Monthly Archives: Jan 2022

ကြည်းတပ်၊ လေတပ်နှင့် ပျူစောထီးတို့ ဝက်လက်မြို့ပြင်ကို စစ်ဆင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် နေ့စဉ် တိုက်ပွဲဖြစ်နေပြီး ယနေ့ (ဒီဇင်ဘာ ၃) တွင် စစ်ရဟတ်ယာဉ်တစ်စီး ညောင်ပင်ကြီးတောကျေးရွာအနီး လှည့်ပတ်ပစ်ခတ်ခဲ့သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၏ တပ်ရင်း ၂ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

မွန်းလွဲ ၂ နာရီကျော်တွင် မြို့အရှေ့ဘက် ၁၀ မိုင်အကွာ ညောင်ပင်ကြီးတောကျေးရွာအနီးရှိ ရက္ကန်းတောင်ဘုန်းကြီးကျောင်းဝန်းကျင်သို့ စစ် သား အင်အား ၅၀ ခန့်က စစ်ရဟတ်ယာဉ်များနှင့် ရောက်လာသည်ဟု ၎င်းက ဆိုသည်။

“သုံးစီးက လူချနေတဲ့အချိန်မှာ တစ်စီးက ပတ်လည်လှည့်ပစ်နေတာ။ ပစ်တာက သူတို့ကို တိုက်ခိုက်တာလဲ မရှိဘဲ၊ ပစ်နေတာ၊ စက်သေနတ်တွေ၊ ဗုံးသီးတွေ ပစ်နေတာ”ဟု ထိုအမျိုးသားက ဆက်ပြောသည်။

ကျေးရွာအပြင်ဘက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ထိခိုက်မှု ရှိမရှိ လတ်တလော အ တည်မပြုနိုင်သေးကြောင်း ၎င်းက ပြောသည်။ 

ထိုရွာဒေသခံတစ်ဦးကလည်း ယနေ့ လေကြောင်းပစ်ခတ်မှုကြောင့် ညောပင်ကြီးတောရွာတွင် နေထိုင်သူများ ဘေးလွတ်ရာ တောတောင်များအ တွင်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရဟတ်ယာဉ်နှင့် ရောက်ရှိလာသည့် စစ်သားများက ရွာအတွင်း တပ်စွဲလိုက်သည်ဟု ပြောသည်။ 

“ရွာထဲ တပ်စွဲဖို့ တပ်ချထားတာ။ ရွာကဗျာ ခွေးပြေးပြေးနေရတာ။ ဘယ်သူမှ မနေရဲဘူး။ လက်နက်ကြီးက စလာကတည်းက ထုတာ” ဟု ထိုရွာသားက ဆိုသည်။ 

“အခုလိုလုပ်မယ်လို့ တွေးမထားဘူး။ အခုလို လေကြောင်းကြီးနဲ့ ပစ်တာတော့ ယုတ်မာတယ်ဗျာ”

ဒီဇင်ဘာ ၃၁၊ နံနက်တွင် စစ်တပ်ထောက်ခံသူ အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင် ၇၀ ခန့်သည် ရှိန်းမကားကျေးရွာမှ ရေကြောင်းအတိုင်း ဘုရားလေးကုန်းကျေးရွာသို့ လာရောက်စခန်းချခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

PDF နှင့် ရက်ဆက်တိုက်ပွဲ ဖြစ်နေခဲ့ရာ ဇန်နဝါရီ ၁ တွင် စစ်တပ်က လေကြောင်းမှ ပစ်ကူခဲ့သောကြောင့် ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေးနေရခြင်း ဖြစ်သည်။ 

ယင်းနေ့ (ဒီဇင်ဘာ ၃၁) မွန်းလွဲ ၂ နာရီခန့်မှ ၄ နာရီခန့်အထိ အပြန်အလှန် တိုက်ပွဲဖြစ်ကြပြီး ပျူစောထီး ၁၂ ဦးခန့် သေဆုံးသွားခဲ့ပြီး တိုက်ပွဲပြီးဆုံးသွားကြောင်း၊ ပျူစောထီးများက ကျေးရွာအတွင်းမှ နေအိမ်များကို မီးရှို့ခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း အထက်ပါ ဝက်လက် PDF ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

