တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့သော ဒီမော့ဆို ၊ ငွေတောင်ဆည် ပတ်ဝန်းကျင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်း


ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်ပတ်ဝန်းကျင်ကို ယနေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးခန့် သေဆုံးခဲ့သည်။ အထိနာသော စစ်ကောင်စီက ဒီမော့ဆိုပတ်ဝန်းကျင် ကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ khit thit