ဒရုန်းနဲ့တပ်ဆင် တိုက်ခိုက်နိုင်တဲ့ UVA ဗုံးအ မြောက်အမြားထုတ်လုပ်နေပြီလို့ PSPTထုတ်ပြန်

ဒရုန်းနဲ့တပ်ဆင်ပြီး ဝေဟင်ကနေတိုက်ခိုက်နိင်တဲ့ UVA ဗုံးအမြောက်အများ ထုတ်လုပ်နေပြီလို့ CDM စစ်သားတွေနဲ့ အဓိကထားဖွဲ့စည်းထားတဲ့ People Soldiers’ Production Team (PSPT)က ဒီကနေ့ (ဇန်နဝါရီလ ၅ရက်)မှာ ထုတ်ပြန်ပါတယ်။PSPT အနေနဲ့ သက်ဆိုင်ရာဒေသကာကွယ်ရေးတပ်ဖွဲ့ LDF PDF တွေနဲ့ပူးပေါင်းဆောင်ရွက်နေပြီး ထုတ်လုပ်တဲ့ခဲယမ်းလက်နက်တွေကို LDF PDF တွေနဲ့ မြေအောက်ပျောက်ကြားတပ်ဖွဲ့တွေကို ထောက်ပံပေးသွားမှာလို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း ၊မန္တလေးတိုင်းအပါအဝင် နယ်မြေဒေသအသီးသီးက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ၊ PDFတွေနဲ့ မြေအောက်ပျောက်ကြားအဖွဲ့တွေအတွက် ရှေ့ထွက်မိုင်း ၊ ကားမိုင်းနဲ့ ပဒေသာမိုင်းတွေကို ထပ်ပြီးထုတ်လုပ်ထားတယ်လို့ဆိုပါတယ်။PSPT ရဲ့ စစ်လက်နက်ခဲယမ်းထုတ်လုပ်မှု့တွေကို CDM ဗိုလ်ကြီး ညီသုတက တာဝန်ယူဆောင်ရွက်နေတာလို့လည်း PSPTကဆိုပါတယ်။ khit thit