Monthly Archives: Dec 2021

CDM ဘဝဖြင့် ဈေးရောင်းကာ PDF များကိုလှူနေသည့် အာဏာရှင်ဆန့်ကျင်သူ

“ပြည်သူ့ကာကွယ်ရေး တပ်သားတွေဟာ နွေဦးတော်လှန်ရေးမှာ အကြီးဆုံး မျှော်လင့်ချက် ရောင်ခြည်ပါပဲ။ ဒါကြောင့် ကျွန်မ ဈေးရောင်းလို့ ရလာတဲ့ ပိုက်ဆံလေးထဲကနေ လစဉ် လှူဖြစ် နေတာပါ “ စစ်တပ် အာဏာမသိမ်းခင်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဘားအံမြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသူ မနန်းလေးက ထိုသို့ စကားဆိုလာခြင်း ဖြစ်သည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တွင် အလုပ်ရရန် ခက်ခဲစွာ လျှောက်ထားခဲ့ရပြီး ဝန်ထမ်းဘဝနှင့် အ လုပ် လုပ်ကိုင်နေစဉ် နှစ်နှစ်ခန့်အကြာ အာဏာသိမ်းမှုကို သူကြုံရခြင်း ဖြစ်သည်။

ဝန်ထမ်းဟူသော သူမြတ်နိုးသည့် ဂုဏ်ပုဒ်တစ်ခုကို အာဏာသိမ်းပြီး တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သူစွန့်လွှတ်ခဲ့သည်။ “အာဏာသိမ်းတာတွေ အရေးအခင်းတွေကို အရင်က ကြားဖူးနားဝပဲ ရှိတာ။ ခုက ကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံလိုက်ရတာ။ အမေစု အ ပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပြီ ဆိုတာ ကြားရတော့ မျက်ရည်ကျတယ်။ သိပ်ဝမ်းနည်းတယ်။ စစ်တပ်က မတရား လုပ်လိုက်ပြီဆိုတာ ခံစားမိတယ်။

ဒီလိုနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ဘားအံမှာ လူတန်းရှည်ကြီးက လက်သုံးချောင်းထောင် အာဏာသိမ်းတာကို မလိုလားကြောင်း အော်ပြီး ဆန္ဒပြချိန် ကျွန်မ CDM လုပ်ဖို့ကို ဆုံးဖြတ် လိုက်တာပါ “ဟု အသက် ၃၁ နှစ်အရွယ် မနန်းလေးက ပြောသည်။ စာရေးဝန်ထမ်းဘဝနှင့် သူရသည့် ပုံမှန်လစာဝင်ငွေမှာ နှစ်သိန်းဝန်းကျင် ဖြစ်သည်။

ထိုငွေဖြင့် ရပ်တည်ခဲ့သူက ယခုအခါ ဈေးရောင်းသည့် အလုပ်ဖြင့် အာဏာရှင်ကို ဆန့်ကျင်ရင်း သူဆက်လက် ရပ်တည်ပြန်သည်။ “ကိုယ်တိုင် စိတ်ဆုံးဖြတ်ထားတဲ့ အရာတစ်ခုကို ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး။ ဒါကြောင့်ပဲ ကျွန်မ ဒီလိုဈေးရောင်းတာကို လုပ်ခဲ့တာပါ။ သိပ်ပြီး ပင်ပင်ပန်းပန်းကြီး မဟုတ်ပါဘူး။ တို့ဟူးခြောက်တို့ ကော်ဖီမုန့်တို့ကို သူများဆီက မှာယူပြီး Online ပေါ်က ပြန်ရောင်းတာပါ “ဟု သူဈေး ရောင်းပုံကို မနန်းလေးက ပြောသည်။

ထိုလုပ်ငန်းမှ ဈေးရောင်းကောင်းသည့် လများတွင် မြန်မာကျပ်ငွေ ၇၀,၀၀၀ ခန့် ရရှိသည်ဟု သိရသည်။ ထိုငွေထဲမှ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များထံ လစဉ် လှူဒါန်းနေသည်မှာ ငါးလခန့် ရှိပြီဟု သူက ပြောသည်။ အရပ်သား အစိုးရထံမှ မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်အုပ်စုက ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် မတရား အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် အကြမ်းမဖက် အာဏာ ဖီဆန်ရေးနှင့် ဆန္ဒပြပွဲများ အားကောင်းခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် လူထုအား အကြမ်းဖက် စစ်ကောင်စီ တပ်သားနှင့် ရဲသားများက မောင်းပြန် သေနတ်များဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့ကြသည်။

