“သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” စာတန်းဖြင့် ဖက်ဆစ်စစ်တပ်ဖြုတ်ချရေး အရာတော်ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ





khit thit
khit thit
မကွေးတိုင်း၊ ကံမမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက် ဒီနေ့မနက်ပိုင်းက ကံမမြို့နယ်ထွေအုပ်ရုံး အပါအဝင် စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံး ၇ ရုံး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ကံမ PDFတပ်ဖွဲ့ကနေ သိရပါတယ်။
ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအပါဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကို ဒီကနေ့ မနက်အစောပိုင်းက မလွတ်သေးတဲ့ လွတ်လပ်ရေးနေ့ အထိမ်းမှတ်အဖြစ် ကံမPDF တပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ကံမPDF တပ်ဖွဲ့ရဲ့ ခေါင်းဆောင်က ဒီဗွီဘီကိုပြောပါတယ်။
ကံမမြို့နယ် ထွေအုပ်ရုံးနဲ့ အင်းဘဲကျေးရွာမှာ ၂ နေရာ၊ ကြို့ပင်ကျေးရွာမှာ ၁ နေရာ၊ အလယ်ချောင်းကျေးရွာမှာ တစ်နေရာ၊ ညောင်ပင်ကွင်းကျေးရွာမှာ တစ်နေရာနဲ့ ငမဲ ကျေးရွာမှာ တစ်နေရာ ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အများစုကတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေဖြစ်တယ် လို့ဆိုပါတယ်။
“ကံမမြို့ထွေအုပ်ရုံးမှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်ရတယ်ဗျ။ အဲဒီ ပေါက်ကွဲမှု ဖြစ်ပြီးတော့ စစ်ကောင်စီတပ် သားတွေနဲ့ ရဲတွေရောက်လာပြီးတော့ လမ်းသွားလမ်းလာ ပြည်သူတွေနဲ့ ကားတွေ ဆိုင်ကယ်တွေကို တစ်နေကုန် စစ်ဆေးနေတယ်”လို့ ကံမမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုအတိကျ သိရှိနိုင်ဖို့ ကံမမြို့နယ် ထွေအုပ်ရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။ DVB
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာကျေးရွာအနီး သဲတောင်တဝိုက်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ လ ၄ ရက် ယနေ့ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်ကောင်စီတပ်သားများ စွန့်လွှတ်သွားခဲ့သော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNDF တပ်ရင်း ၁၀ က သတင်းထုတ်ပြန်သည်။
ကရင်နီတပ်ဖွဲ့က နယ်မြေရှင်းလင်းစဉ် လက်နက်ကြီးကျည်အချို့၊ သေနတ်ကျည်ဆံအချို့၊ ခြင်းကျားများနှင့် စစ်ယူနီဖောင်း၊ စစ်ဦးထုပ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထူလွှီးဘီလာကျေးရွာအနီး သဲတောင်တွင် ဖရူဆိုဘက်မှ စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် KA၊ KNDFပူးပေါင်းတပ်ဖွဲ့ကြား ဇန်နဝါရီလ ၃ ရက် နံနက် ၁၀ နာရီခွဲမှ ည ၇ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၄ ဦးသေ ဆုံးကာ ၅ ဦး ဒဏ်ရာရရှိကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။ khit thit
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD )ပါတီ၏ မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့၀င် ကိုသိန်းစိုး(ခ)သန်းစိုးသည် ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ညနေပိုင်းက စစ်ကြောရေးတွင်နှိပ်စက်ခံရ၍ သေဆုံးသွားကြောင်း တောင်သာ NLDပါတီ၏ သတင်းနှင့်ပြန် ကြားရေး တာ၀န်ခံ ဦးဇော်ထွေးက ပြောသည်။
” ၂၆ ရက် ညကလိုပဲ အ၀တ်တွေချွတ်ပြီးနှိပ်စက်တာစစ်ကြောရေး ရောက်တဲ့အထိပဲ။ သူ့ကိုအရက်မူးအောင်တိုက်ပြီးစစ်တယ်။ သူတို့လိုချင်တဲ့ အဖြေမရတော့ သူ့ကို ခြေသည်း၊ လက်သည်းခွံတွေ ခွာပစ်တယ်။ တမံတလင်းကြမ်းပြင်ပေါ် တုံးလုံးလှဲခိုင်းပြီး ရေနဲ့လောင်းတယ်။
