ရှမ်းပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွန့်လွင်ကို ထောင်ဒဏ် ၃၈ နှစ်ချမှတ်

ရှမ်းပြည်နယ်၊ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဦးစိုးညွန့်လွင်ကို  ဒီဇင်ဘာ ၃၀ ရက်မှာ စစ်ကောင်စီလက်အောက်ခံ တောင်လေးလုံးအကျဥ်းထောင်တရားရုံးက  ထောင်ဒဏ် ၃၈ နှစ် အမိန့်ချမှတ်လိုက်ပါတယ်။

ဦးစိုးညွန့်လွင်ကို ပုဒ်မ ၁၂၂ (၁)နဲ့ ထောင်ဒဏ်အနှစ် ၂၀၊ ပုဒ်မ ၁၂၄ (က) ၇ နှစ်နဲ့ ဒဏ်ငွေ တစ်သိန်း၊ ပုဒ်မ ၁၂၄ (ဃ) ၇ နှစ်နဲ့ ဒဏ်ငွေ တစ်သိန်း၊ ပုဒ်မ ၅၀၅ အမှု နှစ်မှု ထောင်ဒဏ် ၂ နှစ်စီ သီးခြားကျခံရတဲ့အတွက် စုစုပေါင်း ၃၈ ​နှစ် အမိန့် ချခဲ့တာဖြစ်ပါတယ်။

“ဒီနေ့အမိန့်ချတာ ဟုတ်ပါတယ်။ ၅၀၅ နှစ်မှုအပါ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မနဲ့ ပေါ့။ ၃၈ နှစ်နဲ့ ငွေဒဏ်နှစ်သိန်း အမိန့်ချလိုက်တယ်” လို့ ဦးစိုးညွန့်လွင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

လတ်တလော စစ်ဆေးမှု မပြီးသေးတဲ့အမှုမှာ အဂတိတိုက်ဖျက်ရေးအမှု ၄ မှု ကျန်ရှိ နေသေးတယ်လို့ သိရပါတယ်။

ဦးစိုးညွန့်လွင်ကို မတ် ၄ ရက်က ရန်ကုန်မြို့မှာ ဖမ်းဆီးခံရပြီး တောင်လေးလုံး အကျဥ်းထောင်ကို ပြန်လွှဲခဲ့တာဖြစ်ပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s