ထိုသို့ သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ ပြည်သူဦးရေမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ အထိ ဆိုလျှင် ၁,၃၈၂ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က စာရင်း ပြုစု ဖော်ပြထားသည်။ ထိုနောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း ရရာလက်နက် စွဲကိုင်တော်လှန်မှုများ ပေါ်ပေါက် လာတော့သည်။ တောင်ယာလုပ်ငန်း လုပ်ကိုင်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ ဒေသခံများက တူမီး၊ လက်လုပ် လက်နက်၊ မိုင်းများဖြင့် မောင်းပြန်သေနတ် တပ်ဆင်ထားသည့် စစ်ကောင်စီတပ်များကို တော်လှန် တိုက်ထုတ်ကြသည်။ စစ်ကောင်စီ တပ်ကလည်း ဒေသခံ တော်လှန်ရေးတပ်များကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် သာမက လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည်ကို တွေ့ရသည်။

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့သည်က စစ်ကောင်စီတပ်၏ လေ ကြောင်း အသုံးပြု တိုက်ခိုက်မှု သက်သေဖြစ်သည်။ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များသည်လည်း မိမိတို့ ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းများ ရောင်း ချကာ တော်လှန်ရေး အသုံးစရိတ် အဖြစ် မတည်ပြီး တိုက်ခိုက်နေကြသကဲ့သို့ နိုင်ငံတစ်ဝန်းမှလည်း အလှူငွေများ ကူညီနေသည်ကိုတွေ့ရသည်။ မနန်းလေးသည်လည်း ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်သားများကို ကူညီလှူဒါန်းနေသူ များထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

“တတ်နိုင်ရင်တော့ အများကြီး လှူချင်တာပေါ့ရှင်။ သူတို့က PDF တွေက ရှေ့တန်းကနေ အနေဆင်းရဲ အစားဆင်းရဲနဲ့ အသက်နဲ့ရင်းပြီး တိုက်နေကြတာ။ ခုလ ဆိုရင်လည်း အချို့ ရဲဘော်လေးတွေဆိုရင် ဖုန်းဘေ လှမ်းထည့်ပေးတယ်။ အချို့ အဖွဲ့တွေကိုဆို ကျပ် ၁၀,၀၀၀ လောက် လှူဖြစ်တယ် “ဟု မနန်းလေးက ပြောပြသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဘားအံမြို့နယ်ရုံးတွင် ဝန်ထမ်းစုစုပေါင်း ၈၁ ဦး ရှိသော်လည်း CDM ပြုလုပ်သူမှာ မနန်းလေးအပါအဝင် ခုနစ်ဦးသာ ရှိသည်။ “အစကတော့ အနီမှ အနီ ဆိုတဲ့သူတွေ ခုလိုကာလမှာ ရပ်တည်ဖို့ ဘက်ရွေးတဲ့ အခါကျတော့ နေရာပျောက်မှာစိုးတဲ့သူနဲ့ ၊ တစ်ခုခု ထိခိုက်ဖမ်းဆီးခံရမှာ ကြောက်တဲ့သူနဲ့ ၊ CDM ထဲကို ပါမလာကြဘူး။ အထူးသဖြင့် ကျွန်မတို့ ဘားအံမြို့က ရုံး တော်တော်များများမှာ ရုံးတက်နေကြတဲ့ သူတွေ အတော်ကို များနေသေးတယ် “ဟု မနန်းလေးက ပြောသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်တော့မည် ဖြစ်သည်။ လာမည့် ၂၀၂၂ ခုနှစ် နှစ်သစ်တွင် မနန်းလေး ဆုတစ်ခု တောင်းလိုကြောင်း ပြောသည်။ “ နှစ်သစ်မှာ တော်လှန်ရေး အောင်မြင်လာမယ်ဆိုတာကို ကျွန်မတော့ ယုံကြည်တယ်။ စစ်တပ်ကို တိုက်ထုတ်နေတဲ့ တော်လှန်ရေး သမားတွေ ဘေးကင်းဖို့ ကျွန်မတော့ ဆုတောင်းပါတယ်။ နွေဦး တော်လှန်ရေးဟာ နိုင်ကို နိုင်မယ်ဆိုတာ ဆိုတာကျွန်မတို့အားလုံး သိပါတယ်။ CDM တွေလည်း အား လုံး တောင့်ခံထားရင်း ရှေ့ဆက်သွားကြမယ်လို့ ပြောကြားလိုပါတယ် “ဟု မနန်းလေးက သတင်းစကား ပါးသည်။ mizzima