ကြမ်းပြင်ကိုလည်း ရေစိုအောင်အမြဲထားပြီး နှိပ်စက်တာ မနေ့က သေသွားတယ်။ အလောင်းလည်း ပြန်မပေးဘူး။ မိသားစု၀င်တွေကိုလည်း အကြောင်းမကြားဘူး”ဟု ၎င်းကမဇ္ဈိမကိုပြောသည်။ တောင်သာမြို့နယ် အ.ထ.က (၁)စာသင်ကျောင်းတွင် ပြုလုပ်ထားသည့် စစ်ကြောရေးစခန်းတွင် စစ်ကောင်စီတပ် အင်အား ၇၀ ခန့်ပြီး ကိုသိန်းစိုးကို ထိုစခန်းတွင် နှိပ်စက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ၏ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံဟောင်း ကိုပြည့်ဖြိုးမောင် နှင့် စည်းရုံးရေးမှူးနှစ်ယောက်တို့ အတူဦးဆောင်ကာ ဖမ်းဆီးခံရသူများကို နှိပ်စက်လေ့ရှိကြောင်းလည်း ဦးဇော်ထွေးက ပြောသည်။ အသက် ၂၈ နှစ် အရွယ်ရှိ ကိုသိန်းစိုးသည် NLD ပါတီအဖွဲ့၀င်ဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် ရှေ့ဆုံးမှ အလံကိုင်ခဲ့သူဖြစ် သောကြောင့် တောင်သာမြို့မ ရဲစခန်းက ၂၀၂၁ ခုနှစ် ဇွန်လတွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက် ညဉ့်နက်ချိန်တွင် စစ်ကောင်စီတပ်က ၎င်းအား ဖမ်းမိခဲ့ပြီးနောက် အဝတ်များချွတ်၍ ထိုစစ်ကြောရေးစခန်းတွင် တစ်ပတ်ကြာနှိပ်စက်ခဲ့ကြောင်း နီးစပ်သည့် ဒေသခံများကဆိုသည်။
၎င်းအား မဖမ်းဆီးခင် ဒီဇင်ဘာလ ၂၀ ရက်ကလည်း မြင်းခြံမြို့နယ် အမှတ် (၁၆) ရပ်ကွက်မှ ဒလန်ဆိုသူ အမျိူးသမီး၏ သတင်းပေးတိုင်ကြားမှုကြောင့် ဖမ်းဆီးခံထားရသည့် အမျိုးသားတစ်ဦးမှာလည်း အဆိုပါ စစ်ကြောရေးတွင်ပင် သေဆုံးသွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ အလောင်းဖျောက်ဖျက်ခဲ့ကြောင်းဒေသခံများထံမှ သိရသည်။ mizzima
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆီအုန်းခြံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA နှင့် ပူးပေါင်းအဖွဲ့က ယနေ့နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။
KNLA တပ်မဟာ ၁ နှင့် ကျိုက်ထို ပ.ကဖဦးဆောင်သော တော်လှန်ရေးအင်အားစုအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ အင်္ဂဘိုဆီအုန်းခြံ ဘန်ဂလိုတွင် နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့နံနက် ၆ နာီရ ၁၅ မိနစ်တွင် သွားရောက်ပစ်ခတ်ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိကြောင်း၊ ပူးပေါင်းအဖွဲ့က ထိခိုက်မှုမရှိကြောင်း Kyaikhto Revolution Force က သတင်းထုတ်ပြန်သည်။
အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ် (Tibual) ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်န ဝါရီလ ၄ ရက် ယနေ့နံနက် ၁၀ နာရီခန့်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF မှ ထောင်ထားသော မိုင်းနင်းမိပြီး အများအပြား ဒဏ်ရာရသွားကြောင်း CNDF က သတင်းထုတ်ပြန်သည်။
စစ်သား ၁ ဦး သည် ဒဏ်ရာပြင်းထန်ကာ သေဆုံးနိုင်ကြောင်း၊ မိုင်းနင်းမိပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ယနေ့ ညနေပိုင်းတွင် လူနာတင်ရန် သီးဘွာလ်စခန်းအနီးတဝိုက်တွင် စစ်ရဟတ်ယာဉ် ပျံဝဲနေကြောင်း CNDF က ဆိုသည်။ khit thit
မကွေးတိုင်း အတွင်း စစ်ကောင်စီက ရပ်ရွာလုံခြုံရေးအမည်ခံ တပ်ဖွဲ့များ ဖွဲ့ရန်ဟု ဆိုကာ လူသစ်စုဆောင်း၍ စစ်သင်တန်းပေးနေသည်ဟု ဒေသခံများက ပြောသည်။သရက်ခရိုင်၊ ကံမမြို့နယ်တွင် တပ်ထောက်ခံသည့် ကျေးရွာအချို့နှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မရှိသည့် ကျေးရွာများက ရွာသားများကို ပစ်မှတ်ထား စုဆောင်းနေပြီး သင်တန်းပြီးလျှင် လက်နက်တပါတည်း တပ်ဆင်ပေးမည်ဟု သိရ သည်။
“ကညင်တိုင်း၊ တောင်စကိုင်း၊ လဲလူကုန်း၊ ကံစု၊ ကိုင်းထောင့် အုပ်စုထဲမှာ လဲလူကုန်းရွာမပါဘူး။ လဲလူကုန်းမှာ တိမ်းရှောင်နေရသူ တချို့ရှိတဲ့အတွက် မယုံကြည်ဘူး။ ဒီကျေးရွာအုပ်စုက လူတွေကို အုပ်စုထဲက ရွာတရွာရဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ သင်တန်းပေးမယ်လို့ ကြားရတယ်” ဟု ကံမမြို့သား တစ်ဦး က ပြောသည်။
