုးစည်သူ(ခ)အာလူး  (၅၀၅က) -၂ နှစ်

၁၉။ကိုဇော်ဟိန်းအောင်ဆန်း(ခ)အလီဘိုင် -(၅၀၅က) -၂ နှစ်

၂၀။ ကိုကျော်ဝေယံဖြိုး (ပုဒ်မ ၄၃၆) – ၃-နှစ်

၂၁။ ကိုကောင်းကောင်း  (ပုဒ်မ ၄၃၆) – ၃-နှစ်

၂၂။ ဒေါက်တာခင်မောင်ဝင်း  (ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဋ္ဌ ) (၅၀၅က) -၂ နှစ်

၂၃။ကိုမြင့်မြတ်ထက်  (ကျောင်းစာရေး)-(၅၀၅က) -၂ နှစ်

၂၄။ကိုအောင်သူ (၅၀၅က) -၂ နှစ်

၂၅။ကိုစိုးမင်းထွေး (၅၀၅က) ၁၄၅ -၂ နှစ်

၂၆။သိန်းဇော်မျိုး(ခ)ကုလား (၅၀၅က) -၂ နှစ်+၁၉(စ)-၁ နှစ်= စုစုပေါင်း ၃ နှစ်

၂၇။ကိုရန်နိုင်ဖြိုး (၅၀၅က) -၂ နှစ်

၂၈။ကိုမျိုးမင်း (၅၀၅က) -၂ နှစ်

၂၉။ကိုထွန်းမြတ်မင်း(ခ)ဗိုတောက် (၅၀၅က) -၂ နှစ်

၃၀။ကိုနိုဗယ်မောင် (၅၀၅က) -၂ နှစ်

၃၁။ကိုအောင်မြင်သူ (ကျောင်းဆရာ)-(၅၀၅က) -၂ နှစ်

၃၂။ကိုဝင်းလှိုင် (၅၀၅က) -၂ နှစ်

၃၃။ ကိုရွှေဖြိုးအောင် (၅၀၅က) -၂ နှစ်

၃၄။ကိုရန်နိုင်အောင် (၅၀၅က) -၂ နှစ်

၃၅။ကိုခင်မောင်ထွန်း (၅၀၅က) -၂ နှစ်

၃၆။ကိုဖြိုးသူအောင် (၅၀၅က) -၃နှစ်

၃၇။ကိုနိုင်ကို (၅၀၅က) -၂ နှစ်+ ၁၉(စ)၁ နှစ်= ၃ နှစ်

၃၈။ကိုပိုက်တင် (ခ)ကိုသန့်ဇင် (၅၀၅က) -၂ နှစ်

၃၉။ကိုပြည့်ဖြိုးအောင် (၅၀၅က) -၂ နှစ်

၄၀။ကိုကျော်နိုင် (၅၀၅က) -၂ နှစ် DVB

ရခိုင်ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၅ ဦး၏ အဂတိအမှု လာမည့်ရုံးချိန်းတွင် အပြီးသတ် လျှောက်လဲမည်

ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဝန်ကြီးငါးဦးကို စွဲဆိုထားသော အဂတိလိုက်စားမှု ဥပဒေပုဒ်မ (၅၅) အမှုအတွက် လာမည့ ်ဇန်နဝါရီလ ၁၂ ရက်နေ့ ရုံးချိန်းတွင် နှစ်ဘက်ရှေ့နေများ အပြီးသတ် လျှောက်လဲမည် ဖြစ်ကြောင်း ဦးညီပု၏ အမှု လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေဦးအေးကျော်သန်း က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဝန်ကြီးငါးဦးကို ယနေ့ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်တွေ အကျဉ်းထောင်တွင်း သီးသန့်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး အဂတိအမှု လေးမှုအနက် ကျန်ရှိနေသည့် အမှုအမှတ် (၁)နှင့် အမှုအမှတ် (၂) မှ တရားခံပြ သက်သေများကို အပြီးသတ် စစ်ဆေးခဲ့ကြောင်း သိရသည်။

“တရားခံပြ သက်သေတွေကို ပထမရုံးချိန်း ကတည်းက စစ်တာ၊ ဒီနေ့ရုံးချိန်းမှာ ပြီးသွားပြီ။ လာမယ့် ရုံးချိန်းမှတော့ အပြီးသတ် လျှောက်လဲ ချက် ကြားနာမယ်” ဟု ရှေ့နေဦးအေးကျော်သန်းက ပြောသည်။လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့ ရုံးချိန်းတွင် နှစ်ဘက်ရှေ့နေများက အပြန်အ လှန် အပြီးသတ် လျှောက်လဲချက် ကြားနာပြီးနောက် နောက်တစ်ကြိမ် ရုံးချိန်းတွင် စီရင်ချက်အမိန့် ချမှတ်နိုင်ဖွယ်ရှိကြောင်း ရှေ့နေက ပြော သည်။