နတ်ချောင်းတွင် စစ်တပ်က ပစ်သတ်သွားသော ပြည်သူ ၁၉ ဦး၏ အမည်စာရင်း အတိအကျ ရ ရှိ၊ အသက်အကြီးဆုံး ၇၂ နှစ်မှ ဆယ်ကျော် သက်အရွယ်များအထိ ပစ်သတ်ခံရ ၊ အသတ်ခံရသူ အရေအတွက်တိုးလာနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊နတ်ချောင်းကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ယနေ့အထိ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ပြည်သူ ၁၉ ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ် ၂၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြော ဆိုသည်။ စစ်တပ်က ပစ်သတ်သွားသော ပြည်သူများတွင် အသက်အကြီးဆုံး ၇၂ နှစ်မှ အငယ်ဆုံး ဆယ်ကျော်သက်အရွယ်များပါဝင်ကြောင်း ဒေသခံများက ပြောဆိုသည်။

” အခု စစ်ခွေးတွေက ဟားခါးလေး ရွာဘက်ကို သူတို့ စစ်ကြောင်းထွက်သွားတယ်။ အဲတာ နတ်ချောင်း ရွာထဲကို ပြည်သူတွေက ဝင်ရောက်စစ်ဆေးခဲ့တာ ပြည်သူ ၁၉ ဦး ပစ်သတ်ခံရတယ်။ နေအိမ် ၂၉လုံးကို စစ်ခွေးတွေ မီးရှို့ဖျက်ဆီးခဲ့တယ်။ စာရင်းက အကုန် မစစ်ရသေးတဲ့အ တွက် နောက်ထပ်လည်း အသေ အပျောက်ရှိနိုင်ပါသေးတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ လက်ရှိတွင် အလောင်းများမှာ ပုတ်ပွနေ၍ ကောက်ယူ သဂြိုလ်ပေးနေရသည်ဟု ဒေသခံများက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရဟတ် ယာဉ်ဖြင့် နတ်ချောင်းကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကြောင်းများ ကျေးရွာအတွင်း ဝင်ရောက်လာကာ ယနေ့ ဒီဇင် ဘာလ ၃၁ ရက်နေ့အထိ တပ်စွဲထား၍ ကျေးရွာအတွင်းရှိ ပြည်သူ များနှင့် လမ်းသွားလမ်းလာများကို ပစ်သတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ပစ်သတ်သွားသော နတ်ချောင်းကျေးရွာမှ ပြည်သူများစာရင်း

====================================================

၁- ဦးငွေသွား ( အသက် ၄၀ နှစ်)

၂- ဒေါ်ဝင်းမြင့်ရီ ( အသက် ၆၀ နှစ်)

၃- ဦးဌေးမောင် ( အသက် ၅၇ နှစ်)

၄-ဦးမောင်ကြည် ( အသက် ၅၈ နှစ်)

၅- ဒေါ်ဌေးမ ( အသက် ၅၅ နှစ်)

၆- ကိုမောင်ဇော် ( အသက် မသိရ)

၇- ဦးဇော်လင်း (အသက် ၄၇ နှစ်)

၈- ဦးမြင့်ဇော် ( အသက် ၄၆ နှစ်)

၉- ဦးထူးအောင် (အသက် ၇၂ နှစ်)

၁၀- ဦးမင်းဒင် (အသက် ၆၂ နှစ်)