“သူတို့ဘက်ကတော့ လက်နက်ကြီးတွေနဲ့ တအားပစ်တယ်။ အချက်ပေါင်း ၃၀ လောက်ရှိတယ်။ ကျွန်တော်တို့ ကပ်မရအောင်ပေါ့” ဟု ၎င်းက ယနေ့ ပြောပြသည်။

“အဲ့ဒီနေ့မှာပဲ သူတို့က ရွာထဲက အိမ်တွေကို မီးရှို့တယ်။ တိုက်ပွဲကတော့ ပြီးသွားတယ်။ နောက်တစ်နေ့ မနက်ကျတော့လည်း မီးထပ်ရှို့ပြန်ရော၊ ကျွန်တော်တို့လဲ တိုက်ခိုက်ဖို့ပဲ စဉ်းစားရတော့တယ်”

ထိုတိုက်ပွဲတွင် ဝက်လက် PDF ဘက်မှ ထိခိုက်မှု မရှိဟု ဆိုသည်။

ဇန်နဝါရီ ၁ နံနက် ၁၁ နာရီခန့်တွင် ဝက်လက်မြို့အနယ်အရှေ့ပိုင်းရှိ အခြား PDF မဟာမိတ်တပ်ဖွဲ့များက ဘုရားလေးကုန်းကျေးရွာတွင်း ဝင်ရောက်နေရာယူထားသော ပျူစောထီးတို့ကို တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့သည်။

PDF က ပျူစောထီးတို့ကို ပိတ်ဆို့ထားစဉ် ညနေ ၆ နာရီခန့်၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက လာရောက်ပစ်ကူပေးခဲ့သည်ဟု ဝက်လက် PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ ရွာထဲကို ကျားထိုးတက်ပြီးတော့ ငြာသံပေးပြီး လုပ်တဲ့အချိန်မှာ သူတို့ဘက်က ကျန်တဲ့ အယောက် ၃၀ လောက်က ထွက်ပြေးတယ်။ ကျွန်တော်တို့ မဟာမိတ်ကလည်း ရွာအပြင်က စောင့်နေတဲ့အဖွဲ့လဲ ရှိတော့ နောက်က လိုက်ပစ်၊ ရှေ့က ကြိုတဲ့လူကကြိုနဲ့ လိုက်ဖမ်းကြတယ်” ဟု ထိုသူက ဆိုသည်။ 

“၆ နာရီလောက်ကျတော့ ရွာအရှေ့ဘက်က တောထဲ ဝိုင်းထားတဲ့အချိန် ဟတ်စကီးတစ်စီး လာပစ်တယ်။ စက်လက်နဲ့ ပစ်တယ်။ ဗုံးသီးတွေ ပစ်တယ်။ နာရီဝက်လောက် အပြင်းအထန်ပစ်တယ်။ ရွာထဲရော၊ ရွာပတ်ပတ်လည်ရော ချတာ”

လေကြောင်းတိုက်ခိုက်ခံရချိန်တွင် တပ်ရင်း-၂ မှ ရဲဘော် ငယ်လေးဆိုသူ သေဆုံးခဲ့ကြောင်း၊ ဝိုင်းပိတ်ခံထားရသည့် ပျူစောထီး အယောက် ၃၀ ခန့် လွတ်မြောက်သွားခဲ့ကြောင်း၊ ဘုရားလေးကုန်းရွာပတ်လည်နှင့် ရွာအတွင်း PDF က ဝင်ရောက်ကာ နယ်မြေရှင်းလင်းပေးခဲ့ကြောင်း သူက ဆက်ပြောသည်။  

