ဒီးမော့ဆို၊ သဲတောင်အနီးတဝိုက်တွင် KNDF က ယနေ့ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ



ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထူလွှီးဘီလာကျေးရွာအနီး သဲတောင်တဝိုက်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီ လ ၄ ရက် ယနေ့ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်ကောင်စီတပ်သားများ စွန့်လွှတ်သွားခဲ့သော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNDF တပ်ရင်း ၁၀ က သတင်းထုတ်ပြန်သည်။
ကရင်နီတပ်ဖွဲ့က နယ်မြေရှင်းလင်းစဉ် လက်နက်ကြီးကျည်အချို့၊ သေနတ်ကျည်ဆံအချို့၊ ခြင်းကျားများနှင့် စစ်ယူနီဖောင်း၊ စစ်ဦးထုပ်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ထူလွှီးဘီလာကျေးရွာအနီး သဲတောင်တွင် ဖရူဆိုဘက်မှ စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီတပ်မတော် KA၊ KNDFပူးပေါင်းတပ်ဖွဲ့ကြား ဇန်နဝါရီလ ၃ ရက် နံနက် ၁၀ နာရီခွဲမှ ည ၇ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၄ ဦးသေ ဆုံးကာ ၅ ဦး ဒဏ်ရာရရှိကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။ khit thit