ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ညဘက်ခရီးမသွားရန် ကေအန်ယူ ထုတ်ပြန်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ည ၇ နာရီမှ မနက် ၆ နာရီအထိ ခရီးသွားလာတာ မလုပ်ဖို့ ကေအန်ယူ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့) လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဌာက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်မှာ လက်ရှိ မြန်မာနိုင်ငံရေး မတည်ငြိမ်မှုကြောင့် တပ်မဟာ (၆) ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ထဲက ပြည်သူတွေအနေနဲ့ အန္တရာယ် မဖြစ်ရအောင်နဲ့ ရှောင်ရှားသွားလာနိုင်ရေးအတွက် အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။
အရေးပေါ်ကိစ္စ သွားလာစရာ ရှိပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အကြောင်းကြား ထောက်ခံချက် ရယူရမှာဖြစ်ပြီး ရယူခြင်းမရှိဘဲ သွားလာလို့ ပြဿနာ တစုံတရာ ဖြစ်ပေါ်လာပါက လည်း တာဝန်ယူဆောင်ရွက်ပေးမှာ မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ DVB