ကျိုက်ထို အင်္ဂဘို ဆီအုန်းခြံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးသေ ၄ ဦး ဒဏ်ရာရ၊ ချင်းပြည်နယ် သီးဘွာလ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းနင်းမိပြီး အများအပြား ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆီအုန်းခြံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA နှင့် ပူးပေါင်းအဖွဲ့က ယနေ့နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

KNLA တပ်မဟာ ၁ နှင့် ကျိုက်ထို ပ.ကဖဦးဆောင်သော တော်လှန်ရေးအင်အားစုအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ အင်္ဂဘိုဆီအုန်းခြံ ဘန်ဂလိုတွင် နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့နံနက် ၆ နာီရ ၁၅ မိနစ်တွင် သွားရောက်ပစ်ခတ်ရာ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိကြောင်း၊ ပူးပေါင်းအဖွဲ့က ထိခိုက်မှုမရှိကြောင်း Kyaikhto Revolution Force က သတင်းထုတ်ပြန်သည်။

အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ် (Tibual) ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်န ဝါရီလ ၄ ရက် ယနေ့နံနက် ၁၀ နာရီခန့်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF မှ ထောင်ထားသော မိုင်းနင်းမိပြီး အများအပြား ဒဏ်ရာရသွားကြောင်း CNDF က သတင်းထုတ်ပြန်သည်။

စစ်သား ၁ ဦး သည် ဒဏ်ရာပြင်းထန်ကာ သေဆုံးနိုင်ကြောင်း၊ မိုင်းနင်းမိပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ယနေ့ ညနေပိုင်းတွင် လူနာတင်ရန် သီးဘွာလ်စခန်းအနီးတဝိုက်တွင် စစ်ရဟတ်ယာဉ် ပျံဝဲနေကြောင်း CNDF က ဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s