တန့်ဆည်နှင့် ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သောကြောင့် ပြည်သူ ၃ ဦး သေဆုံး၊ ဒီပဲယင်းတွင် အသတ်ခံရသူ ပြည်သူ ၂ ဦးမှာ ပါး စပ် အဝတ်ဖြင့်စည်းပြီး ကြိုးတုပ် ရိုက်နှက်ပစ်သတ်သွား


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်များက ပစ်ခတ်သော ကြောင့် ပြည်သူ ၃ ဦး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ တန့်ဆည်မြို့နယ်၊ကုန်းရိုးရွာ သုသာန်အနီးတွင် ဒီဇင်ဘာ၃၁ရက်နေ့လည်ပိုင်းက သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခံခဲ့ရသော တောင်သူတစ်ဦး ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ တက်ရောက်ကုသစဉ် သေဆုံးသွားသည်ဟု သိရသည်။
သေဆုံးသူသည် ကော်တက်ရွာမှ ဦးမောင်ကြီးဖြစ်ပြီး ဒီဇင်ဘာ၃၁ရက်၊ နေ့လည်၁နာရီခန့် ကုန်းရိုးရွာသုသာန်အနီးရှိ လယ်ထဲတွင် ကောက် လှိုင်း စည်းနေစဉ် စစ်ကောင်စီစစ်ကြောင်းက သေနတ်ဖြင့် အကြောင်းမဲ့လှမ်းပစ်လိုက်သဖြင့် ခြေထောက်ကို ကျည်ထိမှန် လဲကျခဲ့ခြင်း ဖြစ် သည်။
သေနတ်ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် အသက်၅၄နှစ်အရွယ် ဦးမောင်ကြီးသည် ယနေ့နံနက်၅နာရီခန့်က ဆုံးပါးသွားခဲ့ကြောင်း သိရှိရသည်။ “ဦးမောင်ကြီးက လူပျိုကြီးပါ။ အမွှာ ညီတစ်ဦးနဲ့ အစ်မ တစ်ဦးကျန်ရစ်ခဲ့တယ်” ဟု တန့်ဆည်ဒေသခံက ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ရွှေဒါးကန်ကျေးရွာအတွင်း ဒီဇင်ဘာလ ၃၀ ရက်နေ့ဝင်စီးနင်းခဲ့သော အကြမ်းဖက်စစ်တပ်က အ ပြစ်မဲ့ ပြည်သူ ၂ ဦးကို သတ်ဖြတ်သွားကြောင်း၊ ပြည်သူ ၂ ဦးကို သတ်ဖြတ်ရာတွင် ပါးစပ်ကို အဝတ်ဖြင့် စည်းပြီး ကြိုးတုပ်၍ ရိုက်နှက် ပစ် ခတ်သတ်ဖြတ်သွား ကြောင်း ဒေသခံများက ပြောဆိုသည်။
အဆိုပါ စစ်တပ်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ဒီပဲယင်း-စိုင်းပြင်ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရွှေဒါးကန်ကျေးရွာတွင် ပြည်သူနှစ်ဦးကို ဖမ်းမိသွားပြီးမှ ဂွေးပင်ကုန်းကျေးရွာအနီးတွင် ရက်ရက် စက်စက် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဒေသကာ ကွယ်ရေးတပ်က ထုတ်ပြန်ပြောဆိုထားသည်။ khit thit