“ဒေသခံတွေအတွက်တော့ နယ်မြေရှင်းလင်းရေးလုပ်ပေးထားတယ်။ မိုင်းထောင်တာတော့ မတွေ့ရဘူး။ ရွာထဲ ဝင်ပြီးတော့ စစ်ဆေးရေးလုပ်ပေးထားပေမဲ့ ရွာသူရွာသားတွေက မပြန်နိုင်ကြသေးဘူး။ လေကြောင်းရန်ကို ကြောက်လို့ “ဟု အထက်ပါပြန်ကြားရေးအမျိုးသားက ပြော သည်။ 

ဒီဇင်ဘာ ၂၉ တွင် ဝက်လက်မြို့နယ်ကောင်စီဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိ ဗိုလ်ကြီးတစ်ဦး မိုင်းပေါက်ကွဲမှုတစ်ခုတွင် သေဆုံးခဲ့သည်။  myanmar now

မြဝတီမှ ဆင်းလာသည့် စစ်ကောင်စီ လေယာဉ်ဆီတင် ဆီဘောက်ဆာ ကား ၂ စီး ပစ်ခတ်ခံရပြီး မီးလောင်ပျက်စီး

ကရင်ပြည်နယ်၊ မြဝတီမြို့မှတဆင့် အာရှလမ်းမကြီးအတိုင်း ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ဆီတင် ဆီဘောက်ဆာ ကား ၂ စီးသည် ဇန်နဝါရီလ ၃ ရက် ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

လက်ရှိအချိန် အဆိုပါနေရာတွင် ကရင်နယ်ခြားစောင့်တပ် BGF က လုံခြုံရေးယူထားကြောင်း ဒေသ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သို့ ပြောဆိုသည်။အဆိုပါ မြဝတီ-ကော့ကရိတ်ကြား အာရှလမ်းမကြီးတွင် အကြမ်းဖက်စစ်ကောင် စီ ယာဉ်တန်းများကို KNLA နှင့် ပူး ပေါင်းတပ်ဖွဲ့က မကြာခဏ ပစ်ခတ်တိုက်ပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။ khit thit

“သူ့ကျွန်ဘဝကလွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ကြွေးကြော်သံဖြင့် လွတ်လပ် ရေးနေ့ လှုပ်ရှားမှုပြုလုပ်ရန်နှိုးဆော်

မြန်မာနိုင်ငံမှာ ဖက်ဆစ်စစ်တပ်  အုပ်ချုပ်မှုလက်အောက်ကျရောက်နေတဲ့ မလွတ်လပ်သေးတဲ့ အချိန်ကာလဖြစ်လို့ ဇန်နဝါရီ ၄ ရက် မနက်ဖြန် ကျရောက်မယ့် လွတ်လပ်ရေး အထိမ်းအမှတ်ပွဲကို ပြည်သူတွေအနေနဲ့ ပါဝင်ဆင်နွှဲတာတွေ မလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက် တွန်းထားပါတယ်။

လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေးကြွေးကြော်သံ၊ တိုက်ပွဲဝင်သံပါစာသားတွေ ရေးသားကာ စျေးသွားချိန်၊ လမ်းပေါ်ထွက်ချိန်၊ မိမိတို့ ပုံမှန်လုပ် ငန်းဆောင်တာတွေ လုပ်ဆောင်နေချိန် လမ်းမပေါ်နဲ့ အများပြည်သူနေရာတွေမှာ ကြဲချတာ၊ နံရံတွေမှာ  ကပ်ထားတာတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

မလွတ်လပ်သေးတဲ့ အနာဂတ်ပျောက်ဆုံးနေတဲ့ နိုင်ငံတော်အတွင်းမှ လွတ်လပ်လာမယ့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုလှမ်းမျှော်တဲ့ စာတိုတွေ ရေးသားစုဆောင်းပြီး (၇၄) ကြိမ်မြောက် လွတ်လပ်ရေး လူထုလှုပ်ရှားမှုတွေအဖြစ် မှတ်တမ်းတင်ကာ  သတင်းမီဒီယာတွေကနေ  ပြန်လည်ဖော်ပြပေးသွားကြဖို့လည်း တိုက်တွန်းထားပါတယ်။ DVB

ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ်တွင် ကုန်တင်ယာဉ် ၁ စီး တိမ်းမှောက်

ကရင်ပြည်နယ် မြဝတီခရိုင် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး KNU မွေးမြူရေးဇုံ အနီးတွင် ယနေ့ ဇန်နဝါရီလ ၃ ရက် ၂ နာရီ ၅၀ မိနစ် ၂၂ ဘီးတပ် ကုန်တင်ယာဉ် တစ်စီး အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားရာ အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရရှိပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း ပုလဲဖြူ လူမှု ကယ်ဆယ်ရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အာရှလမ်းမကြီး ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ လမ်းကို ယာယီ ပိတ်ထားခဲ့ရသည်ဟု ပုလဲဖြူ လူမှု ကယ်ဆယ်ရေး အဖွဲ့ မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။ လက်ရှိတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ အမျိုးသား ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ mizzima

စခန်းမဝင်သည့် ကရင်အမျိုးသမီးဘောလုံးသ မားများကို ရာသက်ပန် ကစားခွင့်ပိတ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

စခန်းဝင် လေ့ကျင့်ဖို့မလာရောက်တဲ့  ကရင်ပြည်နယ်၊လက်ရွေးစင် အမျိုးသမီးဘောလုံး အားကစားသမားတွေကို ပြည်နယ်အတွင်းကျင်းပမယ့် ဘယ်အားကစားပြိုင်ပွဲမဆို ရာသက်ပန် ကစားခွင့်မပြုဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အားကာ ဌာန ညွှန်မှူးက ခြိမ်းခြောက်လိုက်ပါတယ်။

ပြည်နယ်အားကစားနဲ့ ကာယပညာဦးစီးဌာနညွှန်မှူးက စစ်ကောင်စီခန့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက် နေ့စွဲနဲ့ ပေးပို့တဲ့စာမှာ အခုလိုဖော်ပြထားတာပါ။

နေပြည်တော်မှာ လာမယ့် ဇန်နဝါရီ ၇ ရက်မှ ၂၁ ရက်အထိ ကျင်းပမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘော လုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ဘားအံမြို့ရှိ အောင်သံလွင်ကွင်းမှာ မြို့နယ်ပေါင်းစုံဘောလုံးပွဲကျင်းပပြီး  ကရင်ပြည်နယ် လက်ရွေးစင်တွေ ရွေးချယ်ထားတာပါ။

ရွေးချယ်ခံထားရတဲ့ လက်ရွေးစင် ကစားသမားတွေကို စခန်းသွင်းလေ့ကျင်ဖို့ ဒီဇင်ဘာ ၄ ရက် အရောက်လာကြဖို့ အကြောင်းကြားထားပေမဲ့ ကစားသမား ၁၁ ယောက် အနေနဲ့ လာရောက် စခန်းဝင်တာမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး ကစားသမားတွေ စခန်းလာဝင်ကြဖို့နဲ့ မလာရောက်ပါက ကရင်ပြည်နယ်အတွင်း ကျင်းပတဲ့ ဘယ်လို အားကစားပြိုင်ပွဲမှာ မဆို ရာသက်ပန် ကစားခွင့်မပြုဖို့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့  ပြည်နယ်အားကာဌာန ညွှန်မှူး စိုးနိုင်ရဲ့ စာမှာဖော်ပြထားပါတယ်။

ရာသက်ပန် ကစားခွင့်ပိတ်ခံရမယ်လို့ ခြိမ်းခြောက်ခံခဲ့ရတဲ့ အမျိုးသမီးဘောလုံး ကစားသမားတွေကတော့ ဘားအံ၊ လှိုင်းဘွဲနဲ့ ကြားအင်းဆိပ်ကြီး ဒေသက အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးကစားသမားတွေ ဖြစ်ကြပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကပ်ဘေးနဲ့ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် ဘောလုံးအားကစားပြိုင်ပွဲတွေ နည်းပါးသွားသလို   မြန်မာ့အားကစားအခြေအနေဟာလည်း အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

