ရေဦးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပြီး စစ် သား ၇ ဦး သေဆုံး(ရုပ်/သံ)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပါရမီကျေးရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များ တိုက် ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်သား ၇ ဦးသေဆုံးကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါတိုက်ပွဲသည် ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံစစ် အခိုင်အမာ ပြုလုပ်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးကြောင်း သိရှိရသည်။
“ဒီနေ့မနက် ၁၀ နာရီ ၂၀ မိနစ်မှာ ရေဦးမြို့နယ် ပါရမီကျေးရွာအနီး ခြေရှုပ်နေတဲ့ စစ်ခွေးတွေကို ရေဦး PDF နှင့် ရေဦးပကဖ တို့ ပူးပေါင်းတိုက်ခိုက်ပါတယ်။ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ရင်ဆိုင်ခဲ့လို့ စစ်ခွေး ၇ ကောင် မုန့်ဟင်းခါး ဖြစ်သွားပါတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်မှ ကျေးရွာများသို့ ဝင်ရောက်စီးနင်းမှုများ ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ khit thit