စစ်တပ်၏ ဦးပိုင်ကုမ္ပဏီက ၂၀၂၀-၂၀၂၁ ဘ ဏ္ဍာရေးနှစ် အမြတ်ငွေဝေစုများ စစ်သည် များထံ မပေးနိုင်တော့၍ တပ်တွင်း မကျေနပ်မှုများ အကြီးအကျယ်ဖြစ်ပေါ်၊ စစ်တပ် ပြိုကွဲရေးဦးတည်နေဟု CDM ဗိုလ်ကြီးညီသုတပြော

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်က ၂၀၂၀-၂၀၂၁ ဘဏ္ဍ ာရေးနှစ်အတွက် အမြတ်ငွေဝေစုများကို စစ်သည်များထံ ထုတ် ပေးနိုင်တော့ခြင်းမရှိသဖြင့် စစ်တပ်အတွင်း မကျေနပ်မှုများ အကြီးအကျယ် ဖြစ်ပေါ် လျက်ရှိကြောင်း တပ်တွင်း စစ်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ် ပြောကြား သည်။

ပုံမှန်အားဖြင့် စစ်တပ်တွင် အောက်ခြေစစ်သည်မှစတင်၍ ထိပ်ဆုံးခေါင်း ဆောင် အထိ ဦးပိုင်ကုမ္ပဏီတွင် ငွေကြေး မဖြစ်မနေ ထည့်ဝင် ရှယ် ယာဝင်ရပြီး နှစ်စဉ် အမြတ်ငွေဝေစုများ ထုတ်ပေးလေ့ရှိကြောင်း၊ ဘဏ္ဍရေး နှစ် တစ်နှစ်အတွက် တစ်နှစ် အမြတ်ငွေတစ်ကြိမ်ထုတ်ပေးလေ့ရှိပြီး ၂၀၂၀ခုနှစ် အောက် တိုဘာလမှ ၂၀၂၁ခုနှစ် စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်အတွက် အမြတ်ငွေဝေစုများ ထုတ်မပေးသဖြင့် တပ်တွင်း မကျေမနပ်ဖြစ်ပေါ်လျက်ရှိကြောင်း ရန်ကုန်အခြေစိုက် တပ် ရင်း တပ်ဖွဲ့မှ စစ်သည်တစ်ဦးက ပြောသည်။

“ဦးပိုင် အမြတ်ငွေဝေစုက ၂၀၂၁နှစ်၊စက်တင်ဘာလမှာ တစ်နှစ်ပြည့်သွားပေမယ့် အခု၂၀၂၂ခု နှစ်၊ဇန်နဝါရီလအထိဖြစ်နေပြီ။ ဘာသတင်းမှမကြားရသေး ပါ။ စစ်သည်တစ်ဦးချင်းရဲ့ ရှယ်ယာပိုင်ဆိုင်မှုစာရင်းသက်ဆိုင်ရာတပ်ရင်း/တပ် ဖွဲ့တွေမှာ အတည်ပြုမေးမြန်းပြီး အမြတ်ငွေဝေစုပြန်ထုတ်ပေးချိန်တန်နေပါပြီ။ အခု လုံးဝ သတင်းမရဘူး။ ကျနော်တို့ စစ်သည်တွေက နွံ့မျိုးစုံ‌နစ်နေပြီ။ အောက်ခြေ စစ်သည်တွေဆိုတာ ကိုယ် ထည့်ထားတဲ့ ရှယ်ယာအစု အပေါ်တစ်နှစ်ကို တစ်ကြိမ်တော့ အမြတ်ငွေ မျှော်လင့်ကြပါတယ်” ဟု စစ်သည်တစ်ဦးက ပြောသည်။ စစ်တပ်ရှိ စစ်သည်များမှ အရာရှိများအထိ ဦးပိုင်ကုမ္ပဏီတွင် အနည်းဆုံးငွေကျပ် ၃ သိန်းမှစတင်၍ ငွေကြေးထည့်ဝင်ရပြီး အရာရှိအဆင့်အထိ သိန်း ၃၀ အထိ ငွေကြေးထည့်ဝင်နိုင်ကြောင်း၊ ဦးပိုင်ကုမ္ပဏီထံသို့ ရှယ်ယာထည့်ဝင်ငွေ ငွေကျပ် ၁ သိန်းလျှင် အမြတ်ငွေ တစ်နှစ် ငွေကျပ် ၃ သောင်း ပေးလေ့ရှိကြောင်း သိရှိရသည်။