စစ်အာဏာရှင်လက်အောက်မှာ မကစားပေးချင်ကြတဲ့ အားကစားသမားတွေကလည်း  CDM အာဏာဖီဆန် လှုပ်ရှားမှုမှာ ပါဝင်ထားကြပါတယ်။  DVB

Chevron နှင့် Total Energies ကုမ္ပဏီတို့ စစ်ကောင်စီထံ ငွေပေးချေနေမှု ရပ်တန့်ရေး အမေရိကန် နှင့် ပြင်သစ် သမ္မတထံသို့ တောင်းဆို

အမရိကန် ကုမ္ပဏီ Chevron နှင့် ပြင်သစ် Total Energies သဘာဝဓာတ်ငွေ့ ကုမ္ပဏီတို့ စစ်ကောင်စီထံ ငွေပေးချေနေမှုများ ရပ်တန့်ပေးရေး အမေရိကန် သမ္မတနှင့် ပြင်သစ် သမ္မတထံသို့ ‌‌သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုနှင့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေး အင် အားစုတို့က ဇန်နဝါရီလ ၁ ရက်တွင် နှစ်သစ်ကူး စာလွှာပို့ တောင်းဆိုခဲ့သည်။ အမေရိကန် ကုမ္ပဏီ Chevron နှင့် ပြင်သစ်ကုမ္ပဏီ Total Energies တို့၏ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ အမေရိကန်ဒေါ်လာ ၄၅ သန်းခန့်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီက ရရှိ ခဲ့ကြောင်းလည်း သိရသည်။

” Total Energies နှင့် Chevron ကုမ္ပဏီများမှ စစ်အုပ်စုထံ လစဥ် ငွေပေးချေမှုများကို လူကြီးမင်းတို့ က ဆက်လက် ထောက်ပံ့ခွင့် ပြုနေမည် ဆိုပါက လာမည့်နောက်နှစ် ခရစ္စမတ် ကာလတွင် လူကြီးမင်းတို့ ရမည့် လက်ဆောင်သည် မြန်မာပြည်သူ ၅၄ သန်းကျော် အပေါ် ရက်စက်စွာ အုပ်ချုပ်မည့် လွန်ခဲ့သည့် ဆယ်စုနှစ်နှင့် ချီသော စစ်အာဏာရှင် အုပ်ချုပ်ရေး ပြန်ရောက်ခြင်းသာ ဖြစ်ပါလိမ့်မယ် “ ဟု နှစ်သစ်ကူး စာလွှာတွင် ရေးသားထားသည်။

ထို့ပြင် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများထံမှ ရသည့် အမေရိကန်ဒေါ်လာများဖြင့် စစ်အုပ်စုသည် မြန်မာ ပြည်သူများအား သတ်ဖြတ်ခြင်း၊ ညှဥ်းပန်းနှိပ်စက်ခြင်း၊ တရားမဲ့ သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အတင်းအကျပ် နေရာရွှေ့ပြောင်းခိုင်းခြင်းများ၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း စသည့် လူမဆန်သော ရာဇ ဝတ်မှုများကို ဆက်လက်ကျူးလွန်နေမည် ဖြစ်သည် ဟု သမ္မတ နှစ်ဦးထံ ပေးပို့သည့် စာတွင် ရေးသားထားသည်။

Chevron နှင့် Total Energies ကဲ့သို့ နိုင်ငံတကာ ကုမ္ပဏီကြီးများ အနေဖြင့် အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းနေခြင်းများကို ရပ်တန့်ရန် ဓာတ်ငွေ့ ဝင်ငွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုများကို နှစ်သစ်ကူး ဆုံးဖြတ်ချက်အဖြစ် ချမှတ်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ထည့်သွင်း ရေးသားထားသည်။

