ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် ၅ ကြိမ် တိုက် ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂၈ ဦးခန့် သေဆုံးပြီး ကား ၁ စီး ပျက်စီး

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ ဒီဇင်ဘာလ ၂၉ ရက်တွင် ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၄ ဦးသေဆုံးကာ ကား ၁ စီး ပျက်စီးသွားကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ ကလေး-ဂန့်ဂေါလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး မိုင်တိုင် ၃၂ တွင် PDF ဂန့်ဂေါ ဗိုလ်ရွှေကျားအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး စစ်သား ၈ ဦးသေဆုံးကြောင်း၊ မိုင်တိုင် ၃၄ တွင် တပ်ခွဲ ၇ နွေဦးအဖွဲ့က ထပ်မံမိုင်းဆွဲရာ တပ်ကြပ်ကြီး ၁ ဦးပါအဝင် ၆ ဦး သေဆုံးကြောင်း၊ မိုင်တိုင် ၃၅ တွင် တပ်ခွဲ ၃ ဗိုလ်မြတ်ထွန်းအဖွဲ့က နောက်တစ်ကြိမ် မိုင်းဆွဲရာ ကား ၁ စီး ပျက်စီး သွားကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုများအပြီး ဂန့်ဂေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။အ လားတူ ကလေးမြို့တောင်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF-Kalay က ၂ ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၄ ဦးခန့်သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကလေးမြို့ က သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခန့်တွင် ဟားခါးလေး ကျေးရွာနှင့် ချောင်းခွကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ကို PDF Kalay၊ ပ.က.ဖ၊ CNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်လို့ စစ်သား ၄ ဦး သေဆုံးပြီး အဆိုပါ စစ်ကောင်စီတပ်ဖွဲ့အား နေ့လယ် ၁ နာရီ၌ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်သား ၁၀ ဦးခန့် သေဆုံးကြောင်း PDF-Kalay ထံမှ သိရှိရသည်။၂ ကြိမ်တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့များသည် ချောင်းခွကျေးရွာနှင့် ဟားခါးလေး ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s