“ကျနော်တို့က အဓိက ကအမြတ်ရချင်တယ်။ ခံစားရတာတွေကတော့ မဆံ့တော့ ပါဘူး ၊ မညီမျှတာကလည်း ကမ္ဘကတောင်သိနေပြီပဲ။ ကျနော်တို့မှာ ဒါလေးပဲ မျှော်လင့်ရတာ” ဟု ရန်ကုန်အခြေစိုက် စစ်သည်က ပြောသည်။ ပြည်သူ့ဘက်တော်သား CDM ဗိုလ်ကြီး ညီသုတက စစ် တပ်ပိုင် လုပ်ငန်းများ သည် အရည်အသွေးပိုင်း ညံ့ဖျင်းပြီး ဆူလွယ် နပ်လွယ် အရက်၊ ဘီယာနှင့် သံယဇာတ တူးဖော်ရေးလုပ်ငန်းများတွင်သာ အဓိက ပုံအောင် ရင်းနှီးမြှုပ်နှံထားကြောင်း၊ အခြားသော စစ်တပ် ထုတ်ကုန်များမှာ အရည်အသွေးညံ့ဖျင်း သဖြင့် အရှုံးများကြောင်း၊ လက်ရှိတွင် ပြည်သူများက စစ်တပ်ထုတ်ကုန်များကို သပိတ် မှောက်ထား၍ ဝင်ငွေ မရှိဘဲ ဖြစ်နေကြောင်း သုံးသပ်သည်။

“ဦးပိုင် လုပ်ငန်းအများစုက အမြတ်ရလွယ်တဲ့ လုပ်ငန်း တွေအပေါ်မှာ ရင်းနှီးမြှုပ်နှံထားတာပေါ့။ ဥပမာဆိုပါစို့ သံယဇာတ ကျောက်မျက်တူးဖော်တဲ့လုပ်ငန်းတွေ၊ မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်းတွေ၊ အရက်၊ ဘီယာတွေ ဒီလိုဟာတွေအပေါ်မှာ အခြေခံထားတာများတယ်။ ထုတ်တဲ့ထုတ်ကုန်တွေအများစုက ရှုံးတာများတယ်။ အရည်အသွေးပိုင်းရော စီးပွားရေးအရရော မထိုးဖောက်နိုင်တဲ့ ထုတ်ကုန်တွေက အများကြီးပဲ။

အခုအချိန်မှာကျတော့ ပထမ ထိုးဖောက်ထားပြီးသားဖြစ်တဲ့ ထုတ်ကုန်တွေ။ မြန်မာဘီယာတို့ လို ဆေးလိပ်တွေက အစ အကုန် လုံးကို ကျနော်တို့ သုံးစွဲမှု မရှိသလောက်ဖြစ်သွားတယ်။ တချို့ဒေသတွေမှာ လုံး၀ကို အတင်သွင်းမခံတော့ဘူး။ ဒါတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးတာဝါတိုင်အချိုးခံရတယ်။ ဒါတွေကလည်း စစ်တပ်အတွက် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍမှာ အင်မတန် အထိနာတယ်။ နောက် တစ်ခုက တော့ သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ တိုင်းရင်းသားဒေသတွေမှာရှိနေတဲ့ ရတနာတူးဖော်ရေးလုပ်ငန်းလည်း ခြိမ်းခြောက်ခံလာရတဲ့အခါမှာ စစ်တပ်အနေနဲ့ ဝင်ငွေနည်း နေပုံရတယ်” ဟု CDM ဗိုလ်ကြီးညီသုတက ပြောသည်။

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အမြတ်ငွေဝေစုများ ထုတ်မပေးနိုင်ခြင်းသည် စစ်သားများနှင့် တပ်မိသားစုများ၏ စိတ်ဓာတ်ကျဆင်းစေရုံသာမက တပ်တွင်းပြိုကွဲမှုကိုပါ ဖြစ်စေလိမ့်မည်ဟု ပြောဆိုသည်။ ” ဒီလိုအမြတ်စုငွေ မထုတ်ပေးနိုင်ဘူးဆိုရင်တော့ စစ်သားတွေကတော့ အင် မတန်စိတ်ဆိုးမှာပဲ။ စစ်သားတွေက ဒီမိုကရေစီရခြင်းမရခြင်းကို အဲဒီလောက် စိတ်ဝင်စားကြတာမဟုတ်ဘူး။ ဦးပိုင် အမြတ်ဘယ်တော့ရမလဲ။ လစာ ဘယ် တော့ထုတ်ရမလဲ ဒီအပေါ်မှာ ပိုပြီးတော့ စိတ်ဝင်စားတာဖြစ်တယ်။

ဒီလို စစ် တပ်သည် စီးပွားရေးအရင်းအမြစ်တွေ မလုပ်နိုင်တော့ဘဲ ဝင်ငွေ မပေးနိုင်တော့ဘူးဆိုရင်တော့ တပ်တွင်းပြိုကွဲမှု အထိ သက်ရောက်သွားနိုင်တဲ့အထိကို အင်မ တန် ပြင်းထန်ကိစ္စ ဖြစ်လာပါလိမ့်မယ်” ဟု ဗိုလ်ကြီးညီသုတက ပြောသည်။ စစ်တပ်သည် ဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင် ကဲ့သို့သော ကုမ္ပကြီးများ ထူထောင်ကာ ဘဏ်လုပ်ငန်း၊ သယံဇာတတူးဖော်ရေးလုပ်ငန်း၊ အရက်နှင့်ဘီယာ၊ ဆေးလိပ်လုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ပြီး မြန်မာ့စီးပွားရေးလောကတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s