ရန်ကုန်ရွှေပြည်သာ ၁၈ ရပ်ကွက်ရုံးကို သေ နတ်ဖြင့် ဝင်ပစ်ပြီး ဗုံးဖောက်ခွဲ၊ ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့မှ လူတချို့ ထိခိုက်ဆုံးသေဆုံးမှုရှိ၊ စစ်တပ်က ရမ်းသမ်းပစ်၍ ပြည်သူတချို့ ကျည်ထိမှန်ပြီး အခြေအနေရှုပ်ထွေးနေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်ရုံးကို ယနေ့ ည ၈ နာရီ ဝန်း ကျင်တွင် သေနတ်ဖြင့် ဝင်ပစ်ပြီး ဗုံးဖောက်ခွဲသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ လူတချို့ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရွှေပြည်သာမြို့နယ်၊ ၁၈ ရပ်ကွက်ရုံးတွင် ယနေ့ည ၈ နာရီ ၅ မိနစ်အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ၊ ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှုများကြောင့် လူတချို့ လဲကျသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပစ်ခတ်သံများဖြင့် ၀ရုန်းသုန်းကားဖြစ်သွားသည်ဟု ဒေ သခံတစ်ဦးက ပြောသည်။
“ဗုံးကွဲသံကြားတယ်။ ထွက်ကြည့်တော့ သေနတ်နဲ့ ဆက်တိုက် ပစ်တာကြားရတယ်။ အုပ်ချူပ်ရေးမှူး သား ထိသွားတယ်။ လူ တစ်ချို့လည်း လဲ နေတာ တွေ့တယ်တဲဲ့။အခု ထပ်မေးကြည့်တော့ တစ်ဦးသေတယ်။ အုပ်ျုပ်ရေးမှူးလည်း ထိသွားတယ်။ လူနာတင်ကားနဲ့ ဆေးရုံခေါ်သွားပြီ။ သေဖို့များတယ်ပြောတယ်။ မပေါက်သေးတဲ့ဗုံးတလုံးရှိသေးတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်တပ်က အနီး အနားပတ်ဝန်းကျင်လမ်းနှင့်ရပ်ကွက်များကို ပိတ်ဆို့ထားပြီး စစ်ကား အများအပြားလည်း ရောက်ရှိလာနေကြောင်း သိရှိရသည်။”စခတွေ ရမ်းသမ်းပစ်တာပြည်သူတွေလည်းထိတယ်။ လူနာတင်ကားတွေလာနေတယ်။ ရပ်ကွက်ရုံးက လူတွေလည်း သေတယ်ဗျ” ဟု ၁၈ ရပ်ကွက်သားတစ်ဦးက ရှင်းပြသည်။ khit thit