၂၀၂၂ ခုနှစ်တွင် အမေရိကန် ကုမ္ပဏီနှင့် ပြင်သစ်ကုမ္ပဏီ တစ်ခုခုတို့က စစ်အုပ်စုနှင့် ထပ်မံ ပူးပေါင်းပါဝင်မှု မဖြစ်စေရန် သမ္မတနှစ်ဦးတို့က လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ကာကွယ်ပြီး မြန်မာ ပြည်သူလူထုနှင့်အတူ ရပ်တည် ဆောင်ရွက်ပေးစေလိုကြောင်းလည်း တောင်းဆိုထား သည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားဝင်ငွေ ရရှိမှု ၅၀ ရာခိုင်နှုန်းသည် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိခြင်း ဖြစ်သည်။ အဆိုပါ ဝင်ငွေများကို စစ်တပ် လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းက ချုပ်ကိုင်ထားခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့ ကုမ္ပဏီများသည် ငွေပေးချေမှုများကို မလေးရှား CIB ဘဏ်မှ တစ်ဆင့် အကြမ်းဖက် စစ်အုပ်စု၏ စင်္ကာပူရှိ ငွေစာရင်းများသို့ လွှဲပြောင်းပေးနေကြောင်းလည်း Justic For Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ဝင်ငွေများ စစ်အုပ်စုထံ မရောက်ရှိစေရန် ‌သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု နှင့် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး အင်းအားစုတို့က နိုင်ငံတကာသို့ နည်းလမ်းမျိုးစုံဖြင့် တောင်းဆို နေကြခြင်း ဖြစ်သည်။ mizzima

ပေါင်းတည်ဘူတာရုံအနီးဗုံးကွဲ၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်ဘူတာရုံအနီးမှာ ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့၊ မနက် ၈ နာရီခွဲဝန်းကျင်က ဗုံး ၁ လုံး ပေါက်ကွဲလို့ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ဘူတာကိုကင်းစောင့်ကျတဲ့အဖွဲ့က လမ်းမှာအုန်းခံရတာ။ ၅ ယောက်လာတာ ၂ ယောက်သေတယ်။ ၁‌ ယောက်က အခြေအနေဆိုးလို့တဲ့ ရန်ကုန်စစ်ဆေးရုံပို့တယ်လို့သိရတယ်။ ကျန်တဲ့ ၂ ယောက်က သိပ်မထိဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုအခြေအနေ အသေးစိတ်သိရှိနိုင်ဖို့ ပေါင်းတည်ပြည်သူ့ဆေးရုံကို အ ကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဗုံးပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးကာ  သေနတ်တွေလည်း ပစ်ဖောက်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းကပြုလုပ်ကြောင်း ထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရှိရသေးပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ပေါင်းတည်မြို့၊ သစ်ပုတ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနင်းပြီး တပ်စွဲစခန်းချထားတဲ့နေအိမ်ကို ပစ်ခတ်တိုက်ခိုက်ခံရလို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ DVB

ဧရာဝတီတိုင်းတွင် အချိန်ကြာမြင့်စွာ လျှပ် စစ်မီးပြတ်တောက်မှုနှင့် မကြာခဏမီးပြတ်မှု အ ကြိမ်ရေပိုများလာ

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုမှာ စစ်ကောင် စီအာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးမကြာခဏ​ပြတ်တောက်သည့်အပြင် အချိန်ကြာမြင့်စွာမီးပြတ်သည်ကိုလည်း ကြုံတွေ့နေရကြောင်း ဒေသခံမှ သိရသည်။နေ့စဉ် ၁၂နာရီခန့်အထိ လျှပ်စစ်မီးပြတ်တောက်မှုတွေ ဖြစ်ပွားနေပြီး သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးများကို ဆက်သွယ်မေးမြန်းရာတွင်လည်း ဖြေရှင်းချက်ပေးနိုင်ခြင်း မရှိဘဲ ဖုန်းများပိတ်ထားကြောင်း သိရသည်။