အဆိုပါ သင်တန်းအတွက် ကျေးအုပ်စုအတွင်းရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းတွင် ပြုလုပ်မည်ဟု သိရပြီး သင်တန်းသားများနှင့် သင်တန်းဆရာများ အတွက်ကို ကျေးရွာအလိုက် တာဝန်ယူပေးသွားရမည်ဟု သိရသည်။“တောင်ချောင်းဘက်က ပွတ်စုတို့ ညောင်ပင်ကွင်းလို တပ် ထောက်ခံတဲ့ ရွာအတော်များများမှာလည်း ဒီကိစ္စတွေ စ လုပ်နေပြီလို့ သိရတယ်။
ဘုန်းကြီးတချို့ကလည်း တပ်ထောက်ခံတယ်။ သူတို့က စားရေး နေရေး တာဝန်ယူ မယ်လို့ကြားတယ်” ဟု အသက် ၄၀ အရွယ်အရွယ် ဒေသခံတစ်ဦး က ပြောသည်။ကံမပြည်သူ အများစုသည် ဒီမိုကရေစီရေး လိုလားသူအများစုဖြစ်ပြီး ယခုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီး လက် နက်များ တပ်ဆင်ပေးခြင်းသည့် ပြည်သူအချင်းအချင်း ရန်တိုက်ပေးသည့် သဘောမျိုးဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
ကံမပြည်သူများအနေဖြင့် အဆိုပါ သင်တန်းပြီးနောက်ပိုင်း ဒေသအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိသည်ဟု သိရသည်။ mizzima
khit thit
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကမ်းလှမ်းနေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA လမ်းကြောင်းကို ပယ်ချကြရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရNUG က တိုက်တွန်းကြောင်း တရားဝင် သတင်းထုတ်ပြန် သည်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၂)ကို ယနေ့ဇန်နဝါရီလ ၄ ရက်နံနက် ၁၀ နာရီမှာကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်း အဝေးတွင် ယာယီသမ္မတကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တွေ့ဆုံဆွေးနွေးရေးဆိုသော စကားရပ်ကို ပြောဆိုလာကြောင်း၊ NCA လမ်းကြောင်းကို တိုင်းရင်းသားများလက်နက်ကိုင်များအားလုံးအနေဖြင့် ပယ်ချကြရန်လိုအပ်ကြောင်း ယာယီသမ္မတကြီးကပြောဆိုသည်။
“ယခုအချိန်မှာ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတို့က တွေ့ဆုံဆွေးနွေးရေးကို ပြောကြားလာတာ တွေ့ရကြောင်း၊ ရိုင်းစိုင်းပြီး တိုင်း ပြည် တစ်ခုလုံး ကုန်းကောက်စရာမရှိအောင် ဖျက်ဆီးနေတဲ့ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးဖို့ရန် အင်မတန် ခက် ခဲမှာဖြစ်ပါကြောင်း၊ မင်းအောင်လှိုင်တို့ ကမ်းလှမ်းတဲ့ တွေ့ဆုံဆွေးနွေးရေး NCA လမ်းကြောင်းကို ပယ်ချဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ပန်ကြားလိုကြောင်း၊ သွေးစွန်းသော စစ်ကောင်စီရဲ့ ဉာဏ်နီဉာဏ်နက်ကို မယုံကြဖို့ တိုက်တွန်းလိုပါကြောင်း” ယာယီသမ္မ တက ပြောဆိုသည်။
ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို လေ့လာပြီး လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် မြန်မာနိုင်ငံကို ကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်း တောင်းဆိုကြောင််း၊ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို ဖော်ဆောင်နိုင်ပေးနိုင်တဲ့ အမျိုးသားညီ ညွတ်ရေးအစိုးရကို အသိအမှတ်ပြုပြီး၊ မင်းအောင်လှိုင်နဲ့စစ်ကောင်စီကို အသိအမှတ်မပြုပဲ ဝိုင်းဝန်းဖယ်ကြဉ်ကြဖို့ ပြောကြားလိုကြောင်း သမ္မ တကြီးက ပြောဆိုသွားသည်။ khit thit
မန္တလေးမြို့မှ မိုးကုတ်မြို့ဘက်သို့ သွားနေသည့် စစ်ထရပ်ကားနှစ်စီးကို ယနေ့ (ဇန်နဝါရီ ၄) တွင် မိုင်းထောင်တိုက်ခိုက်ရာ ကားပေါ်တွင်ပါသည့် စစ်သားများ ဒဏ်ရာရ သေဆုံးနိုင်သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။