စစ်အာဏာ သိမ်းပြီးနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးကျော်အေးသိန်း၊ ပြည် နယ်လျှပ်စစ် ဝန်ကြီး ဦးအောင်ကျော်ဇံ၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်နှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့် စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားသည်။ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံတို့က အဂတိလိုက်စားမှု ပုဒ်မ (၅၅) ဖြင့် အမှု သုံးခု၊ ဦးကျော်လွင်က အမှုတစ်ခုနှင့် ဦးမင်းအောင်က အမှုတစ်ခုဖြင့် တရား ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ နှစ်ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် စစ်ကောင်စီက ထပ်တိုး တရားစွဲဆိုထားပြီး ယင်းအမှုအတွက် ဇန်နဝါရီလ ၅ ရက်နေ့တွင် ရုံးချိန်းခေါ်ယူ ထားသည်။

ရခိုင်ဝန်ကြီးချုပ် ဦးညီပုသည် နိုင်ငံတော် အကြည်အညို ပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ငြိမ်းစုစီ ပုဒ်မနှင့် ဘေးစီမံ ပုဒ်မအတွက် ထောင်ဒဏ် နှစ်နှစ်ခွဲ ချမှတ်ခံထားရကာ ဝန်ကြီးငါးဦးလုံး လက်ရှိ စစ်တွေ အ ကျဉ်း ထောင်တွင် ထိန်းသိမ်း ခံထားရသည်။ mizzima

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် ၅ ကြိမ် တိုက် ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂၈ ဦးခန့် သေဆုံးပြီး ကား ၁ စီး ပျက်စီး

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၄ ဦးသေဆုံးကာ ကား ၁ စီး ပျက်စီးသွားကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ ကလေး-ဂန့်ဂေါလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မိုင်တိုင် ၃၂ တွင် PDF ဂန့်ဂေါ ဗိုလ်ရွှေကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး စစ်သား ၈ ဦးသေဆုံးကြောင်း၊ မိုင်တိုင် ၃၄ တွင် တပ်ခွဲ ၇ နွေဦးအဖွဲ့က ထပ်မံမိုင်းဆွဲရာ တပ်ကြပ်ကြီး ၁ ဦးပါအဝင် ၆ ဦး သေဆုံးကြောင်း၊ မိုင်တိုင် ၃၅ တွင် တပ်ခွဲ ၃ ဗိုလ်မြတ်ထွန်းအဖွဲ့က နောက်တစ်ကြိမ် မိုင်းဆွဲရာ ကား ၁ စီး ပျက်စီး သွားကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုများအပြီး ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။အ လားတူ ကလေးမြို့တောင်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF-Kalay က ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၄ ဦးခန့်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကလေးမြို့ က သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခန့်တွင် ဟားခါးလေး ကျေးရွာနှင့် ချောင်းခွကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ကို PDF Kalay၊ ပ.က.ဖ၊ CNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်လို့ စစ်သား ၄ ဦး သေဆုံးပြီး အဆိုပါ စစ်ကောင်စီတပ်ဖွဲ့အား နေ့လယ် ၁ နာရီ၌ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်သား ၁၀ ဦးခန့် သေဆုံးကြောင်း PDF-Kalay ထံမှ သိရှိရသည်။၂ ကြိမ်တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့များသည် ချောင်းခွကျေးရွာနှင့် ဟားခါးလေး ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။ khit thit

လေးကေ့ကော်ဒေသခံ စစ်ရှောင်များ ပြန်လာနိုင်ကြောင်း စစ်ကောင်စီ ကြေညာ

အာဏာသိမ်း စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသော လေးကေ့ကော် ဒေသခံများ နေရပ်သို့ ပြန်လည် နေထိုင်နိုင်ကြောင်း စစ်ကောင်စီက ကြေညာ သည်။

စစ်ကောင်စီတပ်သားများ နှင့် ထွေအုပ်ရုံး ဝန်ထမ်းများက ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် မြဝတီခရိုင်အတွင်း ကားဖြင့် လိုက်လံကြေညာနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ဒေသခံတစ်ဦး ပေးပို့သည့် ရုပ်သံဖိုင်တွင် “စစ်တပ်က နယ်မြေရှင်းလင်းခြင်းမှာ NUG အမည်ခံ PDF သောင်းကျန်းသူများကို ရှာဖွေတိုက်ခိုက်ရခြင်း ဖြစ်တယ်။

ဒီအဖွဲ့တွေနဲ့ ပူးပေါင်းတဲ့ အဖွဲ့တွေ ပါဝင် လာသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ပါတယ်။ ယခု မိမိတို့ နေရပ်သို့ ပြန်လည် ဝင်ရောက် လာနိုင်ကြပြီ ဖြစ် ပါတယ်။ မှဲ့တစ်ပေါက် မစွန်းရပါဘူးခင်ဗျာ” ဟု ကရင်-မြန်မာ နှစ်ဘာသာဖြင့် လိုက်လံ ကြေညာနေသည်ကို တွေ့ရသည်။ mizzima

« Older Entries