ပုလောမြို့နယ်အတွင်း PDF-ပုလောနှင့် စစ်ကောင်စီဘက်တော်သား ပြည်သူ့ စစ်များ တိုက်ပွဲဖြစ်၊ပြည်သူ့စစ် ၁ ဦးသေဆုံးပြီး PDF ၁ ဦး ကျဆုံး၊ ရေဦးနှင့်ကံမတို့တွင်လည်း စစ်ကောင်စီရုံးများကို တိုက်ခိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် ဇန်နဝါရီလ ၄ ရက် ယနေ့နံနက် ၆ နာရီဝန်းကျင်၌ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့နှင့် အကြမ်း ဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ (ဒေသပြည်သူ့စစ်)အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ် ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း၊ ပျူစောထီးများထံမှ သေနတ် ၁ လက်၊ ကျည်ဆံ ၂၀၀ ခန့်၊ လက်ပစ်ဗုံး ၁ လုံး ဆည်းသိမ်းရမိခဲ့ကြောင်း PDF-ပုလောက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ၁ ဦး ကျဆုံးကာ ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။တိုက်ပွဲပြီးဆုံးချိန်တွင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ တပ်ဖွဲ့များသည် ကဒဲကျေးရွာရှိ အများပြည်သူနေအိမ်များကို ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း PDF-ပုလောက သတင်းထုတ်ပြန်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့နံနက်(၇)နာရီ ရေဦးမြို့နယ် ထွေအုပ်ရုံးခန်းမကို ရေဦးမြို့နယ်ဒေသ ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အလားတူ မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်အတွင်းရှိ စစ်ကောင် စီ ဒေါက်တိုင်များဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အပါအ၀င် နေရာ ၇ ခုကို ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့ နံနက်အစော ပိုင်း အချိန်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s