နံနက် ၁၀ နာရီခွဲခန့်အချိန် မတ္တရာ၊ ယက္ကန်းစင်တောင်ကျေးရွာအဝင်တွင် ပဒေသာမိုင်း ခေါ် အတန်းလိုက် ထောင်ထားသောမိုင်း ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု မတ္တရာ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ မတ္တရာနယ်ထဲမှာ စစ်ကောင်စီခြေလျင်စစ်ကြောင်းတွေ နယ်မြေရှင်းလင်းတာ သိပ်မရှိတော့တဲ့အတွက် ယာဉ်တန်းတွေကို မိုင်းဆွဲဖို့ စဉ်းစားပြီး အခုလိုလုပ်ဖြစ်တာ” ဟု မတ္တရာ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စကစတွေက တခြားဒေသတိုက်ပွဲတွေကြောင့် ထင်တယ်၊ ဒီဘက်မှာ နယ်မြေရှင်းလင်းရေးလုပ်တာ မရှိသလောက်ဖြစ်နေတယ်”
မတ္တရာ PDF က ဒီဇင်ဘာ ၁၉ တွင် ရုံးပင်ကျေးရွာရဲစခန်းကို တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာ ၂၁ တွင် PDF က ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။
မန္တလေးတိုင်း PDF နှင့်လည်း ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ အောက်တိုဘာ ၂၃ ရက်နေ့က မတ္တရာမြို့နယ်အတွင်း မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ လမ်းအသုံးပြုခကောက်ခံရေးဂိတ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ကာ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီကလည်း မတ္တရာမြို့နယ်အတွင်း အာဏာသိမ်းမှု ဆန့်ကျင်နေသူများကို ဖမ်းဆီးပြီး နှိပ်စက်နေရာ နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း အရပ်သား ၄ ဦး စစ်ကြောရေးတွင် သေဆုံးထားသည်။
အရပ်သားများကို ဖမ်းဆီးရန် သတင်းပေး ဒလန်လုပ်သူဟု ယူဆခံရသော လက်ဝဲကြီးကျေးရွာနေ အသက် ၅၀ ခန့်အရွယ် ဦးကြည်လင်းဆိုသူသည် ဇန်နဝါရီ ၂ ရက်နေ့က လက်ဖက်ရည်ဆိုင်၌ ပစ်သတ်ခံထားရသည်။
မန္တလေးတိုင်း၏ မြောက်ဘက်အစွန်တွင်ရှိနေသည့် မတ္တရာမြို့နယ်သည် ခုခံတော်လှန်ရေးစစ်ပွဲများ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်းနှင့် ထိစပ်လျက်ရှိနေပြီး စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေကြသည်။ myanmar now
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် ဇန်နဝါရီလ ၄ ရက် ယနေ့နံနက် ၆ နာရီဝန်းကျင်၌ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့နှင့် အကြမ်း ဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ (ဒေသပြည်သူ့စစ်)အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ် ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း၊ ပျူစောထီးများထံမှ သေနတ် ၁ လက်၊ ကျည်ဆံ ၂၀၀ ခန့်၊ လက်ပစ်ဗုံး ၁ လုံး ဆည်းသိမ်းရမိခဲ့ကြောင်း PDF-ပုလောက သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲတွင် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ၁ ဦး ကျဆုံးကာ ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။တိုက်ပွဲပြီးဆုံးချိန်တွင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ တပ်ဖွဲ့များသည် ကဒဲကျေးရွာရှိ အများပြည်သူနေအိမ်များကို ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း PDF-ပုလောက သတင်းထုတ်ပြန်သည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့နံနက်(၇)နာရီ ရေဦးမြို့နယ် ထွေအုပ်ရုံးခန်းမကို ရေဦးမြို့နယ်ဒေသ ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အလားတူ မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်အတွင်းရှိ စစ်ကောင် စီ ဒေါက်တိုင်များဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အပါအ၀င် နေရာ ၇ ခုကို ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ နံနက်အစော ပိုင်း အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ khit thit