“ညဆို ၉နာရီလောက် တစ်ခါတလေ ၁၂လောက်မှပြန်လာတယ် မနက်ဆို ၅နာရီမထိုးဘူး ပျက်နေပြီ ၇နာရီလောက်ကျ ခဏလာပြီး ပြန်ပျက်တယ် တစ်နေကုန် ခဏလာလိုက် အကြာကြီးပျက်လိုက်ပဲ မီးလာချိန်မှာ ရေတင်ဖို့တောင် အမြန်လုပ်ယူရတယ် ကျန်တဲ့အလုပ်တွေ မလုပ်ရတော့ဘူး၊ အလှည့်ကျပေးနေတာလည်း မဟုတ်ဘူး လာကိုမလာတာ၊ အလုပ်တွေတော်တော်များများက မီးကြောင့်ပဲ ရွှေ့ရဖျက်ရတာတွေဖြစ်နေတယ် EPCရုံးကိုဖုန်းဆက်ရင်လည်း ဖုန်းပိတ်ထားတယ် ဖြစ်နေတာ နှစ်ပတ်ကျော်ပြီ”ဟု ပုသိမ်မြို့ဒေသခံတစ်ဦးကပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဝါးစွာဖြစ်ပေါ်နေသော်လည်း လျှပ်စစ်မီတာခများကို တိုးမြှင့်ကောက်ခံနေပြီး မီတာခမပေးဆောင်သူများကို ဖိ အားပေးတောင်းခံနေကြကြောင်း ၎င်းကပြောသည်။“အဓိကလိုက်ပြီးတော့ ပြဿနာရှာတာက ဆန်စက်တွေနဲ့ စက်မှုဇုံတွေကို မီတာခအတင်း လိုက်တောင်းတာ မီးဖြတ်ချတာတင်မက ဖမ်းမယ်ဆီးမယ်လုပ်လာတော့ ဆောင်လိုက်ကြရတယ်၊မီတာခကျတော့လည်း နောက်ပိုင်းတောင်းတာတွေမှာ ပုံမှန်သုံးနေတာထက်ပိုပိုနေတယ် ပြောတော့လဲ ရှင်းမပေးဘူး၊ မီးပျက်တာကတော့ အလွန်အကျွံကိုဖြစ်နေပြီ အလုပ်လုပ်ရမဲ့အ ချိန် မီးမလာဘူး ညဖက်အိပ်ချိန်မှ မီးလာတော့ တစ်နေကုန် အလုပ်မလုပ်ရဘူး၊ ဒီကောင်တွေက လုပ်ချင်တော့ သမ္မတ၊လုပ်နေတော့ သူ တောင်းစားတွေ”ဟု ပုသိမ်စက်မှုဇုံအတွင်း အလတ်စားစက်မှုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

မဇ္ဈိမက စုံစမ်းသိရှိရသည့် အချက်အလက်များအရဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့အပြင် မြောင်းမြ၊ ငပုတော၊ လပွတ္တာ၊ အိမ်မဲ၊ ကျောင်းကုန်း စသည့်မြို့နယ်များအပြင် မြို့နယ် ၂၆ခုလုံးမှာ ဆိုးဝါးစွာ လျှပ်စစ်မီးပြတ်တောက်မှုကို ကြုံတွေ့နေရတာဖြစ်ပြီး မီးပျက်တောက်မှုတွေအတွက် မြို့နယ်လျှပ်စစ်ရုံးများက ကြိုတင်အသိပေးခြင်းနှင့် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်းမရှိကြောင်း ဒေသခံထံမှ သိရသည်။ mizzima

“သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” စာသားနှင့် အတူ အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး စိန်ပန်းသပိတ် စစ်ကြောင်း ချီတက်

khit thit

« Older Entries Recent Entries »