၁၁- မဘဲဥ (အသက် ၂၈ နှစ်)

၁၂- ဦးအဲပွေ (အသက် ၄၀ နှစ်)

၁၃- အမည်မသိ

၁၄- အမည်မသိ

၁၅- အမည်မသိ

၁၆- အမည်မသိ

၁၇- အမည်မသိ

၁၈- အမည်မသိ

၁၉ ဦးဖိုးအေး (အသက် ၄၀ နှစ်) khit thit

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ တနေ့တည်း တိုက်ပွဲ ၅ ကြိမ်ဖြစ်

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တရက်တည်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံ (KNU) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သထုံခရိုင် ဝီယော်တံတားထိပ် တိုက်ပွဲမှာ စစ်ကောင်စီတပ်က ၉ ဦးနဲ့ က ရင်လေးဆိပ်ကမ်း တိုက်ပွဲမှာ ၁ ဦးကျဆုံးခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အလားတူ ကော့ကရိတ်မြို့အရှေ့ဘက် ၂ မိုင်ခန့် မြို့ဟောင်းရွာ (အံကလော်ရွာ) နားနဲ့ ကြာအင်းဆိပ်ကြီး၊ လေးကေ့ကော်မြို့တို့မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က KNU ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်လာတာကြောင့် အခုလို တိုက်ပွဲဖြစ်ပွားနေတာလို့ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး စစ်ကောင်စီနဲ့ KNLA၊ PDF ပူးပေါင်းတိုက်ပွဲတွေ ၂ ပတ်ကျော်ကြာ ဖြစ်ပွားနေတာပါ။

တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၉ ရွာက စစ်ဘေးရှောင် ၁၄၀၀၀ လောက် ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက် နဲ့ ထိုင်ဘက်ခြမ်းတို့မှာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဖျက်ဆီးပြီး ကား၊ ဆိုင်ကယ် အစီးရေ ရာချီအပါအဝင် ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။ DVB

ရွှေဘိုမြို့ စည်ပင်သာယာရုံး မိုင်းကွဲ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ စည်ပင်သာယာရုံးကို ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Black Wolf PDF အဖွဲ့က ယနေ့ ဒီ ဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

“ဒီနေ့ မနက် ၁၀ နာရီ ၅၀ မိနစ်မှာ ပြည်သူတွေကို မတရား အခွန်ကောက်နေတဲ့ ရွှေဘိုမြို့ ရွှေဘိုဈေးကြီး မြောက်ဘက်မှာ ရှိတဲ့ စည်ပင်သာ ယာရုံးကို အဝေးထိန်းနဲ့ မိုင်းခွဲ လိုက်တာပါ။ အင်ဂျင်နီယာ အခန်းထဲကနေ ပေါက်ကွဲပါတယ်။ အပျက်အစီးတော့ မသိရသေးပါဘူး” ဟု Black Wolf PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှုကြောင့် စည်ပင်သာယာရုံးအတွင်း ထိခိုက် ပျက်စီးမှုများ ရှိခဲ့ပြီး အတိအကျကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ ကားနှစ်စီး ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“အရင်လကတော့ ရွှေဘိုမြို့ထဲက ဈေးဆိုင်တွေကို လမ်းမြေ အသုံးပြုခ ကောက်တယ်။ အိမ်ခွန်တွေကို လည်း တစ်နှစ်စာ ဆိုပြီး မတရား အ ခွန် တွေ ကောက်နေတဲ့ ရုံးပါ” ဟု ရွှေဘို ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းရှိ ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် Black Wolf PDF သည် လက်လုပ်မိုင်းနှင့် တစ်လုံးထိုးများ ထုတ်လုပ်ထားပြီး အကြမ်း ဖက် စစ်ကောင်စီကို တော်လှန် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန် ကြေညာ ထားသည်။ mizzima

