လေးကေ့ကော်ဒေသခံ စစ်ရှောင်များ ပြန်လာနိုင်ကြောင်း စစ်ကောင်စီ ကြေညာ
အာဏာသိမ်း စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသော လေးကေ့ကော် ဒေသခံများ နေရပ်သို့ ပြန်လည် နေထိုင်နိုင်ကြောင်း စစ်ကောင်စီက ကြေညာ သည်။
စစ်ကောင်စီတပ်သားများ နှင့် ထွေအုပ်ရုံး ဝန်ထမ်းများက ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် မြဝတီခရိုင်အတွင်း ကားဖြင့် လိုက်လံကြေညာနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ ဒေသခံတစ်ဦး ပေးပို့သည့် ရုပ်သံဖိုင်တွင် “စစ်တပ်က နယ်မြေရှင်းလင်းခြင်းမှာ NUG အမည်ခံ PDF သောင်းကျန်းသူများကို ရှာဖွေတိုက်ခိုက်ရခြင်း ဖြစ်တယ်။
ဒီအဖွဲ့တွေနဲ့ ပူးပေါင်းတဲ့ အဖွဲ့တွေ ပါဝင် လာသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ပါတယ်။ ယခု မိမိတို့ နေရပ်သို့ ပြန်လည် ဝင်ရောက် လာနိုင်ကြပြီ ဖြစ် ပါတယ်။ မှဲ့တစ်ပေါက် မစွန်းရပါဘူးခင်ဗျာ” ဟု ကရင်-မြန်မာ နှစ်ဘာသာဖြင့် လိုက်လံ ကြေညာနေသည်ကို တွေ့ရသည်။ mizzima