တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ၊ ဂဟဲကျေးရွာပြည်သူများ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် ဂဟဲကျေးရွာမှာ  ဇန်နဝါရီ ၄ ရက် မွန်းတည့် ၁၂ နာရီလောက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ် ရဟတ်ယာဉ်တစ်စီးက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် ဂဟဲကျေးရွာက ပြည်သူအများစု ထွက်ပြေးနေရပြီး နေအိမ်တစ်လုံးနဲ့ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရဟတ်ယာဉ်နဲ့ ဗုံးလာကြဲတာ ၈ လုံးလောက်ရှိတယ်။ ရွာကလူတွေလည်း ပြေးရတာပဲ။ ဘုန်းတော်ကြီးကျောင်းနဲ့ အိမ်တစ်လုံး ထိခိုက်ပျက်စီးသွားတယ်။ လူထိခိုက်တာ ရှိမရှိတော့ တိတိကျကျ မသိဘူးဗျ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အိမ်ခြေ ၇၀ လောက်ရှိတဲ့ ဂဟဲကျေးရွာဟာ အင်းတော်မြို့နဲ့ ထီးချိုင့်မြို့အကြားရှိပြီး စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲခဲ့တဲ့အတွက် ဒေ သခံပြည်သူအများစု ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s