ရန်ကုန်မြောက်ဥက္ကလာမြို့နယ်ရဲစခန်း ပစ် ခတ်ခံရပြီး မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ယနေ့ ညနေ ၆ နာရီ ၅၀ မိနစ်တွင် ပစ်ခတ်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများအတွင်းသို့ ဝင်ရောက် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မြောက်ဥက္ကလာရဲစခန်းမှာ ​သေနတ်သံများဆက်တိုက်ထွက် မိနစ်၃၀လောက်ရှိ​နေပြီ။ ၆ နာရီ ၅၀ မိနစ်လောက်နေ စပစ်တာပါ။ မြောက်ဥက္ကလာ ရဲစခန်းနား ပစ်တာ မိနစ် ၂၀ လောက်ထိ ကြာပါတယ်။ ၇ နာရီ ၁၀ မိနစ် လောက်အထိ ပစ်ခတ်ကြတယ်” ဟု မြောက်ဥက္ကလာပဒေသခံတစ်ဦးက ပြောသည်။ ဒေသခံတစ်ဦးကမူ ရဲစခန်းကို အမည်မသိလူတချို့က လာရောက်ပစ်ခတ်သဖြင့် ရဲများက ပြန်လည် ပစ်ခတ်ကြောင်း၊ ရဲကားများဖြင့်ပါ လမ်းကြိုလမ်းကြားများထဲအထိ ဝင်၍ ပစ်ခတ်သွားကြောင်း၊ ပြည်သူတချို့ ကျည်ထိမှန်သော သတင်းများရရှိထားသော်လည်း အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။

“အပြန်အလှန်ပစ်ကြတာ ဆူညံနေတာပဲ။ မြောက်ဥက္ကလာ မြရတနာ ရဲစခန်းဝင်ပစ်တာထင်တယ်။ လက်နက်ကြီး လက်နက်လေး စက်သေ နတ် အစုံပဲ။ ဗုံးပေါက်သံတွေရော။ တကယ်စစ်မြေပြင်အလားပဲ” ဟု‌ ဒေသခံတစ်ဦးက ပြောဆိုသည်။မြောက်ဥက္ကလာပ မြို့နယ် စခန်း ၉ ရဲစ ခန်းကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဗုံးပေါက်ကွဲ မှု ၃ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ယာဉ်တစ်စီးက စခန်းရှေ့ကနေ စပစ်သွားတာ မေတာဝီ လမ်းမ တစ်လျှောက် တောက် လျှောက်ကို စစ်ခွေးတွေက နောက်ကနေ လိုက်ပစ်တာ ပြီးတော့ ဗုံးပေါက်ကွဲသံ အကျယ်ကြီးပဲ ၃ကြိမ်လောက်ကြားရတယ်။ ထွက်တော့မကြည့်ရဲကျဘူး။ သေနတ်သံတွေ ဆူညံနေတာပဲ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ဒီးမော့ဆိုတိုက်ပွဲ၌ စစ်ကောင်စီက လက်နက် ကြီးသာမက တိုက်လေယာဉ်ပါ အသုံးပြု

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ဒီနေ့ တိုက်ပွဲတွေ တနေကုန်ဖြစ် ပွားနေပြီး ညနေ ၃ နာရီ ၄၀ လောက်ကစတင်ကာ  စစ်ကောင်စီတပ်ဖွဲ့က  တိုက်လေယာဉ်နဲ့ပါ လာရောက်ပစ်ခတ်နေတယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်က ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်ကတည်းက ညနေ ၅ နာရီလောက်အထိ တိုက်ပွဲတွေ ကြိုးကြား ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တိုက်လေ ယာဉ် ၃ စီးနဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တာဦးက ပြောပါတယ်။

 “ကျနော်တို့ဘက်ကို လေယာဉ် ၃ စီးနဲ့ လာပစ်တယ်။ ၃ စီးကို ဟိုးဘက်ပျံလိုက်၊ ဒီဘက်ပျံလိုက်နဲ့ အပေါ်ကနေ ပစ်တာပေါ့၊ အခုတော့ ပြန်သွားလိုက်ပြီ။ ဒါပေမယ့် တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။ တိုက်ပွဲက ကြိုးကြားဖြစ်နေတုန်းပဲ၊ မနက်ကတည်းကလည်းဖြစ်တယ်။ ဒီညနေမှာလည်း ထပ်ဖြစ်တာပေါ့နော်။  ဖြစ်တာကတော့ ကြိုးကြားနဲ့ တနေကုန်နီပါးဖြစ်တောပေါ့နော်။ ”

ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိတယ်လို့ သိရပေမယ့် စာရင်းအတိအကျကိုတော့ မသိရသေးပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နောက်တဦးကလည်း “ကျ​နော်တို့က ​နောက်တန်းက ဆို​တော့ ​ပြေပါတယ်။ ရှေ့တန်းရဲ​ဘော်​တွေ လက် နက်ကြီးထိမှန်ကြတယ်​ပြောတယ်။ လက်နက်ကြီး တအားသုံး​​တယ်ကော​။” 

ညနေ ၅ နာရီအထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်လေယာဉ်နဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ လက်နက်ကြီးထိမှန် ဒဏ်ရာရမှုတွေ ရှိနေပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ညကလည်း ဒီးမော့ဆိုအခြေစိုက် ခလရ ၄၂၇ တပ်ကို ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စ်ဘက်က ၈ ဦး သေဆုံးကာ ၂၀ ထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ည ၈ နာရီခွဲကနေပြီးတော့ သူတို့ကို တပ်အတွင်း ကျနော်တို့ ကပ်ဝင်ပြီးတော့ ပစ်ခတ်မှုတွေ လုပ်ခဲ့တာဗျာ။ ကျနာ်တို့ တဖွဲ့တည်း သီး သန့်လုပ်တာပေါ့။ သေဆုံးတာက ၈ ယောက်ရှိတယ်ဗျာ။ ဒဏ်ရာရတဲ့လူတွေက ကျနော်တို့ခန်းမှန်းခြေက ၂၀ လောက်ရှိတယ်ဗျာ။ ရှေ့မှာ တိုက် နေတဲ့ ကလေးတွေကိုယ်တိုင်က မျက်မြင်ကိုယ်တွေ့မြင်တာပေါ့နော်။ ဒဏ်ရာရတဲ့ လူစာရင်း အဲလောက်များတယ်ဆိုတာက သူတို့ ဒီ ၁၀၂ တပ်အမြောက်တပ်ရှီတယ်။ အဲဒီ ခလရ ၁၀၂ တပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ သူတို့ ၅ လုံးပစ်တယ်။ ၅ လုံးပစ်တော့ သူတို့တပ်တွင်းမှာပဲ သူတို့ပြန်ကျတော့ သူတို့ရဲ့ စစ်သားတွေပြန်ပြီးတော့ ထိတာပေါ့နော်။”

ဒီကနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲကလည်း ဒီးမော့ဆိုမြို့နယ်မှာ အခြေချတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက် ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။  DVB

ဝက်လက်မြို့နယ်ရှိ ပျူစောထီးအဖွဲ့ဝင် ၄ ဦး ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ပျူစောထီးအဖွဲ့ဝင် လေးဦးသည် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ငါးဖွဲ့နှင့် ညှိုနှိုင်းတွေ့ဆုံပြီး ၎င်းတို့ ဆန္ဒအလျောက် အလင်းဝင်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အဓိက သူတို့ စစ်ကောင်စီ လက်အောက် အလုပ် မလုပ်တော့ဘဲ ရွာကို ဒုက္ခမပေးတော့ဘူး ကတိပေးကြတာပါ။ ဒီ နေ့လယ် ခံဝန်ကတိ ထိုးကြတယ်။ လက်နက်ဘာညာ ပါတာတော့ မရှိဘူး” ဟု ၎င်းက ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြောသည်။ ယခု ရက်ပိုင်းအတွင်း စစ်ကိုင်း တိုင်း အထက်ပိုင်းရှိ ပျူစောထီး အဖွဲ့ဝင်အချို့ မိုင်းထိ သေဆုံးမှုများ ရှိပြီး စစ်တပ်က မိုင်းရန်ကို ကြောက်သဖြင့် ၎င်းတို့သွားမည့် လမ်း ကြောင်းတစ် လျှောက် ပျူစောထီး အဖွဲ့များအား ဦးစွာ စေလွှတ်မှုများရှိသည်ဟု ဆိုသည်။ mizzima

« Older Entries Recent Entries »