KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်နှင့် KNLA ကြား ယနေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ကြား ယနေ့ ဇန်နဝါရီလ ၁ ရက်တွင် ထိပ်တိုက် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဝင်းရေးမြို့နယ်၊ ကျားမီးတိုရွာဘက်သို့ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း ၁၆၊ တပ်ခွဲ ၃ တပ်ဖွဲ့ကြား ၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ် သည် လွတ်ရှမ်းကျေးရွာသို့ ၆ ဘီးကားဖြင့် တပ်အင်အား ဖြည့်တင်းခဲ့ကြောင်း၊ ညနေ ၅ နာရီ ၁၁ မိနစ်တွင် သံပုရာကျေးရွာ၊ နို့ဝါးဆူ့ လမ်းမကြီးတွင် KNLA တပ်ရင်း ၁၆၊ တပ်ခွဲ ၂ နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက် တိုက်ပွဲ ထပ်မံဖြစ်ပွားကြောင်း ဒူးပလာယာခရိုင်ကဆိုသည်။

ယနေ့ညနေတွင် ဖြစ်ပွားသော တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးစာရင်းကို မသိရှိသေးကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်းရေးမြို့နယ်အတွင်း တပ်အပြောင်းအလဲများ၊ စစ်ရေးလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်နေကြောင်း KNU တပ်မဟာ ၆ ဒူးပလာယာခရိုင်က သတင်းထုတ် ပြန်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s